Wednesday, May 2, 2018

ေဗဒင္ဆရာေအာင္ခ်စ္ပိုအမႈ ဘာဆက္ျဖစ္မလဲ

ေဗဒင္ဆရာေအာင္ခ်စ္ပိုအမႈ ဘာဆက္ျဖစ္မလဲ

                                          https://santhitsa.com/?p=774
ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းက ဟိုးေလးတေက်ာ္ျဖစ္ခဲ့တဲ့ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုအမႈကို လူေတြအမွတ္ရခ်င္ မွ ရပါမယ္။
ဒါေပမဲ့ တရားစြဲထားတဲ့ ေဗဒင္ဆရာအမႈ ဘယ္ေတာ့႐ုံးတင္မလဲဆိုတာ ေစာင့္ေမၽွာ္နားစြင့္ေနသူေတြ ရွိပါတယ္။ အဲဒီလူေတြကေတာ့ တျခားသူေတြမဟုတ္ပါဘူး။ ေဗဒင္ဆရာကို ကာယိေျႏၵပ်က္စီးေစမႈနဲ႔ တရားစြဲခဲ့တဲ့ ကာယကံရွင္ အမ်ိဳးသမီးငယ္ေတြပါပဲ။


“ရဲစခန္းကေတာ့ အမႈမွာ ဆိုင္တဲ့အမ်ိဳးသမီးေတြ၊ ပါမယ့္သူေတြကိုလည္း အကုန္လုံးစစ္ေဆးၿပီးသြားၿပီ။ စစ္ၿပီး တာေတာင္ ရဲစခန္းက အမႈသြားမတင္ေသးဘူးဆိုေတာ့ ရဲစခန္းမွာ ဘာေတြရႈပ္ေနသလဲ၊ ဘာေတြလုပ္ေနသလဲ မသိဘူး။ ညီမလည္း မေျပာတတ္ဘူး” လို႔ အမႈတိုင္ၾကားသူေတြထဲက ကာယကံရွင္အမ်ိဳးသမီးငယ္တဦးက ေျပာပါတယ္။
ဒီအမ်ိဳးသမီးငယ္ဟာ အရင္က သူ႔နာမည္ကို သတင္းမီဒီယာေတြမွာ အသုံးျပဳခဲ့ေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ သူ႔နာမည္ကို မသုံးေစခ်င္ေတာ့ဘူးလို႔ ေျပာလာပါတယ္။
ေဗဒင္ေမးတဲ့အခ်ိန္အတြင္း ကာယိေျႏၵပ်က္စီးေစတဲ့ ကိုယ္ထိလက္ေရာက္ က်ဴးလြန္မႈေတြရွိခဲ့တယ္ဆိုၿပီး ေဗဒင္ ဆရာေအာင္ခ်စ္ပိုကို အမ်ိဳးသမီးေတြ ကာယိေျႏၵပ်က္စီးေစမႈျဖစ္တဲ့ ပုဒ္မ(၃၅၄)၊ ၿခိမ္းေျခာက္မႈျဖစ္တဲ့ ပုဒ္မ (၅၀၆)တို႔နဲ႔ ၿပီးခဲ့တဲ့ ဇန္နဝါရီလကုန္ပိုင္းမွာ ေဗဒင္ေမးသူ အမ်ိဳးသမီးငယ္ေတြျဖစ္တဲ့ တကၠသိုလ္ေက်ာင္းသူတဦးနဲ႔ ႐ုပ္ရွင္ သ႐ုပ္ေဆာင္ ဒိန္းေဒါင္ရဲ့သမီးျဖစ္သူ ဒိန္းပိုပိုေဒါင္တို႔က စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းမွာ အမႈဖြင့္ခဲ့ၾကတာ ျဖစ္ပါတယ္။
ကာယကံရွင္အမ်ိဳးသမီးေတြ က်ဴးလြန္ခံရတာေတြကို ထုတ္ေဖာ္ေျပာဆိုခဲ့တဲ့ မီဒီယာနဲ႔ လူမႈစာမ်က္ႏွာေပၚက စာနဲ႔႐ုပ္သံေတြ ထြက္ေပၚလာတဲ့အခ်ိန္မွာ ဒီသတင္းဟာ လူေတြစိတ္အဝင္စားဆုံးသတင္းျဖစ္ခဲ့ပါတယ္။
ေဗဒင္ဆရာဘက္မွ ရပ္တည္သူနဲ႔ အမ်ိဳးသမီးငယ္ေတြဘက္က ရပ္တည္သူေတြအၾကား အျပန္အလွန္ေဝဖန္မႈ ေတြလည္း ျမင့္တက္ခဲ့ပါတယ္။ ဒါေၾကာင့္ ေဗဒင္ဆရာေအာင္ခ်စ္ပိုရဲ့ ကိုးထပ္ႀကီးဘုရားဝင္းက ေဗဒင္ေဟာ တဲ့အခန္းကို ေဂါပကအဖြဲ႕က ယာယီပိတ္ထားခိုင္းၿပီး စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းကလည္း သူ႔ကိုေခၚယူစစ္ေဆးခဲ့ရပါ တယ္။
