ဗိုလ္ခ်ဳပ္ေအာင္ဆန္း ႐ုပ္ပံုပါ ေရႊဒဂၤါးမ်ား ဗဟိုဘဏ္ေရာင္းခ်ေပးမည္
ေရာင္းခ်မယ့္ တစ္မတ္သား ေရႊဒဂၤါးဟာ အခ်င္း ၁၈ ဒသမ သုည မီလီမီတာ၊ အထူ ၁ ဒသမ သုည မီလီမီတာရွိၿပီး ဒဂၤါးရဲ႕ မ်က္ႏွာပိုင္းဗဟုိမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းပံုနဲ႔ ပံုေအာက္မွာ Aung San အမည္ပါရွိတယ္လို႔ ဆိုပါတယ္။
ဒဂၤါးရဲ႕အနားပတ္လည္မွာ “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold”လို႔ အဂၤလိပ္စာလံုးနဲ႔ ေဖာ္ျပထားၿပီး အျခားတစ္ဖက္ မ်က္ႏွာျပင္မွာ ”ျမန္မာႏိုင္ငံေတာ္ ဗဟိုဘဏ္ ၂ဝ၁၈၊ ၁ မတ္သား၊ ၉၉၉ ဒသမ ၉ သန္႔စင္ေရႊ”လို႔ ျမန္မာစာလံုးနဲ႔ ေဖာ္ျပထားတယ္လို႔ သိရပါတယ္။
တစ္မတ္သား ေရႊဒဂၤါး ဝယ္ယူတဲ့အခါ ေရႊဒဂၤါးျပားနဲ႔အတူ ဗဟိုဘဏ္ဥကၠ႒နဲ႔ သြန္းေလာင္းတဲ့ ဌာနအႀကီးအကဲတို႔ရဲ႕ မွန္ကန္ေၾကာင္း ေထာက္ခံခ်က္ေတြလည္း တစ္ေပါင္းတည္း ပါရွိမယ္လို႔ ဒီကေန႔ထုတ္ ႏိုင္ငံပိုင္သတင္းစာမွာ ေဖာ္ျပပါတယ္။
တစ္မတ္သား ေရႊဒဂၤါးျပားေတြကို ေနျပည္ေတာ္၊ ရန္ကုန္နဲ႔ မႏၲေလးမွာ ရွိတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္း အေရာင္းဆိုင္ေတြမွာ ေန႔စဥ္ေပါက္ေဈးအေပၚ အေလ်ာ့တြက္နဲ႔ ကုန္က်စရိတ္ က်ပ္ ၁၂၅ဝဝ ထပ္ေပါင္းေဈးႏႈန္းနဲ႔ ဝယ္ယူရရွိႏိုင္မွာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္ဟာ တစ္က်ပ္သား၊ ငါးမူးသားနဲ႔ တစ္မတ္သား စံခ်ိန္မီ ေရႊဒဂၤါး အမ်ဳိးအစား သံုးမ်ဳိးကို ၁၉၉၁ ခုႏွစ္ကတည္းက စတင္ထုတ္ေဝခဲ့တာပါ။
တစ္က်ပ္သား ေရႊဒဂၤါးရဲ႕ မ်က္ႏွာပိုင္းဗဟိုမွာ ၾကယ္တစ္ပြင့္ပံု၊ ငါးမူးသား ေရႊဒဂၤါးရဲ႕ မ်က္ႏွာပိုင္းဗဟိုမွာ လယ္ထြန္ေသာပံု၊ တစ္မတ္သား ေရႊဒဂၤါးရဲ႕ မ်က္ႏွာပိုင္းဗဟိုမွာ သစ္ဆြဲေနတဲ့ ဆင္ပံုေတြ သြန္းေလာင္းထုတ္ေဝခဲ့တာျဖစ္ၿပီး ခုအခါ တစ္မတ္သားေရႊဒဂၤါးေတြ လက္က်န္မရွိေတာ့လို႔ ဗိုလ္ခ်ဳပ္႐ုပ္ပံုပါ ပံုစံသစ္နဲ႔ အသစ္သြန္းေလာင္း ထုတ္ေဝတာ ျဖစ္ပါတယ္။
ဓာတ္ပံု-ေၾကးမံု
Source: burmese.dvb
Unicode
ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံပါ ရွှေဒင်္ဂါးများ ဗဟိုဘဏ်ရောင်းချပေးမည်
