Sunday, April 15, 2018

မြန်မာ့စာတိုက် လုပ်ငန်းနှင့် Za Information Technology ကုမ္ပဏီတို့ပူးပေါင်း၍ အွန်လိုင်းရှောပင်း ၀န်ဆောင်မှုပေးမည်


မြန်မာ့စာတိုက် လုပ်ငန်းနှင့် Za Information Technology ကုမ္ပဏီတို့ပူးပေါင်း၍ အွန်လိုင်းရှောပင်း ၀န်ဆောင်မှုပေးမည်

====================================


                                    Myanmar B2B Management Magazine


     မြန်မာ့စာတိုက်လုပ်ငန်းနဲ့ Za Information Technology ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး အွန်လိုင်းရှောပင်း လုပ်ငန်းကို မတ်လ တစ်ရက်နေ့ကစ စတင် အကောင်အထည် ဖော်သွားမယ်လို့ သိရပါတယ်။
E-Commerce Platform စနစ်နဲ့ Marketplace by Myanmar Post ဝက်ဘ် ဆိုက် တည်ထောင် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ "ဝက်ဘ်ဗားရှင်းကတော့

ကျွန်တော်တို့ မတ်လ ၁ ရက်နေ့မှာ စတင်ပြီးတော့ အသုံးပြုလို့ရပါပြီ။ အပလီ ကေး ရှင်းကတော့ ကျွန်တော်တို့ မတ်လ ပထမပတ်မှာပဲ ထုတ်ပြန်ပေးသွားမှာပါ။ ဝဘ်ကို ဝက်ဘ်ဆိုက်ကနေပြီးတော့ ကြည့်ပြီးဝယ်၊ ဒါမှမဟုတ် ဖုန်းထဲကနေပဲ ဝယ်ဝယ် ဝယ်လို့ရအောင် ဆောင်ရွက်ပေးထားပါတယ်။" လို့ Za Information Technology ကုမ္ပဏီရဲ့ မန်နေဂျင်း ဒါရိုက်တာ ဦးဇော်မင်းအောင်က ပြောပါ တယ်။
E-Commerce Platform နဲ့ ကုမ္ပဏီ ၃ ခုက ချိတ်ဆက်ထားပြီး ယင်းတို့ကနေ Mobile ပစ္စည်းတွေ၊ စာရေးကိရိယာ တွေ ရောင်းချသွားမှာဖြစ်ပြီး Market Place မှာ တင်ရောင်းတဲ့ ကုန်ပစ္စည်းတွေကို ဝယ်ယူသူတွေထံ ပို့ဆောင်ပေးရာမှာ ပို့ ဆောင်ခကို ရောင်းသူ၊ ဝယ်သူနှစ်ဦးနှစ်ဖက် ညှိနှိုင်း ဆောင်ရွက်သွားမှာဖြစ် သလို မြန်မာ့စာတိုက် လုပ်ငန်းအနေနဲ့ ဝယ်သူတွေထံ ကုန်ပစ္စည်း ပို့ဆောင်ပေး ခြင်းနဲ့ ငွေကောက်ခံခြင်းတို့ကို ဆောင်ရွက် သွားမှာဖြစ်တယ်လို့ သိရပါတယ်။
"စာတိုက်က ဒီပစ္စည်းကို ဝယ်ပြီးတော့ ကိုယ့်ဟာကိုယ် ပြန်ရောင်းတာ မဟုတ် ပါဘူး။ ဒီအွန်လိုင်းရှောပင်း လုပ်ဖို့ အတွက် မြန်မာ့စာတိုက်က အထောက်အပံ့ တစ်ခုပါ။ အွန်လိုင်းရှောပင်း လုပ်ငန်းတွေ အဆင်ပြေပြေနဲ့ လုပ်ဆောင်နိုင်ဖို့ အတွက် အထောက်အကူပြုပေးတဲ့ အဖွဲ့အစည်းတစ်ခုပါ။" လို့ မြန်မာ့စာတိုက် လုပ်ငန်း၊ ဝန်ဆောင်မှုဌာနရဲ့ အထွေထွေ မန်နေဂျာ ဒေါ်ဝင်းသီတာက ပြောပါ တယ်။
Marketplace ဝက်ဘ်ဆိုက်မှာ ရောင်းချလိုသူတွေအနေနဲ့ မှတ်ပုံတင်(မူရင်း/ မိတ္တူ )၊ လုပ်ငန်းလိုင်စင် (မူရင်း/ မိတ္တူ)၊ သန်းခေါင်းစာရင်း(မိတ္တူ )တို့ ပေးဆောင် ရမည်ဖြစ်ပြီး Marketplace by Myanmar Post မှာ ရောင်းချခွင့် မှတ်ပုံတင်ရာ မှာ စည်ပင်လိုင်စင်နဲ့ မှတ်ပုံတင်ကြေးကျပ် သုံးသောင်း၊ လစဉ်ကြေး ကျပ် ငါး ထောင်၊ ကုမ္ပဏီလိုင်စင်နဲ့ မှတ်ပုံတင်ကြေး ကျပ် ငါးသောင်း၊ လစဉ်ကြေး ကျပ် တစ်သောင်း ပေးသွင်းရမယ်လို့ သိရပါတယ်။
ယမုံ (မြစ်မခ)

# Credit to original

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ မှတ်သားဖွယ်ရာ မြန်မာစကားပုံများကို ဘော်ဒါတွေ လိမ္မာရေးခြားရှိစေဖို့ ပြန်မှ...