ဒါေပမယ့္လည္း ရဲစခန္းက ဖမ္းဆီးလိုက္တယ္ဆိုတဲ့သတင္း ၾကားၿပီးတာနဲ႔တဆက္တည္း အာမခံနဲ႔ ျပန္လႊတ္ လိုက္တယ္လို႔ သိရတဲ့အေပၚ အမ်ိဳးသမီးေတြက စိတ္ပ်က္ခဲ့ၾကရပါတယ္။ စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းက ဒုရဲအုပ္ ရန္မိုးေအာင္ကေတာ့ တိုင္ၾကားတဲ့အမႈဟာ အာမခံေပးလို႔ရတဲ့ အမႈျဖစ္တာေၾကာင့္ အာမခံနဲ႔လႊတ္ေပးတာျဖစ္ တယ္လို႔ ေျပာျပပါတယ္။
“မႈခင္းေတြမွာ အာမခံေပးရမယ့္ အမႈရယ္၊ အာမခံေပးလို႔ မရတဲ့အမႈဆိုၿပီး ႏွစ္မ်ိဳးရွိတယ္။ ႏွစ္မ်ိဳးရွိတဲ့အထဲမွာ ဖြင့္ တဲ့အမႈက အာမခံေပးနိုင္လား၊ မေပးနိုင္လားဆိုတာက အရင္ၾကည့္ရတယ္။ အာမခံေပးလို႔ရတဲ့ ပုဒ္မနဲ႔ အမႈဖြင့္ထားတယ္ဆိုရင္ က်ေနာ္တို႔က အာမခံ ေပးကို ေပးရတယ္။ အာမခံ မေပးရတဲ့ပုဒ္မနဲ႔ ဖြင့္ရင္ေတာ့ ဖမ္းကိုဖမ္းရပါတယ္”
အမ်ိဳးသမီးေတြရဲ့ စိတ္ပ်က္မႈက ဒီတခုတည္းေတာ့ မဟုတ္ပါဘူး။ အမ်ိဳးသမီးေတြအေပၚ ကာယိေျႏၵပ်က္စီးေစမႈနဲ႔ လိင္ပိုင္းဆိုင္ရာ က်ဴးလြန္မႈေတြအတြက္ တိုင္ၾကားမယ္ဆိုရင္ က်ဴးလြန္ခံရသူေတြကိုပဲ အျပစ္တင္တတ္တဲ့ (Victim Blaming) ေရွးရိုးစြဲအျမင္ရွိတဲ့ လူမႈဝန္းက်င္နဲ႔ ဒီအမႈကို ေျဖရွင္းေပးဖို႔တာဝန္ရွိတဲ့ ဥပေဒဘက္ေတာ္ သားေတြရဲ့ေျပာဆိုလုပ္ေဆာင္မႈေတြကလည္း စိတ္ပ်က္စရာျဖစ္ေစပါတယ္။
“ဘာလို႔ျဖစ္ရတာလဲ၊ ဘာျဖစ္လို႔ ခံလာရလဲ။ အဲဒီလို မိန္းကေလးဖက္ကို နည္းနည္းအျပစ္တင္တဲ့သေဘာနဲ႔ ရဲ က ေျပာတာ ေမးတာ မ်ားတယ္။ အမွန္ဆိုရင္ ရဲေတြကို ေၾကာက္ေနရမွာ မဟုတ္ဘူးေလ။ အားကိုးၿပီးေတာ့ အ ကူအညီေတာင္းတာ သူတို႔ကို ျပန္ေၾကာက္ေနရတယ္” လို႔ ကာယကံရွင္ အမ်ိဳးသမီးတဦးက ရဲစခန္းမွာ အမႈ ဖြင့္ ခ်ိန္မွာ ၾကဳံေတြ႕ရတဲ့ သူ႔အခက္အခဲကို ေျပာျပပါတယ္။
အမႈစတင္တိုင္ၾကားစဥ္က ဒီအမ်ိဳးသမီးငယ္လိုပဲ အျခားေတြ႕ၾကဳံခဲ့ရသူ အမ်ိဳးသမီး ၅ ဦးေလာက္ရွိေပမယ့္ အဘက္ဘက္က စစ္ေဆးေမးျမန္းတဲ့ေနရာမွာ က်ဴးလြန္ခံရသူ အမ်ိဳးသမီးငယ္ေတြကို အျပစ္တင္ေျပာဆိုမႈေတြ ရွိတဲ့ အျပင္ ကာယကံရွင္ေတြနဲ႔အတူ မိဘေတြကိုပါ ေခၚယူစစ္ေဆးမယ္လို႔ ရဲစခန္းက ေျပာခဲ့တာေၾကာင့္ အမ်ားစု က အမႈမစြဲေတာ့ပဲ သက္ေသအျဖစ္သာ ကူညီေပးဖို႔ဆုံးျဖတ္ခဲ့ၾကလို႔ အမႈစြဲသူမွာ အမ်ိဳးသမီးငယ္တဦးနဲ႔ ဒိန္းပိုပို ေဒါင္တို႔ ၂ ဦးသာ က်န္ရွိခဲ့တာျဖစ္ပါတယ္။
