ေရႊ၀ယ္မည္ဆုိလၽွင္ သတိထားနိဳင္ေစရန္ မၽွေ၀ေပးလိုက္ပါတယ္

ေရႊထည္ ပစၥည္းသေဘာက်လို႕ တြက္ခိုင္းလိုက္တဲ့အခါ အေလ်ာ့တြက္လက္ခ ေပါင္းျပီးသားအျပင္ သုံးေသာင္းေက်ာ္ေလာက္ ပိုေနတယ္။
{( ဥပမာဆိုပါေတာ့ဗ်ာ
ေရႊက ရွစ္သိန္းေစ်း
ပစၥည္းကအေလးခ်ိန္က ငါးေရြးတစ္စိတ္
အေလ်ာ့တြက္ လက္ခက ႏွစ္ေရြးသုံးစိတ္
စုစုေပါင္းရွစ္ေရြး ( တစ္ပဲသားျဖစ္သြားျပီ))}
ဒါဆိုရင္
ရွစ္သိန္းေစ်းနဲ႕တစ္ပဲသား ကို တြက္တဲ့အခါ ၅၀၀၀၀ိ/ ပဲက်တယ္။
ဒါေပမယ့္ အဲဒီဆိုင္က ရွစ္ေသာင္းေက်ာ္ေက်ာ္ေတာင္းတယ္။
သုံးေသာင္းပိုေနလို႕ ေမးေတာ့ ဘာမွ မေျပာတတ္ဘူး။
ကိုယ္ဝယ္တဲ့ ပစၥည္းအတြက္ က်သင့္ေငြနဲ႕ ေပးရမယ့္ေငြဟာ
ဘာေၾကာင့္ကြာတာလဲ ေမးတာ။
ဒါေတြဟာ ဘာေၾကာင့္လဲ ဆိုေတာ့ လူအမ်ားစုဟာ ေရႊကိုပဲ ဝယ္ၾကတယ္။စနစ္တက် မတြက္တတ္ၾကဘူးဆိုတာရယ္…
ေရႊခ်ိန္အေၾကာင္းေသခ်ာနားမလည္ဘူးဆိုတာရယ္ေၾကာင့္ပဲ
ကြ်န္ေတာ္ တြက္တဲ့ နည္းစနစ္ကို ေဝမွ် လိုက္ပါတယ္။
ေရႊ တစ္က်ပ္သား = ၁၆ ပဲ
တစ္ပဲသား = ၈ ေရြး
ဒါ့ေၾကာင့္ တစ္က်ပ္သား ၁၂၈ ေရြး ရွိတယ္။
ဒါက ဆိုင္ေတြမွာ ေရးတဲ့ပုံစံပါ။
- ၁ိ = တစ္က်ပ္သား
- ၅ ဲ = ငါးပဲ
၇ ဲ = ခုနစ္ပဲ လို႕ေရးတယ္။
( ေလးပဲကို တစ္မတ္သား )
( ရွစ္ပဲကို ငါးမူးသား )
( ဆယ့္ႏွစ္ပဲကို သုံးမတ္သား ) အဲလိုေခၚတယ္။ - ၁ ြ = တစ္ေရြး
၄ ြ = ေလးေရြး - အဲဒီေရြးရဲ႕ေနာက္မွာ အပိုင္းကိန္းပုံစံနဲ႕
၁/၂
၁/၃
၃/၄ ဆို ေရးထားတာေတြလဲ ေတြ႕ဖူးမယ္ေပါ့ဗ်ာ။ ဒါေတြက ေရြးတစ္ေရြးရဲ႕ အစိတ္အပိုင္းကို ေဖာ္ျပထားတာပါ။
၁/၂ လို႕ေရးထားရင္ တစ္ေရြးရဲ႕(တစ္ျခမ္း) တစ္ဝက္
၁/၄ လို႕ပါရင္ တစ္ေရြးရဲ႕ ေလးပုံတစ္ပုံ
၃/၄ လိုပါရင္ တစ္ေရြးရဲ႕ ေလးပုံသုံးပုံ အစြန္ထြက္ အေလးခ်ိန္ရွိတယ္။
ဒီလိုေျပာထားတာ။
ဖုန္းပါရင္ေတာ့ အဆင္ေျပတယ္။
အေထြအထူး မလိုဘူးေပါ့။
လက္ရွိေရႊေစ်းကို ၁၂၈ နဲ႕စားလိုက္။
ဒါဆို တစ္ေရြးရဲ႕ တန္ဖိုးရျပီ။