မြန်မာ့လွတ်လပ်ရေးဗိသုကာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရုပ်ပုံ ရိုက်နှိပ်ထားတဲ့ စံချိန်မီ တစ်မတ်သား ရွှေဒင်္ဂါးတွေကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရောင်းချပေးသွားဖို့ ရှိနေပါတယ်။ရောင်းချမယ့် တစ်မတ်သား ရွှေဒင်္ဂါးဟာ အချင်း ၁၈ ဒသမ သုည မီလီမီတာ၊ အထူ ၁ ဒသမ သုည မီလီမီတာရှိပြီး ဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ဗိုလ်ချုပ်အောင်ဆန်းပုံနဲ့ ပုံအောက်မှာ Aung San အမည်ပါရှိတယ်လို့ ဆိုပါတယ်။
ဒင်္ဂါးရဲ့အနားပတ်လည်မှာ “Central Bank of Myanmar”၊ “4.082 gm 999.9 Fine Gold”လို့ အင်္ဂလိပ်စာလုံးနဲ့ ဖော်ပြထားပြီး အခြားတစ်ဖက် မျက်နှာပြင်မှာ ”မြန်မာနိုင်ငံတော် ဗဟိုဘဏ် ၂ဝ၁၈၊ ၁ မတ်သား၊ ၉၉၉ ဒသမ ၉ သန့်စင်ရွှေ”လို့ မြန်မာစာလုံးနဲ့ ဖော်ပြထားတယ်လို့ သိရပါတယ်။
တစ်မတ်သား ရွှေဒင်္ဂါး ဝယ်ယူတဲ့အခါ ရွှေဒင်္ဂါးပြားနဲ့အတူ ဗဟိုဘဏ်ဥက္ကဋ္ဌနဲ့ သွန်းလောင်းတဲ့ ဌာနအကြီးအကဲတို့ရဲ့ မှန်ကန်ကြောင်း ထောက်ခံချက်တွေလည်း တစ်ပေါင်းတည်း ပါရှိမယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာမှာ ဖော်ပြပါတယ်။
တစ်မတ်သား ရွှေဒင်္ဂါးပြားတွေကို နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေးမှာ ရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း အရောင်းဆိုင်တွေမှာ နေ့စဉ်ပေါက်ဈေးအပေါ် အလျော့တွက်နဲ့ ကုန်ကျစရိတ် ကျပ် ၁၂၅ဝဝ ထပ်ပေါင်းဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဟာ တစ်ကျပ်သား၊ ငါးမူးသားနဲ့ တစ်မတ်သား စံချိန်မီ ရွှေဒင်္ဂါး အမျိုးအစား သုံးမျိုးကို ၁၉၉၁ ခုနှစ်ကတည်းက စတင်ထုတ်ဝေခဲ့တာပါ။
တစ်ကျပ်သား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ ကြယ်တစ်ပွင့်ပုံ၊ ငါးမူးသား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ လယ်ထွန်သောပုံ၊ တစ်မတ်သား ရွှေဒင်္ဂါးရဲ့ မျက်နှာပိုင်းဗဟိုမှာ သစ်ဆွဲနေတဲ့ ဆင်ပုံတွေ သွန်းလောင်းထုတ်ဝေခဲ့တာဖြစ်ပြီး ခုအခါ တစ်မတ်သားရွှေဒင်္ဂါးတွေ လက်ကျန်မရှိတော့လို့ ဗိုလ်ချုပ်ရုပ်ပုံပါ ပုံစံသစ်နဲ့ အသစ်သွန်းလောင်း ထုတ်ဝေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ-ကြေးမုံ
Source: burmese.dvb
No comments:
Post a Comment