အမႈစစ္တဲ့ကာလအတြင္း အမ်ိဳးသမီးေတြအေပၚ အခုလို ေျပာဆိုစစ္ေဆးမႈေတြနဲ႔ပတ္သက္ၿပီး စမ္းေခ်ာင္းၿမိဳ႕မ ရဲစခန္းကို ဆက္သြယ္ေမးျမန္းတဲ့အခါ ဒီကိစၥေတြနဲ႔ပတ္သက္ၿပီး ေျဖဆိုခြင့္မရွိဘူးလို႔ ဒုရဲအုပ္ရန္မိုးေအာင္က ေျပာ ပါတယ္။
“တိုင္းမွာသတင္းျပန္ၾကားေရးရွိတယ္။ သတင္းျပန္ၾကားေရးကေန ခြင့္ျပဳခ်က္ယူၿပီးေတာ့ ဒါနဲ႔ပတ္သက္ၿပီး ဘယ္ သူ႔ကိုေတာ့ ေမးခ်င္ပါတယ္၊ ဒါနဲ႔ပတ္သက္ၿပီးသြားေျပာရတာ။ ေျပာၿပီးကာမွ ခြင့္ျပဳခ်က္ယူၿပီးမွ က်ေနာ္က ေၿဖ ပိုင္ခြင့္ရွိတာ” လို႔ ဒုရဲအုပ္က ေျပာပါတယ္။
တရားမၽွတမႈကို ေဖာ္ေဆာင္ေပးမယ့္ ပုဂၢိဳလ္ေတြကိုယ္တိုင္က က်ဴးလြန္ခံရသူ မိန္းကေလးေတြကိုသာ အရွက္ရ ေအာင္၊ သိမ္ငယ္ေအာင္လုပ္ေနတဲ့ အမူအက်င့္၊ စိတ္ဓာတ္ေတြႀကီးစိုးေနတဲ့စနစ္ကို မျပင္နိုင္သေရြ႕ က်ဴးလြန္ ခံရတဲ့ အမ်ိဳးသမီးေတြအတြက္ တရားမၽွတမႈကို ရွာဖို႔ ခက္ခဲေနဦးမယ္လို႔ Triangle Women အဖြဲ႕ရဲ့ ဒါရိုက္တာ ေဒၚခင္ေလးက ေျပာပါတယ္။
“ပိုဆိုးတာက သာမန္အမ်ိဳးသမီးေတြ၊ တကယ့္ကို အရွက္တရား ႀကီးစိုးၿပီးေတာ့ တခုခုဆိုရင္ တိုင္ၾကားဖို႔ ေတာင္ မဝံ့မရဲျဖစ္ေနၿပီး၊ အရဲစြန႔္ၿပီးေတာ့ သြားတိုင္ရတဲ့ အမ်ိဳးသမီးေတြအတြက္ဆိုရင္ ပိုဆိုးမယ္။ တရား႐ုံးတို႔၊ ရဲစခန္း တို႔ဆိုတာ လုံး၀ စိတ္ပ်က္စရာလိုမ်ိဳး ျဖစ္သြားလို႔ရွိရင္ေတာ့ က်မတို႔လိုခ်င္တဲ့ တရားမၽွတမႈကေတာ့ ပိုၿပီးေတာ့ ေဝးေနမယ္လို႔ ထင္တယ္” လို႔ ေဒၚခင္ေလးက ေျပာပါတယ္။
ဒီလို အခက္အခဲနဲ႔ ၾကဳံေနရတာကေတာ့ တိုင္ၾကားတဲ့ ကာယကံရွင္ အမ်ိဳးသမီးေတြတင္ မကပါဘူး။ အခုလို အ မ်ိဳးသမီးတေယာက္ကို ထိပါးေႏွာက္ယွက္တာဟာ ျပစ္မႈက်ဴးလြန္တာျဖစ္တယ္လို႔ ဥပေဒမွာ ျပဌာန္းထားေပမယ့္ အမႈဖြင့္တဲ့အခါ တာဝန္ရွိသူေတြဟာ က်ား၊မ တန္းတူေရးဆိုင္ရာ လက္ခံက်င့္သုံးမႈ အမူအက်င့္ေတြ အားနည္း တဲ့အတြက္ အမ်ိဳးသမီးေရးဆိုင္ရာ အမႈကိစၥေတြ ကိုင္တြယ္ၾကတဲ့ ဥပေဒအက်ိဳးေဆာင္ေရွ႕ေနေတြလည္း အ ခက္အခဲေတြနဲ႔ ၾကဳံေတြ႕ေနရတာပါ။
“ဒါက လိင္ပိုင္းဆိုင္ရာထိပါးတဲ့ကိစၥေလ၊ ဘာမွျဖစ္သြားတာ မဟုတ္ဘူးဆိုၿပီးေတာ့ တခ်ိဳ႕ေသာ အမ်ိဳးသားေတြရဲ့ အေတြးအေခၚပိုင္းေပါ့ေနာ္။ တု႔ိ႐ုံထိ႐ုံကိုင္႐ုံပဲ ဘာမွျဖစ္သြားတာမဟုတ္ဘူးဆိုတဲ့ အဲဒီလိုမ်ိဳး အေတြးအေခၚ၊ အ မူအက်င့္ေတြ ေျပာင္းလဲေအာင္လုပ္ရမယ္” လို႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက ေထာက္ျပပါတယ္။