ကိုယ္ ဝယ္မယ့္ ပစၥည္းရဲ႕ အေလးခ်ိန္နဲ႕ ေဘာက္ခ်ာမွာပါတဲ့ အေလ်ာ့တြက္လက္ကို ေပါင္းလိုက္ျပီး ေရြးဖြဲ႕လိုက္။
ျပီးရင္ ခုန တစ္ေရြးတန္ဖိုးနဲ႕ေျမွာက္။
အဲဒါ ကိုယ္ေပးရမယ့္ေငြ ပမာဏပဲ။
ဥပမာ
ေရႊေစ်းက ရွစ္သိန္းေလးေသာင္း ဝယ္မွာက
သုံးပဲ ေျခာက္ေရြး အေလးခ်ိန္ ပစၥည္းတစ္ခု ( ၃ဲ ၆ြ )
ကိုယ္ေပးရမယ့္ အေလ်ာ့တြက္က တစ္ပဲ သုံးေရြး ( ၁ဲ ၃ ြ )ဆိုပါေတာ့။
- 840 000÷ 128 = 6562.5 က်ပ္
(ေျခာက္ေထာင့္ငါးရာေျခာက္ဆယ့္ႏွစ္က်ပ္ ငါးဆယ္ျပား)
( ဒါဟာ ေရြးတစ္ေရြးရဲ႕ တန္ဖိုး) - ၃ ဲ ၆ ြ+ ၁ ဲ ၃ ြ= ၅ ဲ ၁ ြ
( တစ္ပဲမွာ ရွစ္ေရြးပဲရွိတယ္။ အခု ကိုးေရြးျဖစ္ေနလို႕ ငါးပဲ တစ္ေရြး ျဖစ္သြားပါတယ္။ )
အခု ငါးပဲ တစ္ေရြးကို ပဲ ဖြဲ႕ပါ့မယ္။
( ၅ × ၈ ) + ၁ =၄၁ ြ
အေပၚမွာ ရထားတဲ့ တစ္ေရြးတန္ဖိုးနဲ႕ေျမွာက္ပါ။
- 6562.5 ×41 = 269062.5
( ႏွစ္သိန္းေျခာက္ေသာင္းကိုးေထာင္ေျခာက္ဆယ့္ႏွစ္က်ပ္ ငါးဆယ္ျပား )
( ႏွစ္သိန္းခုနစ္ေသာင္းဆုိလဲ ကိုယ္က ဒီဟာေလးမွ သေဘာက်တယ္ဆိုလဲ မျငင္းနဲ႕ေတာ့ေပါဗ်ာ )
အကယ္၍ ပိုေနလွ်င္ မည္သည္ေၾကာင့္လဲဆိုတာကေတာ့ >>>>>
(ေအာ္ ေျပာရဦးမယ္ ဆိုင္က ငါ့ကို ျပန္ေပးလိုက္တာ ဘယ္လိုအကၤ် ီေလး
ဘယ္ပါတိတ္ေလး ေပးလိုက္တာ ဝမ္းသာမေနနဲ႕။ အဲဒါေတြအားလုံးအတြက္ အေလ်ာ့တြက္လက္ခဆိုတာမွာ ပါျပီးသား)
လက္ရွိ ေရးသားထားေသာ တြက္သည့္ပုံစံမွာ မည္သည့္ေရႊထည္ပစၥည္း အခ်ိန္မဆုိ တြင္ယူႏိုင္ပါသည္။ အထူးသျဖင့္ ယခု ေရးသားထားေသာ အေလးခ်ိန္ပမာဏ အတြက္သည္ ရန္ကုန္ ပဲခူး အစရွိေသာ ေနရာေဒသမ်ားတြင္ တြက္သည့္ ပုံစံျဖစ္ျပီး
မႏၲေလးတိုင္းဘက္တြင္မူ ေရႊတစ္က်ပ္သားတြင္ ၁၆ ပဲရည္ဟုသတ္မွတ္ေသာ္လဲ တစ္ပဲ တြင္ ခုနစ္ေရြးခြဲ ျဖင့္ သတ္မွတ္ေသာေၾကာင့္ တစ္က်ပ္သားတြင္ ၁၂၀ ေရြးသာ ရွိသည္။
Credit to ပညာ ပညာဒီပ
Lin Lin(မအူပင္)
Unicode
ရွှေဝယ်မည်ဆိုလျှင် သတိထားနိုင်စေရန် မျှဝေပေးလိုက်ပါတယ်
ညနေက ရွှေဆိုင်တစ်ဆိုင်(အမည်မပြောလိုပါ) ခဏဝင်လိုက်တယ်။
