Monday, April 30, 2018

ထိန်ပင်အမှိုက်ပုံမီး သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည်

ထိန်ပင်အမှိုက်ပုံမီး သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည်


ရက်သတ္တပတ်ကျော် ကြာ လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံမီးငြှိမ်းသတ်ရန် နောက်ဆုံးစီမံချက်အဖြစ် မီးလောင်ပြင်ပ ဧရိယာကို ဇုန်လေးခုခွဲကာ သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးမီးသတ်ဦးစီးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြော သည်။
ဧပြီ ၂၉ ရက်တွင် မီးလောင် ပြင်ဧရိယာအတွင်းရှိ ဇုန်အေကို အပြီး ငြှိမ်းသတ်ပြီးနောက် ကျန်ဇုန်များကို နောက်သုံးရက်အတွင်း အပြီးငြှိမ်းသတ်မည်ဟု ဦးမြင့်စိုး က ပြောသည်။

ဧပြီ ၂၇ ရက်က စတင်၍ ထိန်ပင်အမှိုက်ပုံမီးကို ထိုင်းနိုင်ငံ မှ မှာယူထားသည့် Bio Foam ဆေးရည်ဖြင့် ငြှိမ်းသတ်ခဲ့သည်။
မီးငြှိမ်းသတ်ရာတွင် မီးသတ်ဦးစီးဌာနက အင်အား ၆၀၀ ကျော်၊စစ်သည်အင်အား ၁၅၀ ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၃၅၀ ကျော်၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အင် အား ၄၀၀ ကျော်နှင့် အခြားသက် ဆိုင်ရာ အဖွဲ့အစည်းများမှ အင် အားများအပါအဝင် စုစုပေါင်း လူအင်အား တစ်ထောင့်ရှစ်ရာကျော် ဖြင့်နေ့စဉ်မီးငြှိမ်းသတ်နေသည်။
Source: 7Day Daily
Unicode

ထိန်ပင်အမှိုက်ပုံမီး သုံးရက်အတွင်း အပြီးငြိှမ်းသတ်မည်

ရက်သတ္တပတ်ကျော် ကြာ လောင်ကျွမ်းနေသော ထိန်ပင်အမှိုက်ပုံမီးငြိှမ်းသတ်ရန် နောက်ဆုံးစီမံချက်အဖြစ် မီးလောင်ပြင်ပ ဧရိယာကို ဇုန်လေးခုခွဲကာ သုံးရက်အတွင်း အပြီးငြိှမ်းသတ်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးမီးသတ်ဦးစီးမှူးရုံး ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြော သည်။
ဧပြီ ၂၉ ရက်တွင် မီးလောင် ပြင်ဧရိယာအတွင်းရှိ ဇုန်အေကို အပြီး ငြိှမ်းသတ်ပြီးနောက် ကျန်ဇုန်များကို နောက်သုံးရက်အတွင်း အပြီးငြိှမ်းသတ်မည်ဟု ဦးမြင့်စိုး က ပြောသည်။
‘‘မီးက လုံးဝငြိမ်းနေပြီးသား။ အောက်က အငွေ့ထွက်တာကို လိုက်လုပ်နေရတာ။ အငွေ့က လည်း အများကြီးလျော့ကျသွား ပြီ။ ၇၅၊ ၈၀ ရာခိုင်နှုန်းလောက် အထိ အငွေ့က ကျသွားပြီ။ ငါတို့ ကတော့ Target ထားပြီးသား၊ နောက်သုံးရက်အတွင်းမှာ အငြိမ်း ဆိုပြီးတော့ Target ထားပြီးချနေတာ’’ဟု ၎င်းကပြောသည်။
လက်ရှိတွင် စွန့်ပစ်အမှိုက် များအားလုံးရောထွေးနေ၍ မီသိန်းဓာတ်ငွေ့များ မီးလောင်နေ သည့် အမှိုက်ပုံများအောက်၌ ကျန်နေသေးသော်လည်း လာမည့် မိုးတွင်းကာလအတွင်း အပူချိန် လျော့ကျပါက အဆိုပါအခြေအ နေများကို အတိုင်းအတာတစ်ခု အထိ ထိန်းသိမ်းနိုင်မည်ဖြစ် ကြောင်း ဦးမြင့်စိုးကပြောသည်။
ဧပြီ ၂၇ ရက်က စတင်၍ ထိန်ပင်အမှိုက်ပုံမီးကို ထိုင်းနိုင်ငံ မှ မှာယူထားသည့် Bio Foam ဆေးရည်ဖြင့် ငြိှမ်းသတ်ခဲ့သည်။
မီးလောင်မှုကြောင့် မီးခိုးမွှန် ခြင်းနှင့် ဆက်စပ်ရောဂါများ ကြောင့် လှိုင်သာယာပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ဆေးဝါးကုသသူ ဧပြီ၂၉ ရက်အထိ ၃၃ ဦးရှိသည်။၎င်းတို့ထဲမှ ဧပြီ ၂၈ ရက်အထိ လူနာ ၁၂ ဦးကို ဆေးရုံမှ ဆင်းခွင့်ပြုကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲ ပြောင်းကုသသည့် လူနာတစ်ဦး နှင့် ကျန်ရှိအတွင်းလူနာ ၂၀ ဦး၏ ကျန်းမာရေးအခြေအနေ သက် သာကောင်းမွန်နေသည်ဟု နိုင်ငံ ပိုင်သတင်းဌာနက ထုတ်ပြန်ထားသည်။
မီးငြိှမ်းသတ်ရာတွင် မီးသတ်ဦးစီးဌာနက အင်အား ၆၀၀ ကျော်၊စစ်သည်အင်အား ၁၅၀ ကျော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အင်အား ၃၅၀ ကျော်၊ ရန်ကုန်မြို့တော်စည် ပင်သာယာရေးကော်မတီက အင် အား ၄၀၀ ကျော်နှင့် အခြားသက် ဆိုင်ရာ အဖွဲ့အစည်းများမှ အင် အားများအပါအဝင် စုစုပေါင်း လူအင်အား တစ်ထောင့်ရှစ်ရာကျော် ဖြင့်နေ့စဉ်မီးငြိှမ်းသတ်နေသည်။
Source: 7Day Daily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ မှတ်သားဖွယ်ရာ မြန်မာစကားပုံများကို ဘော်ဒါတွေ လိမ္မာရေးခြားရှိစေဖို့ ပြန်မှ...