အမ်ိဳးသမီးငယ္ ၂ ဦးဟာ ပတ္ဝန္းက်င္ရဲ့ ေဝဖန္မႈေတြနဲ႔ အခက္အခဲေတြမ်ားလွတဲ့ စစ္ေဆးေမးျမန္းမႈေတြကို ေက်ာ္ျဖတ္ၿပီး အမႈတင္နိုင္ခဲ့ေပမယ့္ သူတို႔ရဲ့ တိုက္ပြဲကေတာ့ မၿပီးဆုံးေသးပါဘူး။
အခုဆိုရင္ အမႈတင္ၿပီး ၃ လ နီးပါးၾကာခဲ့ေပမယ့္ ရဲစခန္းက ဒီအမႈကို တရား႐ုံး မတင္နိုင္ေသးပါဘူး။
စမ္းေခ်ာင္းၿမိဳ႕မရဲစခန္းကေတာ့ အမႈကို စစ္ေဆးေနဆဲကာလျဖစ္ၿပီး တရား႐ုံးတင္တဲ့အဆင့္ မေရာက္ေသးတဲ့ အေၾကာင္း ေျပာခဲ့ၿပီး တရားလိုေရွ႕ေနေတြနဲ႔ သံသယရွိသူဘက္က ေရွ႕ေနေတြကလည္း အမႈကို ႐ုံးတင္တဲ့ အခ်ိန္ကို ေစာင့္ေနၾကပါတယ္။
ေဗဒင္ဆရာေအာင္ခ်စ္ပိုရဲ့ ေရွ႕ေနျဖစ္တဲ့ တရား႐ုံးလႊတ္ေတာ္ေရွ႕ေန ဦးစိုးဝင္းေအာင္ကေတာ့ “ဒီအမႈေတြက တ ရား႐ုံးကို စြဲတင္ၿပီးေတာ့ တရား႐ုံးက ဥပေဒနဲ႔အညီေဆာင္ရြက္မယ္လို႔ က်ေနာ္ယုံၾကည္ပါတယ္” လို႔ေျပာၿပီး အမႈကို တရား႐ုံးမတင္ေသးတဲ့အတြက္ အမႈနဲ႔ပတ္သက္လို႔ ဘာမွေျပာလို႔မရေသးေၾကာင္း ေျပာပါတယ္။
တရားမၽွတမႈရဖို႔ ႀကိဳးစားတဲ့ ပထမေျခလွမ္းမွာတင္ အမ်ိဳးသမီးငယ္ႏွစ္ဦးအတြက္ အခက္အခဲေတြနဲ႔ ရင္ဆိုင္ခဲ့ရ ေပမယ့္ တကယ္တမ္း သူတို႔ရဲ့ တရားမၽွတေရးအတြက္ တိုက္ပြဲစမယ့္အခ်ိန္က တရား႐ုံးတက္တဲ့ အခ်ိန္ပဲ ျဖစ္ပါ တယ္။
တရားရင္ဆိုင္တဲ့အခါ အမ်ိဳးသမီးငယ္ ၂ ဦး ရင္ဆိုင္ရမယ့္ အဓိကစိန္ေခၚမႈက သက္ေသအေထာက္အထားဆို တာပဲျဖစ္ပါတယ္။ ပုဒ္မ ၅၀၉ နဲ႔ ပုဒ္မ ၃၄၅ တို႔ဟာ တရားစြဲဆိုတဲ့အခါ သက္ေသအေထာက္အထား ခိုင္လုံမွ တရားနိုင္ဖို႔ရွိပါတယ္။
“သက္ေသအေထာက္အထား မခိုင္မာပဲနဲ႔ တဖက္လူကိုေတာ့ ကံတရားရဲ့ အက်ိဳးကို တရားခံသာလၽွင္၊ စြပ္စြဲခံရ သူသာလၽွင္ ခံစားခြင့္ရွိတာမို႔လို႔ သက္ေသအေထာက္အထားေတာ့ ခိုင္မာဖို႔လိုတယ္” လို႔ တရား႐ုံးလႊတ္ေတာ္ ေရွ႕ေန ေဒၚလွလွရီက ေျပာပါတယ္။
ဒီအခ်က္အလက္ကိုပဲ အေျခခံၿပီး ေဗဒင္ဆရာေအာင္ခ်စ္ပိုရဲ့ သတင္းမီဒီယာ အင္တာဗ်ဴးေတြမွာ ဗီဒီယိုနဲ႔ ဓာတ္ ပုံသက္ေသေတြကို အဓိက ေထာက္ျပေျပာဆိုျငင္းခ်က္ထုတ္ခဲ့တာေတြ ေတြ႕ရတဲ့အျပင္ စြပ္စြဲသူ အမ်ိဳးသမီး ၂ ဦးစလုံးကိုလည္း အသေရဖ်က္မႈနဲ႔ တန္ျပန္တရားစြဲဆိုမႈလည္း ရွိခဲ့ပါတယ္။
ဒါေပမဲ့ တရားစြဲဆိုသူ အမ်ိဳးသမီးငယ္ေတြမွာေတာ့ သူတို႔ကိုယ္တိုင္ၾကဳံေတြ႕မႈကလြဲၿပီး တျခားဘာသက္ေသမွ မရွိေနပါဘူး။
