Tuesday, May 1, 2018

အလုပ္ကိုင္အခြင့္အလမ္း ႏွစ္သန္းနီးပါးဖန္တီးေပးမဲ့ ရန္ကုန္ျမိဳ႕ သစ္စီမံကိန္း လုပ္ငန္းဖြံ႕ျဖိဳးေရးဆိုင္ရာ ပဏာမစာခ်ဳပ္လက္ မွတ္ေရးထိုး

အလုပ္ကိုင္အခြင့္အလမ္း ႏွစ္သန္းနီးပါးဖန္တီးေပးမဲ့ ရန္ကုန္ျမိဳ႕
သစ္စီမံကိန္း လုပ္ငန္းဖြံ႕ျဖိဳးေရးဆိုင္ရာ ပဏာမစာခ်ဳပ္လက္
မွတ္ေရးထိုး 


ရန္ကုန္ျမိဳ႕သစ္ စီမံကိန္းလုပ္ငန္း ဖြံ႕ျဖိဳးေရးဆိုင္ရာ ပဏာမစာခ်ဳပ္ လက္မွတ္ေရးထိုးပြဲ အခမ္းအနားကို
ယေန႔မြန္းလြဲ ၃ နာရီတြင္ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕ရံုး၊ မဂၤလာခန္းမ၌ ျပဳလုပ္ခဲ့သည္။
အခမ္းအနားတြင္ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕၀န္ၾကီးခ်ဳပ္ဦးျဖိဳးမင္းသိန္းက အမွာစကားေျပာၾကားရာတြင္ ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ႀကီးႏွင့္ စီေလးလံုးကုမၸဏီ၏ ဥကၠ႒ႀကီးကိုယ္တိုင္ ျမန္မာႏိုင္ငံကို ေရာက္ရွိလာၿပီး ရန္ကုန္ၿမိဳ႕ သစ္စီမံကိန္း အေကာင္အထည္ေဖာ္ေရးအတြက္ အခုလို စိ္တ္ဝင္တစားႏွင့္
Framework Agreement သေဘာတူူညီခ်က္တစ္ရပ္ကို ေဆာင္ရြက္ႏိုင္တာ အလြန္အင္မတန္ ဝမ္းသာပီတိျဖစ္မိေၾကာင္း၊ ရန္ကုန္ၿမိဳ႕သစ္စီမံကိန္းကို အေကာင္အထည္ေဖာ္ ေဆာင္ရြက္ဖို႔အတြက္ ၿပီးခဲ့သည့္ အစိုးရ သက္တမ္းကာလမွာ စတင္ေဆာင္ရြက္ခဲ့ေၾကာင္း၊ ၿပီးခဲ့သည့္ ပထမအႀကိမ္လႊတ္ေတာ္ သက္တမ္းမွာဘဲ လႊတ္ေတာ္မွာ သေဘာတူညီခ်က္ ရရွိခဲ့ေၾကာင္း၊ လႊတ္ေတာ္ရဲ႕ သေဘာတူညီခ်က္ႏွင့္အညီ ဒီေနရာကို ၿမိဳ႕ျပစီမံကိန္းေဆာင္ရြက္ဖို႔ အတြက္ ျပည္ထဲေရးဝန္ႀကီး႒ာနဘက္ကေန ေျမလက္ေရာက္ရယူႏိုင္မႈႏွင့္ ေျမမူလပို္င္ဆိုင္သူေတြကို ေလ်ာ္ေၾကးေပးႏိုင္ဖုိ႔အတြက္ စီစဥ္ေဆာင္ရြက္ခဲ့ေၾကာင္း ေျပာၾကားခဲ့သည္။
ဆက္လက္ျပီး “ ဒီစီမံကိန္းဟာ တိုင္းျပည္ရဲ႕ စီးပြားေရးဖြံ႔ျဖိဳးတိုးတက္မႈကို အေထာက္အကူျပဳဖို႔ လိုအပ္သလို တစ္ဖက္ကလည္း အလုပ္အကိုင္အခြင့္အလမ္းေတြကို ဖန္တီးေပးႏိုင္ဖို႔အတြက္ ေမ်ွာ္မွန္းပါတယ္။
ဒါ့အျပင္ အေျခခံျပည္သူလူထုေတြအတြက္ အခြင့္အလမ္းေပါင္းမ်ားစြာကို ရမယ့္ စီမံကိန္းတစ္ခု အျဖစ္နဲ႔ ေမ်ွာ္မွန္းထားပါတယ္။ ဒီစီမံကိန္းကို ေဆာင္ရြက္ျခင္းအားျဖင့္ တရုတ္ ျမန္မာနွစ္ႏိုင္ငံရဲ႕ ခ်စ္ႀကည္ရင္းႏွီး
