အပူလၽွပ္တယ္ဆိုတာ ေသေသခ်ာခ်ာဖတ္ၾကည့္ပါ
အပူလ်ွပ္တယ္ ဆိုရင္ ျမန္မာႏိုင္ငံမွာ လူအမ်ားစုက ေနပူထဲက ျပန္လာၿပီး ႐ုတ္တရက္ ေရခ်ိဳးလိုက္တာတို႔ ၊ မ်က္ႏွာသစ္လိုက္တာတို႔ လို႔ ထင္ေနၾကတယ္။ ႐ုတ္တရက္ သတိလစ္ အသက္႐ွဴရပ္သြားတယ္ေပါ့။
တကယ္တမ္းေတာ့ အဲ့ဒါဟာ
အပူလ်ွပ္တယ္ ဆိုတဲ့အထဲက အလြန္႐ွားပါးေသာ ျဖစ္ရပ္သာျဖစ္တယ္။
ပူရာေန ႐ုတ္တရက္ ေအးသြားတာေၾကာင့္ အေရျပား႐ွိေသြးေၾကာေတြရဲ႕ တုန္႔ျပန္မႈ ကေမာက္ကမျဖစ္သြားလို႔ ႏွလံုးခုန္ ရပ္သြားတာသာ ျဖစ္တယ္။ မၾကာဘူး စကၠန္႔ ပိုင္းအတြင္း ေသႏိုင္ပါတယ္။ သိနားလည္သူ႐ွိလို႔ အသက္ကယ္မယ္ဆိုရင္ ခ်က္ခ်င္း ျမန္ျမန္ ႏွလံုးခုန္ေအာင္ ျပန္လုပ္ႏိုင္ရင္ အသက္႐ွင္မွာပါပဲ။ အဂၤလိပ္လို Vagal Inhibition လို႔ ေခၚပါတယ္။
တကယ့္ Heat stroke အပူလ်ွပ္ျခင္း အစစ္ကေတာ့ ဒီလို မသက္သာပါဘူး။ ေဆးရံုမွာ အၾကာႀကီးခံရၿပီးမွ ေသဆံုးရတတ္တာမ်ိဳးျဖစ္ပါတယ္။ အပူလ်ွပ္ျခင္း အစစ္ကေတာ့ေရဓာတ္နဲ႔ ဓာတ္ဆားဓာတ္ ( အဖန္ဓာတ္ ၊ အငံဓာတ္) ေတြ ဆံုး႐ွံုးၿပီး မမ်ွတလို႔ ျဖစ္ရတာပါ။ ေႏြရာသီလို ပူတဲ့အခါ ပူတဲ့ လုပ္ငန္းလုပ္ရတဲ့အခါ ေခြၽးေတြအရမ္းထြက္ပါတယ္။ ဆားေတြပါ ပါသြားပါတယ္။ ဆားေတြမ်ားမ်ား ပါသြားေလေလ ေရက မငတ္ေတာ့ေလေလ ပါပဲ။ ေရက မေသာက္မိဘူး။ ပိုပို ဆိုးလာေတာ့တာေပါ့။ အစပိုင္းမွာ ခႏၶာကိုယ္က ျပန္ထိန္းေပးပါတယ္။ ဘယ္လိုထိန္းသလဲဆိုေတာ့ ဆီးသိပ္မသြားဘူး။ ဆီးအေနနဲ႔ထြက္ရမယ့္ ေရဓာတ္ကို ျပန္သိမ္းတယ္။ ဒီေတာ့ ဆီးအေရာင္ ရင့္လာပါတယ္။ ဒါ့ေၾကာင့္ ပူတဲ့အခါ ေရဆာဆာ မဆာဆာ ဆီးအေရာင္ရင့္ေနရင္ ေရမ်ားမ်ားေသာက္ရမယ္လို႔ ပညာ႐ွင္ေတြက လမ္းၫႊန္ပါတယ္။
ဒီလိုနဲ႔ ေရက မေသာက္မိေတာ့ ေခြၽးေတြ အလြန္ထြက္ၿပီး ေရနဲ႔ဆားေတြ ဆံုး႐ွံုးရေတာ့ လူဟာ အရမ္းႏြမ္းနယ္လာပါေတာ့တယ္။ အခုထိ ေခြၽးကေတာ့ ထြက္ျမဲပါပဲ။ ဒါကို Heat Exhaustion လို႔ ေခၚပါတယ္။