“မိန္းကေလးေတြေလ။ မဟုတ္ဘဲနဲ႔ေတာ့မေျပာဘူး။ သက္ေသရွိတယ္ေလ။ ဗီဒီယို အသံသက္ေသ မရွိေပမယ့္ လူသက္ေသရွိပါတယ္” လို႔ တရားလို ဒိန္းပိုပိုေဒါင္က ေျပာပါတယ္။
တျခားခိုင္မာတဲ့ သက္ေသမရွိေပမယ့္လည္း တရားလို အမ်ိဳးသမီးငယ္ေတြအတြက္ ေမၽွာ္လင့္ခ်က္မဲ့တဲ့ အေနအ ထားေတာ့ မဟုတ္ေသးပါဘူး။ အမႈအေနအထားအရ တရားသူႀကီးရဲ့ ဆင္ျခင္တုံတရားနဲ႔ ျပစ္ဒဏ္ခ်မွတ္နိုင္ခဲ့တဲ့ အခုအမႈနဲ႔တူတဲ့ အျခားအမႈေတြလည္း ရွိခဲ့တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ေဒၚလွလွရီက ေျပာပါတယ္။
“ႏွစ္ေယာက္တည္းရွိေနတဲ့ အေနအထားေတြမွာ လာလုပ္တာ ျဖစ္တဲ့အတြက္နဲ႔ အဲဒီလိုမ်ိဳး တိုင္လိုက္တဲ့အခါမွာလည္း ပတ္ဝန္းက်င္ အေနအထားအရ ဒါဟာ အမ်ိဳးသမီးတေယာက္ကေနၿပီး ဘာအေၾကာင္းျပခ်က္မွ မရွိပဲနဲ႔ လိမ္ဆင္လုပ္ၿပီးေတာ့ တိုင္နိုင္မွာမဟုတ္ဘူး၊ အဲဒါေၾကာင့္ လူျမင္ကြင္း မဟုတ္တဲ့ေနရာမွာ ျဖစ္တဲ့ကိစၥနဲ႔ သက္ေသ အေထာက္အထားတင္ျပဖို႔ ခက္ခဲေနတဲ့အေနအထားမွာ တရားသူႀကီးရဲ့ ဆင္ျခင္တုံတရားအရ အျပစ္ေပး လို႔ ရတာလည္း ရွိပါတယ္” လို႔ ေရွ႕ေန ေဒၚလွလွရီက ေျပာပါတယ္။
ဒီေနရာမွာ ေမးခြန္းထုတ္စရာတခုက အမႈစစ္ေဆးတဲ့ေနရာေတြကအစ အမ်ိဳးသမီးေရးဆိုင္ရာအမႈေတြအတြက္ ကူညီပံ့ပိုးမႈအားနည္းတဲ့ ျမန္မာနိုင္ငံမွာ တရားသူႀကီးေတြရဲ့ ဆင္ျခင္တုံတရားက ဒီလို အမ်ိဳးသမီးေရးရာ အမႈ ေတြမွာ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္ခ်ဖို႔ ဘယ္ေလာက္အထိ ျဖစ္နိုင္ေခ်ရွိသလဲဆိုတဲ့ အခ်က္ပဲျဖစ္ပါတယ္။
အမ်ိဳးသမီးေတြဘက္မွာ စာနာၿပီးေတြးေပးရမယ္ဆိုတဲ့ အသိမရွိရင္ ဆင္ျခင္တုံတရားဆိုတာလည္း အဓိပၸါယ္ မရွိဘူးလို႔ အမ်ိဳးသမီးအဖြဲ႕ရဲ့ ဒါရိုက္တာ ေဒၚခင္ေလးက ေထာက္ျပပါတယ္။
“ဆင္ျခင္တုံတရားတို႔ မွန္ကန္တဲ့ဆုံးျဖတ္ခ်က္တို႔ဆိုတာ သူ႔မွာ မွန္ကန္တဲ့အေတြးအေခၚ၊ ဗဟုသုတ၊ ဒီအမႈနဲ႔ ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြ ရွိေနမွျဖစ္တာ။ ဥပမာ တရားသူႀကီးဆို အမ်ားစုက အမ်ိဳးသားေတြ ျဖစ္ေနတယ္။ အမ်ိဳးသမီးျဖစ္တာေတာင္ သူတို႔မွာက အမ်ိဳးသမီး၊ အမ်ိဳးသား Gender Sense ဆိုတာလည္း ေတာ္ေတာ္အားနည္းၿပီးေတာ့ လက္ရွိ ေခတ္နဲ႔ လိုက္ေလ်ာညီေထြတဲ့ သတင္းအခ်က္အလက္ေတြ မရွိထားဘူး” လို႔ သူက ေျပာပါတယ္။
ဘယ္လိုပဲျဖစ္ျဖစ္ ေဗဒင္ဆရာ ေအာင္ခ်စ္ပိုရဲ့ အမႈကေတာ့ မၾကာခင္မွာပဲ မျဖစ္မေနကို တရား႐ုံးေရာက္ေတာ့မွာ အေသအခ်ာပါ။