မႈကိုလည္း ေဖာ္ေဆာင္ႏိုင္ျပီး ဒီစီမံကိန္းဟာ ျပည္သူလူထုရဲ႕ ေထာက္ခံမႈကို ရရွိဖို႔ ေမ်ွာ္မွန္းထားပါတယ္။ ဒါေႀကာင့္ ျမိဳ႕သစ္ႀကီးတစ္ခုလံုးကို ေလ့လာဆန္းစစ္မႈတစ္ခု ျပဳလုပ္ဖို႔ CCCCကုမၸဏီနဲ႔ လက္မွတ္ေရးထိုးႀကဖို႔ ျဖစ္ပါတယ္။ျမိဳ႕သစ္စီမံကိန္းကို ေျမျပင္အေျခအေနေပၚမွာ မူတည္ျပီး ေလ့လာဆန္းစစ္မႈေတြကို ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္။ ဒီေလ့လာဆန္းစစ္မႈကိုျမန္မာဘက္ကေနျပီးေတာ့ New Yangon Development
ကုမၸဏီကေနျပီးေတာ့ တာဝန္ယူျပီး C ေလးလံုးကုမၸဏီနဲ႔ ေျမျပင္ကိုေလ့လာဆန္းစစ္မႈေတြ ေဆာင္ရြက္သြားမွာ ျဖစ္ပါတယ္”ဟု ၀န္ၾကီးခ်ဳပ္က ေျပာၾကားခဲ့သည္။ထို႔ေနာက္ CCCC ဥကၠဌ Mr. Chen Fenjian က ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံရံုးတို႔၏ ဂရုစိုက္မွု၊ လမ္းညႊန္မွုေအာက္တြ​င္ CCCC ကုမၸဏီကျမန္မာႏိုင္ငံ၏ စီးပြားေရး၊ႏိုင္ငံေရး၊လူမွုေရးတို႔ အတြက္အေရးပါသည့္ စီမံကိန္းတစ္ခုကို ပူးေပါင္းပါ၀င္ေဆာင္ရြက္ခြင့္ရသည့္ အတြက္ အရမ္းဂုဏ္ယူမိေၾကာင္း၊CCCC ဟာကမၻာတတိယ ႏိုင္ငံတကာ ေဆာက္လုပ္ေရး ကုမၸဏီျဖစ္ျပီးႏိုင္ငံေပါင္း ၁၄၈ ႏိုင္ငံ၏ ေဒသမွာ ရံုးခြဲေပါင္း ၂၃၇ခုရွိေၾကာင္း
၊ ႏိုင္ငံတကာ အေတြ႕အၾကံဳမ်ားရွိေၾကာင္း ေျပာၾကားခဲ့သည္။ထို႔ေနာက္ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕ လွ်ပ္စစ္၊စက္မွုလက္မွုႏွင့္လမ္းပန္းဆက္သြယ္ေရး၀န္ၾကီး ၊YNDCဥကၠဌ ေဒၚနီလာေက်ာ္၊ဒုတိယဥကၠဌ ဦးသိမ္းေ၀ႏွင့္ CCCCဥကၠဌ Mr. Chen Fenjianႏွင့္ဒုတိယဥကၠဌ တို႔က
ရန္ကုန္ျမိဳ႕သစ္ စီမံကိန္းလုပ္ငန္း ဖြံ႕ျဖိဳးေရးဆိုင္ရာပဏာမစာခ်ဳပ္ကို လက္မွတ္ေရးထိုးခဲ့ၾကသည္။လက္မွတ္ေရးထိုးပြဲအခမ္းအနားသို႔ ရန္ကုန္တိုင္းေဒသၾကီးအစိုးရအဖြဲ႕ ၀န္ၾကီးခ်ဳပ္ ဦးျဖိဳးမင္းသိန္း၊ ျမန္မာႏိုင္ငံဆိုင္ရာ တရုတ္သံအမတ္ၾကီး H.E. Mr.Hong liang ၊ လံုျခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ၾကီး ဗိုလ္မွဴးၾကီးေအာင္စိုးမိုး၊ စီမံကိန္းႏွင့္ဘ႑ာေရး၀န္ၾကီး ဦးျမင့္ေသာင္း၊ စိုးပ်ဳိးေရး၊ေမြးျမဴေရး၊သစ္ေတာႏွင့္စြမ္းအင္၀န္ၾကီး ဦဟံထြန္း၊လွ်ပ္စစ္၊စက္မွုလက္မွုႏွင့္လမ္းပန္းဆက္သြယ္ေရး၀န္ၾကီးေဒၚနီလာေက်ာ္ ၊ရန္ကုန္ျမိဳ႕ေတာ္၀န္ဦးေမာင္ေမာင္စိုး၊လူမွုေရး၀န္ၾကီး ဦးႏိုင္ငံလင္း၊ ကရင္တိုင္းရင္းသားလူမ်ဳိးေရးရာ၀န္ၾကီး ေဒၚေနာ္ပန္းသဥၹာမ်ဳိး၊ရခိုင္တိုင္းရင္းသား လူမ်ဳိးေရးရာ၀န္ၾကီး ဦးေဇာ္ေအးေမာင္ႏွင့္ရန္ကုန္ျမိဳ႕သစ္ဖြံ႕ျဖိဳးေရးေကာ္မတီအဖြဲ႕၀င္မ်ား