အပူလြန္၍ပင္ပန္းျခင္း ေပါ့။ ဒီအခ်ိန္မွာမွ ေရနဲ႔ဆား ျပန္ျဖည့္တဲ့ ဓာတ္ဆားရည္ေသာက္တာမ်ိဳး၊ ဓာတ္ဆားဓာတ္ျပည့္ေစတဲ့ အခ်ိဳရည္ေတြ ေသာက္တာမ်ိဳး မလုပ္ဘူးဆိုရင္ေတာ့ ခႏၶာကိုယ္က ေခြၽးေတာင္ မထြက္ႏိုင္ေတာ့ပါဘူး။ သူ႔ ၾကည့္လိုက္ရင္ ေျခာက္ေျခာက္ကပ္ကပ္ ပင္ပင္ပန္းပန္းနဲ႔ အသားကို ကိုင္ၾကည့္ရင္ မီးခဲလို ပူတယ္ေ ခြၽးက နည္းနည္း မွ မ႐ွိဘူး။ ဒါဆိုရင္ေတာ့ Heat stroke အပူလ်ွပ္သြားပါၿပီး ေဆးရံု ျမန္ျမန္ေျပးပါ။
( တခ်ိဳ႕ကေတာ့ Heat exhaustion အဆင့္မွာကတည္းက ေဆးရံု သြားျပခိုင္းတယ္) ေဆးရံုနဲ႔ေဝးရင္ ၊ ဒါမွမဟုတ္ ေဆးရံုမေရာက္ခင္ ဘာလုပ္ရမွာလဲ ဆိုေတာ့ အပူက်ေအာင္ လုပ္ရပါမယ္။ အဓိကမွတ္ထားရမွာ က အဖ်ားက်တဲ့ Paracetamol လို ေဆးမ်ိဳး ေပးဖို႔မသင့္ပါဘူး။ Organ Failure အတြင္းအဂၤါပ်က္စီးမႈ ပိုဆိုးေစလို႔လို႔ ဆိုပါတယ္။ ေရနဲ႔ဆား အရင္ျဖည့္ဖို႔ ဓာတ္ဆားရည္ အမ်ားႀကီးတိုက္ရပါမယ္။ သီးစံုဓာတ္ဆား မတိုက္သင့္ပါ။ Shark၊ကြၽဲ႐ိုင္း၊ ေကာ္ဖီ၊အရက္၊ burn၊ speed ၊ M150၊ Lippo အစ႐ွိတဲ့ လူကို လန္းဆန္းေစတဲ့ Stimulating Fluid ေတြ လံုးဝ မေသာက္သင့္ပါဘူး။ အပူလ်ွပ္ျခင္းကို ပိုမိုလြယ္ကူေစလို႔ပါ။
လူနာက သတိမေကာင္းေတာ့ဘူး ဆိုရင္ေတာ့ ေရခဲေသတၱာထဲ အေအးခံထားတဲ့ အငံ ပုလင္း NS ကို ေသြးေၾကာကေန ျမန္ျမန္ခ်ိတ္သြင္းရပါမယ္။ Rapid Cool NS infusion ။ အရင္ဆံုး အဝတ္ေတြ အကုန္ခြၽတ္သင့္ပါတယ္။ Air con ခန္းထဲေခၚရပါမယ္။ Air con ကို Dehumifying mode or Dry mode မွာ ထားၿပီး ဖြင့္ရင္ ပိုေကာင္းပါတယ္။ ေရေအးေအးနဲ႔ ေလာင္းခ် ေပးရပါမယ္။ ေရေႏြးေႏြးေလး ကို ေရေအး ငါးခါေလာင္းၿပီးတိုင္း တစ္ခါေလာင္းေပးရပါမယ္။ ေသြးေၾကာေတြ ပြင့္က်ယ္လာေအာင္ျဖစ္ပါတယ္။ တစ္ခု ထူးျခားတာက အပူလ်ွပ္ျခင္း ျဖစ္သြားရင္ေတာ့ ေဆးရံုမွာ ကုသေပမယ့္လည္း ၁၀၀မွာ ၂၀ေယာက္ေလာက္က ေသတာပါပဲတဲ့။