က်ဴးလြန္ခံရသူ ကာယကံရွင္ အမ်ိဳးသမီး ၂ ဦးအျပင္ တျခားခံရသူ အမ်ိဳးသမီးေတြကလည္း သက္ေသအျဖစ္ ရင္ဆိုင္သြားၾကမွာျဖစ္သလို သံသယရွိသူ ေဗဒင္ဆရာေအာင္ခ်စ္ပိုကလည္း သူက်ဴးလြန္ခဲ့တာ မဟုတ္ေၾကာင္း သက္ေသနဲ႔တကြ ရင္ဆိုင္ၾကေတာ့မွာပါ။
ဒီလိုျမင္သူၾကားသူမဲ့၊ ကာယကံရွင္ကလြဲလို႔ သက္ေသခံအေထာက္အထားမဲ့တဲ့ ဒီအမႈအတြက္ ေနာက္ဆုံး ဆုံး ျဖတ္ခ်က္ကေတာ့ တရားသူႀကီးရဲ့ ဆင္ျခင္တုံတရားသာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ ျမန္မာဗုဒၶဘာသာ ႏွစ္သစ္ကူးျဖစ္တဲ့ ႏွစ္ဆန္း ၁ရက္ေန႔က သမၼတသစ္ ဦးဝင္းျမင့္ေျပာခဲ့တဲ့ ႏွစ္သစ္ မိန႔္ခြန္းမွာ ျမန္မာနိုင္ငံက တရားေရးမ႑ိဳင္ေတြကို တည့္မတ္သြားမယ့္အေၾကာင္း အေလးေပးၿပီး အေသးစိတ္ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
ဒီအမႈရဲ့ ဆုံးျဖတ္ခ်က္ဟာ ျမန္မာနိုင္ငံက တရားသူႀကီးရဲ့ ဆင္ျခင္တုံတရားေတြ ဘယ္ေလာက္စြမ္းမလဲဆိုတာ အ ေျဖေပးနိုင္မယ့္အျပင္ ျမန္မာနိုင္ငံ တရားေရးစနစ္ရဲ့အဓိက စိန္ေခၚမႈတရပ္ျဖစ္တဲ့ အမ်ိဳးသမီးေရးဆိုင္ရာ အမႈ ေတြအတြက္ သမၼတႀကီး ျပဳျပင္ခ်င္တဲ့ တရားေရးမ႑ိဳင္ဟာ ဘယ္ေလာက္အထိ အားကိုးလို႔ရမလဲဆိုတာ ကြင္း ကြင္းကြက္ကြက္ ေတြ႕ ျမင္လာရမွာ အေသအခ်ာပါဘဲ။
က်ဴးလြန္ခံရသူအမ်ိဳးသမီးေတြနဲ႔အတူ တျခားအမ်ိဳးသမီးေတြရဲ့ ျမန္မာနိုင္ငံက ဥပေဒနဲ႔ တရားစီရင္ေရးအေပၚ ယုံၾကည္မႈအတြက္လည္း ဒါဟာ စိန္ေခၚမႈတရပ္ပဲ ျဖစ္ပါတယ္။
“အမႈမနိုင္ခဲ့ရင္ေရာ”လို႔ တရားစြဲဆိုသူ ကာယကံရွင္ အမ်ိဳးသမီးငယ္ကိုေမးေတာ့ သူက အခုလိုေျပာခဲ့ပါတယ္။
“ဒီအတိုင္း ကိုယ့္ဖာသာကိုယ္ေနလိုက္လို႔ရတယ္။ ဒါေပမယ့္လည္း အကုန္လုံးမခံရေအာင္၊ ထပ္ၿပီးေတာ့ မျဖစ္ ေအာင္ဆိုၿပီးေတာ့ ကိုယ္က စလုပ္ၿပီးေတာ့ တရားစြဲလိုက္တယ္။ ဘာမွဆက္မျဖစ္လာဘူးဆိုရင္ ေတာ္ေတာ္ေတာ့ စိတ္ပ်က္မိမွာပဲ။ ဥပေဒေတြေရာ ရဲစခန္းေတြေရာ အကုန္လုံးကို စိတ္ပ်က္မိမွာပဲ”
အဆိုပါေဆာင္းပါးကို HI ( Honest Information )မွ ကူးယူေဖာ္ျပျခင္း ျဖစ္ၿပီး HI ကို ျမန္မာအမ်ိဳးသမီး သမဂၢ (BWU) မွ စီစဥ္လုပ္ေဆာင္ျခင္းျဖစ္သည္။
Source: Irrawaddy News

ဗေဒင်ဆရာအောင်ချစ်ပိုအမှု ဘာဆက်ဖြစ်မလဲ

ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ ဗေဒင်ဆရာ အောင်ချစ်ပိုအမှုကို လူတွေအမှတ်ရချင် မှ ရပါမယ်။