တက္ေရာက္ခဲ့ၾကသည္။
YRG Info;

ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုး

ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အမှာစကားပြောကြားရာတွင်
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးနှင့် စီလေးလုံးကုမ္ပဏီ၏ ဥက္ကဋ္ဌကြီးကိုယ်တိုင် မြန်မာနိုင်ငံကို ရောက်ရှိလာပြီး ရန်ကုန်မြို့ သစ်စီမံကိန်း အကောင်အထည်ဖော်ရေးအတွက် အခုလို စိတ်ဝင်တစားနှင့် Framework Agreement သဘောတူူညီချက်တစ်ရပ်ကို ဆောင်ရွက်နိုင်တာ အလွန်အင်မတန် ဝမ်းသာပီတိဖြစ်မိကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ အတွက် ပြီးခဲ့သည့် အစိုးရ သက်တမ်းကာလမှာ စတင်ဆောင်ရွက်ခဲ့ကြောင်း၊ ပြီးခဲ့သည့် ပထမအကြိမ် လွှတ်တော် သက်တမ်းမှာဘဲ လွှတ်တော်မှာ သဘောတူညီချက်ရရှိခဲ့ကြောင်း၊ လွှတ်တော်ရဲ့ သဘောတူညီချက်နှင့် အညီ ဒီနေရာကို မြို့ပြစီမံကိန်းဆောင်ရွက်ဖို့ အတွက် ပြည်ထဲရေးဝန်ကြီးဋ္ဌာနဘက်ကနေ မြေလက်ရောက်ရယူနိုင်မှုနှင့် မြေမူလပိုင်ဆိုင်သူတွေကို လျော်ကြေးပေးနိုင်ဖို့ အတွက် စီစဉ်ဆောင်ရွက်ခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆက်လက်ပြီး “ ဒီစီမံကိန်းဟာ တိုင်းပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုဖို့ လိုအပ်သလို တစ်ဖက်ကလည်း အလုပ်အကိုင်အခွင့်အလမ်းတွေကို ဖန်တီးပေးနိုင်ဖို့အတွက် မျှော်မှန်းပါတယ်။ ဒါ့အပြင် အခြေခံပြည်သူလူထုတွေအတွက် အခွင့်အလမ်းပေါင်းများစွာကို ရမယ့် စီမံကိန်းတစ်ခု အဖြစ်နဲ့ မျှော်မှန်းထားပါတယ်။ ဒီစီမံကိန်းကို ဆောင်ရွက်ခြင်းအားဖြင့် တရုတ် မြန်မာနှစ်နိုင်ငံရဲ့ ချစ်ကြည်ရင်းနှီးမှုကိုလည်း ဖော်ဆောင်နိုင်ပြီး ဒီစီမံကိန်းဟာ ပြည်သူလူထုရဲ့ထောက်ခံမှုကို ရရှိဖို့ မျှော်မှန်းထားပါတယ်။ ဒါကြောင့် မြို့သစ်ကြီးတစ်ခုလုံးကို လေ့လာဆန်းစစ်မှုတစ်ခု ပြုလုပ်ဖို့ CCCC ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးကြဖို့ ဖြစ်ပါတယ်။ မြို့သစ်စီမံကိန်းကို မြေပြင်အခြေအနေပေါ်မှာ မူတည်ပြီး လေ့လာဆန်းစစ်မှုတွေကို ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလေ့လာဆန်းစစ်မှုကို မြန်မာဘက်ကနေပြီးတော့ New Yangon Development ကုမ္ပဏီကနေပြီးတော့ တာဝန်ယူပြီး C လေးလုံးကုမ္ပဏီနဲ့ မြေပြင်ကိုလေ့လာဆန်းစစ်မှုတွေ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ထို့နောက် CCCC ဥက္ကဌ Mr. Chen Fenjian က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့၏ဂရုစိုက်မှု၊ လမ်းညွှန်မှုအောင်တွင် CCCC ကုမ္ပဏီက မြန်မာနိုင်ငံ၏ စီးပွားရေး၊နိုင်ငံရေး၊လူမှုရေးတို့ အတွက် အရေးပါသည့် စီမံကိန်းတစ်ခုကို ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရသည့် အတွက် အရမ်းဂုဏ်ယူမိကြောင်း၊CCCC ဟာ ကမ္ဘာတတိယ နိုင်ငံတကာ ဆောက်လုပ်ရေး ကုမ္ပဏီဖြစ်ပြီး နိုင်ငံပေါင်း ၁၄၈ နိုင်ငံ၏ ဒေသမှာ ရုံးခွဲပေါင်း ၂၃၇ခုရှိကြောင်း၊ နိုင်ငံတကာ အတွေ့အကြုံများရှိကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ၊YNDC ဥက္ကဌ ဒေါ်နီလာကျော်၊ဒုတိယဥက္ကဌ ဦးသိမ်းဝေနှင့် CCCC ဥက္ကဌ Mr. Chen Fenjianနှင့်ဒုတိယဥက္ကဌ တို့က ရန်ကုန်မြို့သစ် စီမံကိန်းလုပ်ငန်း ဖွံ့ဖြိုးရေးဆိုင်ရာ ပဏာမစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး H.E. Mr.Hong liang ၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်စိုးမိုး၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း၊ စိုးပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်စွမ်းအင်ဝန်ကြီး ဦဟံထွန်း၊ လျှပ်စစ်၊စက်မှုလက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော် ၊ရန်ကုန်မြို့တော်ဝန်ဦးမောင်မောင်စိုး၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဒေါ်နော်ပန်းသဉ္ဖာမျိုး၊ရခိုင်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးဇော်အေးမောင်နှင့် ရန်ကုန်မြို့သစ်ဖွံ့ဖြိုးရေးကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
YRG Info;

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...