ဒီေတာ့ ႀကိဳတင္ကာကြယ္ျခင္းဟာ မ႐ွိမျဖစ္လိုအပ္တယ္။ ကာကြယ္တာလည္း မခက္ဘူး။ ဓာတ္ဆားရည္ ကို ကိုယ့္အလုပ္ေပၚမူတည္ၿပီး ေသာက္ေပးေနရံုပါပဲ။ ေသြးတိုးသမားေတြကေတာ့ ေရပဲ အဓိကေသာက္ရံုပါ။ အဝတ္ကို ေခ်ာင္ေခ်ာင္ပါးပါးဝတ္ရမွာျဖစ္ပါတယ္။ အရမ္းလည္း အပင္ပန္းမခံဖို႔ လိုပါေသးတယ္။
ဒီလိုဆိုရင္ အပူလ်ွပ္ဖို႔ မေၾကာက္ရေတာ့ပါဘူး။
Heat stroke
အပူလ်ွပ္ျခင္း အေၾကာင္း သိေကာင္းစရာ
ေက်ာင္းသားဘဝတုန္းက Short Noteအတြက္ ျပင္ဆင္ ထားတဲ့ စာေတြ ကို ျပန္လည္ေကာက္ႏုတ္ေဖာ္ျပတာပါ
မင္းေနလ်ံ
(Dr. မ်ိဳးသန္႔ႏိုင္-ေဆး မေကြး)
#HeatStroke
#အပူလ်ွပ္ျခင္း
#Health
#Knowledge
#HeatExhaustion
#Medicine
#Medical
#PublicHealthEducation
#က်န္းမာေရး
#ဗဟုသုတ
Credit to original
https://m.facebook.com/story.php?story_fbid=936602833183400&id=100005010755614
Unicode
အပူလျှပ်တယ်ဆိုတာ သေသေချာချာဖတ်ကြည့်ပါ
အပူလျှပ်တယ် ဆိုရင် မြန်မာနိုင်ငံမှာ လူအများစုက နေပူထဲက ပြန်လာပြီး ရုတ်တရက် ရေချိုးလိုက်တာတို့ ၊ မျက်နှာသစ်လိုက်တာတို့ လို့ ထင်နေကြတယ်။ ရုတ်တရက် သတိလစ် အသက်ရှူရပ်သွားတယ်ပေါ့။
တကယ်တမ်းတော့ အဲ့ဒါဟာ အပူလျှပ်တယ် ဆိုတဲ့အထဲက အလွန်ရှားပါးသော ဖြစ်ရပ်သာဖြစ်တယ်။
ပူရာနေ ရုတ်တရက် အေးသွားတာကြောင့် အရေပြားရှိသွေးကြောတွေရဲ့ တုန့်ပြန်မှု ကမောက်ကမဖြစ်သွားလို့ နှလုံးခုန် ရပ်သွားတာသာ ဖြစ်တယ်။ မကြာဘူး စက္ကန့် ပိုင်းအတွင်း သေနိုင်ပါတယ်။ သိနားလည်သူရှိလို့ အသက်ကယ်မယ်ဆိုရင် ချက်ချင်း မြန်မြန် နှလုံးခုန်အောင် ပြန်လုပ်နိုင်ရင် အသက်ရှင်မှာပါပဲ။ အင်္ဂလိပ်လို Vagal Inhibition လို့ ခေါ်ပါတယ်။
တကယ့် Heat stroke အပူလျှပ်ခြင်း အစစ်ကတော့ ဒီလို မသက်သာပါဘူး။ ဆေးရုံမှာ အကြာကြီးခံရပြီးမှ သေဆုံးရတတ်တာမျိုးဖြစ်ပါတယ်။ အပူလျှပ်ခြင်း အစစ်ကတော့ရေဓာတ်နဲ့ ဓာတ်ဆားဓာတ် ( အဖန်ဓာတ် ၊ အငံဓာတ်) တွေ ဆုံးရှုံးပြီး မမျှတလို့ ဖြစ်ရတာပါ။