ဒါပေမဲ့ တရားစွဲထားတဲ့ ဗေဒင်ဆရာအမှု ဘယ်တော့ရုံးတင်မလဲဆိုတာ စောင့်မျှော်နားစွင့်နေသူတွေ ရှိပါတယ်။ အဲဒီလူတွေကတော့ တခြားသူတွေမဟုတ်ပါဘူး။ ဗေဒင်ဆရာကို ကာယိနြေ္ဒပျက်စီးစေမှုနဲ့ တရားစွဲခဲ့တဲ့ ကာယကံရှင် အမျိုးသမီးငယ်တွေပါပဲ။
“ရဲစခန်းကတော့ အမှုမှာ ဆိုင်တဲ့အမျိုးသမီးတွေ၊ ပါမယ့်သူတွေကိုလည်း အကုန်လုံးစစ်ဆေးပြီးသွားပြီ။ စစ်ပြီး တာတောင် ရဲစခန်းက အမှုသွားမတင်သေးဘူးဆိုတော့ ရဲစခန်းမှာ ဘာတွေရှုပ်နေသလဲ၊ ဘာတွေလုပ်နေသလဲ မသိဘူး။ ညီမလည်း မပြောတတ်ဘူး” လို့ အမှုတိုင်ကြားသူတွေထဲက ကာယကံရှင်အမျိုးသမီးငယ်တဦးက ပြောပါတယ်။
ဒီအမျိုးသမီးငယ်ဟာ အရင်က သူ့နာမည်ကို သတင်းမီဒီယာတွေမှာ အသုံးပြုခဲ့ပေမယ့် အခုနောက်ပိုင်းမှာတော့ သူ့နာမည်ကို မသုံးစေချင်တော့ဘူးလို့ ပြောလာပါတယ်။
ဗေဒင်မေးတဲ့အချိန်အတွင်း ကာယိနြေ္ဒပျက်စီးစေတဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတွေရှိခဲ့တယ်ဆိုပြီး ဗေဒင် ဆရာအောင်ချစ်ပိုကို အမျိုးသမီးတွေ ကာယိနြေ္ဒပျက်စီးစေမှုဖြစ်တဲ့ ပုဒ်မ(၃၅၄)၊ ခြိမ်းခြောက်မှုဖြစ်တဲ့ ပုဒ်မ (၅၀၆)တို့နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ ဗေဒင်မေးသူ အမျိုးသမီးငယ်တွေဖြစ်တဲ့ တက္ကသိုလ်ကျောင်းသူတဦးနဲ့ ရုပ်ရှင် သရုပ်ဆောင် ဒိန်းဒေါင်ရဲ့သမီးဖြစ်သူ ဒိန်းပိုပိုဒေါင်တို့က စမ်းချောင်းမြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ကြတာ ဖြစ်ပါတယ်။
ကာယကံရှင်အမျိုးသမီးတွေ ကျူးလွန်ခံရတာတွေကို ထုတ်ဖော်ပြောဆိုခဲ့တဲ့ မီဒီယာနဲ့ လူမှုစာမျက်နှာပေါ်က စာနဲ့ရုပ်သံတွေ ထွက်ပေါ်လာတဲ့အချိန်မှာ ဒီသတင်းဟာ လူတွေစိတ်အဝင်စားဆုံးသတင်းဖြစ်ခဲ့ပါတယ်။
ဗေဒင်ဆရာဘက်မှ ရပ်တည်သူနဲ့ အမျိုးသမီးငယ်တွေဘက်က ရပ်တည်သူတွေအကြား အပြန်အလှန်ဝေဖန်မှု တွေလည်း မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ ကိုးထပ်ကြီးဘုရားဝင်းက ဗေဒင်ဟော တဲ့အခန်းကို ဂေါပကအဖွဲ့က ယာယီပိတ်ထားခိုင်းပြီး စမ်းချောင်းမြို့မရဲစခန်းကလည်း သူ့ကိုခေါ်ယူစစ်ဆေးခဲ့ရပါ တယ်။
ဒါပေမယ့်လည်း ရဲစခန်းက ဖမ်းဆီးလိုက်တယ်ဆိုတဲ့သတင်း ကြားပြီးတာနဲ့တဆက်တည်း အာမခံနဲ့ ပြန်လွှတ် လိုက်တယ်လို့ သိရတဲ့အပေါ် အမျိုးသမီးတွေက စိတ်ပျက်ခဲ့ကြရပါတယ်။ စမ်းချောင်းမြို့မရဲစခန်းက ဒုရဲအုပ် ရန်မိုးအောင်ကတော့ တိုင်ကြားတဲ့အမှုဟာ အာမခံပေးလို့ရတဲ့ အမှုဖြစ်တာကြောင့် အာမခံနဲ့လွှတ်ပေးတာဖြစ် တယ်လို့ ပြောပြပါတယ်။