ရွှေထည် ပစ္စည်းသဘောကျလို့ တွက်ခိုင်းလိုက်တဲ့အခါ အလျော့တွက်လက်ခ ပေါင်းပြီးသားအပြင် သုံးသောင်းကျော်လောက် ပိုနေတယ်။
{( ဥပမာဆိုပါတော့ဗျာ
ရွှေက ရှစ်သိန်းစျေး
ပစ္စည်းကအလေးချိန်က ငါးရွေးတစ်စိတ်
အလျော့တွက် လက်ခက နှစ်ရွေးသုံးစိတ်
စုစုပေါင်းရှစ်ရွေး ( တစ်ပဲသားဖြစ်သွားပြီ))}
ဒါဆိုရင်
ရှစ်သိန်းစျေးနဲ့တစ်ပဲသား ကို တွက်တဲ့အခါ ၅၀၀၀၀ိ/ ပဲကျတယ်။
ဒါပေမယ့် အဲဒီဆိုင်က ရှစ်သောင်းကျော်ကျော်တောင်းတယ်။
သုံးသောင်းပိုနေလို့ မေးတော့ ဘာမှ မပြောတတ်ဘူး။
ကိုယ်ဝယ်တဲ့ ပစ္စည်းအတွက် ကျသင့်ငွေနဲ့ ပေးရမယ့်ငွေဟာ
ဘာကြောင့်ကွာတာလဲ မေးတာ။
ဒါတွေဟာ ဘာကြောင့်လဲ ဆိုတော့ လူအများစုဟာ ရွှေကိုပဲ ဝယ်ကြတယ်။စနစ်တကျ မတွက်တတ်ကြဘူးဆိုတာရယ်…
ရွှေချိန်အကြောင်းသေချာနားမလည်ဘူးဆိုတာရယ်ကြောင့်ပဲ
ကျွန်တော် တွက်တဲ့ နည်းစနစ်ကို ဝေမျှ လိုက်ပါတယ်။
ရွှေ တစ်ကျပ်သား = ၁၆ ပဲ
တစ်ပဲသား = ၈ ရွေး
ဒါ့ကြောင့် တစ်ကျပ်သား ၁၂၈ ရွေး ရှိတယ်။
ဒါက ဆိုင်တွေမှာ ရေးတဲ့ပုံစံပါ။
၁ိ = တစ်ကျပ်သား
၅ ဲ = ငါးပဲ
၇ ဲ = ခုနစ်ပဲ လို့ရေးတယ်။
( လေးပဲကို တစ်မတ်သား )
( ရှစ်ပဲကို ငါးမူးသား )
( ဆယ့်နှစ်ပဲကို သုံးမတ်သား ) အဲလိုခေါ်တယ်။
၁ ွ = တစ်ရွေး
၄ ွ = လေးရွေး
အဲဒီရွေးရဲ့နောက်မှာ အပိုင်းကိန်းပုံစံနဲ့
၁/၂
၁/၃
၃/၄ ဆို ရေးထားတာတွေလဲ တွေ့ဖူးမယ်ပေါ့ဗျာ။ ဒါတွေက ရွေးတစ်ရွေးရဲ့ အစိတ်အပိုင်းကို ဖော်ပြထားတာပါ။
၁/၂ လို့ရေးထားရင် တစ်ရွေးရဲ့(တစ်ခြမ်း) တစ်ဝက်
၁/၄ လို့ပါရင် တစ်ရွေးရဲ့ လေးပုံတစ်ပုံ
၃/၄ လိုပါရင် တစ်ရွေးရဲ့ လေးပုံသုံးပုံ အစွန်ထွက် အလေးချိန်ရှိတယ်။
ဒီလိုပြောထားတာ။
ရွှေဝယ်တော့မယ်ဆိုရင် ဂဏန်းပေါင်းစက်သာဆောင်သွား။
ဖုန်းပါရင်တော့ အဆင်ပြေတယ်။
အထွေအထူး မလိုဘူးပေါ့။
လက်ရှိရွှေစျေးကို ၁၂၈ နဲ့စားလိုက်။
ဒါဆို တစ်ရွေးရဲ့ တန်ဖိုးရပြီ။
ကိုယ် ဝယ်မယ့် ပစ္စည်းရဲ့ အလေးချိန်နဲ့ ဘောက်ချာမှာပါတဲ့ အလျော့တွက်လက်ကို ပေါင်းလိုက်ပြီး ရွေးဖွဲ့လိုက်။