နွေရာသီလို ပူတဲ့အခါ ပူတဲ့ လုပ်ငန်းလုပ်ရတဲ့အခါ ချွေးတွေအရမ်းထွက်ပါတယ်။ ဆားတွေပါ ပါသွားပါတယ်။ ဆားတွေများများ ပါသွားလေလေ ရေက မငတ်တော့လေလေ ပါပဲ။ ရေက မသောက်မိဘူး။
ပိုပို ဆိုးလာတော့တာပေါ့။ အစပိုင်းမှာ ခန္ဓာကိုယ်က ပြန်ထိန်းပေးပါတယ်။ ဘယ်လိုထိန်းသလဲဆိုတော့
ဆီးသိပ်မသွားဘူး။ ဆီးအနေနဲ့ထွက်ရမယ့် ရေဓာတ်ကို ပြန်သိမ်းတယ်။ ဒီတော့ ဆီးအရောင် ရင့်လာပါ တယ်။ ဒါ့ကြောင့် ပူတဲ့အခါ ရေဆာဆာ မဆာဆာ ဆီးအရောင်ရင့်နေရင် ရေများများသောက်ရမယ်လို့ ပညာရှင်တွေက လမ်းညွှန်ပါတယ်။
ဒီလိုနဲ့ ရေက မသောက်မိတော့ ချွေးတွေ အလွန်ထွက်ပြီး ရေနဲ့ဆားတွေ ဆုံးရှုံးရတော့ လူဟာ အရမ်းနွမ်းနယ်လာပါတော့တယ်။ အခုထိ ချွေးကတော့ ထွက်မြဲပါပဲ။ ဒါကို Heat Exhaustion လို့ ခေါ်ပါတယ်။
အပူလွန်၍ပင်ပန်းခြင်း ပေါ့။ ဒီအချိန်မှာမှ ရေနဲ့ဆား ပြန်ဖြည့်တဲ့ ဓာတ်ဆားရည်သောက်တာမျိုး၊ ဓာတ်ဆားဓာတ်ပြည့်စေတဲ့ အချိုရည်တွေ သောက်တာမျိုး မလုပ်ဘူးဆိုရင်တော့ ခန္ဓာကိုယ်က ချွေးတောင် မထွက်နိုင်တော့ပါဘူး။ သူ့ ကြည့်လိုက်ရင် ခြောက်ခြောက်ကပ်ကပ် ပင်ပင်ပန်းပန်းနဲ့ အသားကို ကိုင်ကြည့်ရင် မီးခဲလို ပူတယ် ချွေးက နည်းနည်း မှ မရှိဘူး။ ဒါဆိုရင်တော့ Heat stroke အပူလျှပ်သွားပါပြီး ဆေးရုံ မြန်မြန်ပြေးပါ။ ( တချို့ကတော့ Heat exhaustion အဆင့်မှာကတည်းက ဆေးရုံ သွားပြခိုင်းတယ်) ဆေးရုံနဲ့ဝေးရင် ၊ ဒါမှမဟုတ် ဆေးရုံမရောက်ခင် ဘာလုပ်ရမှာလဲ ဆိုတော့ အပူကျအောင် လုပ်ရပါမယ်။ အဓိကမှတ်ထားရမှာ က အဖျားကျတဲ့ Paracetamol လို ဆေးမျိုး ပေးဖို့မသင့်ပါဘူး။ Organ Failure အတွင်းအင်္ဂါပျက်စီးမှု ပိုဆိုးစေလို့လို့ ဆိုပါတယ်။ ရေနဲ့ဆား အရင်ဖြည့်ဖို့ ဓာတ်ဆားရည် အများကြီးတိုက်ရပါမယ်။ သီးစုံဓာတ်ဆား မတိုက်သင့်ပါ။ Shark၊ကျွဲရိုင်း၊ ကော်ဖီ၊အရက်၊ burn၊ speed ၊ M150၊ Lippo အစရှိတဲ့ လူကို လန်းဆန်းစေတဲ့ Stimulating Fluid တွေ လုံးဝ မသောက်သင့်ပါဘူး။ အပူလျှပ်ခြင်းကို ပိုမိုလွယ်ကူစေလို့ပါ။
လူနာက သတိမကောင်းတော့ဘူး ဆိုရင်တော့ ရေခဲသေတ္တာထဲ အအေးခံထားတဲ့ အငံ ပုလင်း NS ကို သွေးကြောကနေ မြန်မြန်ချိတ်သွင်းရပါမယ်။ Rapid Cool NS infusion ။ အရင်ဆုံး အဝတ်တွေ အကုန်ချွတ်သင့်ပါတယ်။ Air con ခန်းထဲခေါ်ရပါမယ်။ Air con ကို Dehumifying mode or Dry mode မှာ ထားပြီး ဖွင့်ရင် ပိုကောင်းပါတယ်။ ရေအေးအေးနဲ့ လောင်းချ ပေးရပါမယ်။ ရေနွေးနွေးလေး ကို ရေအေး ငါးခါလောင်းပြီးတိုင်း တစ်ခါလောင်းပေးရပါမယ်။ သွေးကြောတွေ ပွင့်ကျယ်လာအောင်ဖြစ်ပါတယ်။
တစ်ခု ထူးခြားတာက အပူလျှပ်ခြင်း ဖြစ်သွားရင်တော့ ဆေးရုံမှာ ကုသပေမယ့်လည်း ၁ဝဝမှာ ၂ဝယောက်လောက်က သေတာပါပဲတဲ့။
ဒီတော့ ကြိုတင်ကာကွယ်ခြင်းဟာ မရှိမဖြစ်လိုအပ်တယ်။ ကာကွယ်တာလည်း မခက်ဘူး။ ဓာတ်ဆားရည် ကို ကိုယ့်အလုပ်ပေါ်မူတည်ပြီး သောက်ပေးနေရုံပါပဲ။ သွေးတိုးသမားတွေကတော့ ရေပဲ အဓိကသောက်ရုံပါ။ အဝတ်ကို ချောင်ချောင်ပါးပါးဝတ်ရမှာဖြစ်ပါတယ်။ အရမ်းလည်း အပင်ပန်းမခံဖို့ လိုပါသေးတယ်။
ဒီလိုဆိုရင် အပူလျှပ်ဖို့ မကြောက်ရတော့ပါဘူး။
Heat stroke
အပူလျှပ်ခြင်း အကြောင်း သိကောင်းစရာ
ကျောင်းသားဘဝတုန်းက Short Noteအတွက် ပြင်ဆင် ထားတဲ့ စာတွေ ကို ပြန်လည်ကောက်နုတ်ဖော်ပြတာပါ
မင်းနေလျံ
(Dr. မျိုးသန့်နိုင်-ဆေး မကွေး)
#HeatStroke
#အပူလျှပ်ခြင်း
#Health
#Knowledge
#HeatExhaustion
#Medicine
#Medical
#PublicHealthEducation
#ကျန်းမာရေး
#ဗဟုသုတ
Credit to original
https://m.facebook.com/story.php?story_fbid=936602833183400&id=100005010755614
No comments:
Post a Comment