“မှုခင်းတွေမှာ အာမခံပေးရမယ့် အမှုရယ်၊ အာမခံပေးလို့ မရတဲ့အမှုဆိုပြီး နှစ်မျိုးရှိတယ်။ နှစ်မျိုးရှိတဲ့အထဲမှာ ဖွင့် တဲ့အမှုက အာမခံပေးနိုင်လား၊ မပေးနိုင်လားဆိုတာက အရင်ကြည့်ရတယ်။ အာမခံပေးလို့ရတဲ့ ပုဒ်မနဲ့ အမှုဖွင့်ထားတယ်ဆိုရင် ကျနော်တို့က အာမခံ ပေးကို ပေးရတယ်။ အာမခံ မပေးရတဲ့ပုဒ်မနဲ့ ဖွင့်ရင်တော့ ဖမ်းကိုဖမ်းရပါတယ်”
အမျိုးသမီးတွေရဲ့ စိတ်ပျက်မှုက ဒီတခုတည်းတော့ မဟုတ်ပါဘူး။ အမျိုးသမီးတွေအပေါ် ကာယိနြေ္ဒပျက်စီးစေမှုနဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် တိုင်ကြားမယ်ဆိုရင် ကျူးလွန်ခံရသူတွေကိုပဲ အပြစ်တင်တတ်တဲ့ (Victim Blaming) ရှေးရိုးစွဲအမြင်ရှိတဲ့ လူမှုဝန်းကျင်နဲ့ ဒီအမှုကို ဖြေရှင်းပေးဖို့တာဝန်ရှိတဲ့ ဥပဒေဘက်တော် သားတွေရဲ့ပြောဆိုလုပ်ဆောင်မှုတွေကလည်း စိတ်ပျက်စရာဖြစ်စေပါတယ်။
“ဘာလို့ဖြစ်ရတာလဲ၊ ဘာဖြစ်လို့ ခံလာရလဲ။ အဲဒီလို မိန်းကလေးဖက်ကို နည်းနည်းအပြစ်တင်တဲ့သဘောနဲ့ ရဲ က ပြောတာ မေးတာ များတယ်။ အမှန်ဆိုရင် ရဲတွေကို ကြောက်နေရမှာ မဟုတ်ဘူးလေ။ အားကိုးပြီးတော့ အ ကူအညီတောင်းတာ သူတို့ကို ပြန်ကြောက်နေရတယ်” လို့ ကာယကံရှင် အမျိုးသမီးတဦးက ရဲစခန်းမှာ အမှု ဖွင့် ချိန်မှာ ကြုံတွေ့ရတဲ့ သူ့အခက်အခဲကို ပြောပြပါတယ်။
အမှုစတင်တိုင်ကြားစဉ်က ဒီအမျိုးသမီးငယ်လိုပဲ အခြားတွေ့ကြုံခဲ့ရသူ အမျိုးသမီး ၅ ဦးလောက်ရှိပေမယ့် အဘက်ဘက်က စစ်ဆေးမေးမြန်းတဲ့နေရာမှာ ကျူးလွန်ခံရသူ အမျိုးသမီးငယ်တွေကို အပြစ်တင်ပြောဆိုမှုတွေ ရှိတဲ့ အပြင် ကာယကံရှင်တွေနဲ့အတူ မိဘတွေကိုပါ ခေါ်ယူစစ်ဆေးမယ်လို့ ရဲစခန်းက ပြောခဲ့တာကြောင့် အများစု က အမှုမစွဲတော့ပဲ သက်သေအဖြစ်သာ ကူညီပေးဖို့ဆုံးဖြတ်ခဲ့ကြလို့ အမှုစွဲသူမှာ အမျိုးသမီးငယ်တဦးနဲ့ ဒိန်းပိုပို ဒေါင်တို့ ၂ ဦးသာ ကျန်ရှိခဲ့တာဖြစ်ပါတယ်။
အမှုစစ်တဲ့ကာလအတွင်း အမျိုးသမီးတွေအပေါ် အခုလို ပြောဆိုစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး စမ်းချောင်းမြို့မ ရဲစခန်းကို ဆက်သွယ်မေးမြန်းတဲ့အခါ ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဖြေဆိုခွင့်မရှိဘူးလို့ ဒုရဲအုပ်ရန်မိုးအောင်က ပြော ပါတယ်။
“တိုင်းမှာသတင်းပြန်ကြားရေးရှိတယ်။ သတင်းပြန်ကြားရေးကနေ ခွင့်ပြုချက်ယူပြီးတော့ ဒါနