ထိန်ပင်အမှိုက်ပုံမီး သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည်
ရက်သတ္တပတ်ကျော် ကြာ လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံမီးငြှိမ်းသတ်ရန် နောက်ဆုံးစီမံချက်အဖြစ် မီးလောင်ပြင်ပ ဧရိယာကို ဇုန်လေးခုခွဲကာ သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးမီးသတ်ဦးစီးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြော သည်။
ဧပြီ ၂၉ ရက်တွင် မီးလောင် ပြင်ဧရိယာအတွင်းရှိ ဇုန်အေကို အပြီး ငြှိမ်းသတ်ပြီးနောက် ကျန်ဇုန်များကို နောက်သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည်ဟု ဦးမြင့်စိုး က ပြောသည်။