ပြီးရင် ခုန တစ်ရွေးတန်ဖိုးနဲ့မြှောက်။
အဲဒါ ကိုယ်ပေးရမယ့်ငွေ ပမာဏပဲ။
ဥပမာ
ရွှေစျေးက ရှစ်သိန်းလေးသောင်း ဝယ်မှာက
သုံးပဲ ခြောက်ရွေး အလေးချိန် ပစ္စည်းတစ်ခု ( ၃ဲ ၆ွ )
ကိုယ်ပေးရမယ့် အလျော့တွက်က တစ်ပဲ သုံးရွေး ( ၁ဲ ၃ ွ )ဆိုပါတော့။
840 000÷ 128 = 6562.5 ကျပ်
(ခြောက်ထောင့်ငါးရာခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား)
( ဒါဟာ ရွေးတစ်ရွေးရဲ့ တန်ဖိုး)
၃ ဲ ၆ ွ+ ၁ ဲ ၃ ွ= ၅ ဲ ၁ ွ
( တစ်ပဲမှာ ရှစ်ရွေးပဲရှိတယ်။ အခု ကိုးရွေးဖြစ်နေလို့ ငါးပဲ တစ်ရွေး ဖြစ်သွားပါတယ်။ )
အခု ငါးပဲ တစ်ရွေးကို ပဲ ဖွဲ့ပါ့မယ်။
( ၅ × ၈ ) + ၁ =၄၁ ွ
အခု ရလာတဲ့ စုစုပေါင်း ရွေး ၄၁ ွ ကို
အပေါ်မှာ ရထားတဲ့ တစ်ရွေးတန်ဖိုးနဲ့မြှောက်ပါ။
6562.5 ×41 = 269062.5
( နှစ်သိန်းခြောက်သောင်းကိုးထောင်ခြောက်ဆယ့်နှစ်ကျပ် ငါးဆယ်ပြား )
ဒါဟာ ဘောက်ချာရဲ့အောက်ဆုံးက မိမိပေးချေရမယ့် ငွေ ပမာဏပါ။
( နှစ်သိန်းခုနစ်သောင်းဆိုလဲ ကိုယ်က ဒီဟာလေးမှ သဘောကျတယ်ဆိုလဲ မငြင်းနဲ့တော့ပေါဗျာ )
အကယ်၍ ပိုနေလျှင် မည်သည်ကြောင့်လဲဆိုတာကတော့ >>>>>
(အော် ပြောရဦးမယ် ဆိုင်က ငါ့ကို ပြန်ပေးလိုက်တာ ဘယ်လိုအင်္ကျ ီလေး
ဘယ်ပါတိတ်လေး ပေးလိုက်တာ ဝမ်းသာမနေနဲ့။ အဲဒါတွေအားလုံးအတွက် အလျော့တွက်လက်ခဆိုတာမှာ ပါပြီးသား)
လက်ရှိ ရေးသားထားသော တွက်သည့်ပုံစံမှာ မည်သည့်ရွှေထည်ပစ္စည်း အချိန်မဆို တွင်ယူနိုင်ပါသည်။ အထူးသဖြင့် ယခု ရေးသားထားသော အလေးချိန်ပမာဏ အတွက်သည် ရန်ကုန် ပဲခူး အစရှိသော နေရာဒေသများတွင် တွက်သည့် ပုံစံဖြစ်ပြီး
မန္တလေးတိုင်းဘက်တွင်မူ ရွှေတစ်ကျပ်သားတွင် ၁၆ ပဲရည်ဟုသတ်မှတ်သော်လဲ တစ်ပဲ တွင် ခုနစ်ရွေးခွဲ ဖြင့် သတ်မှတ်သောကြောင့် တစ်ကျပ်သားတွင် ၁၂၀ ရွေးသာ ရှိသည်။
Credit to ပညာ ပညာဒီပ
Lin Lin(မအူပင်)
No comments:
Post a Comment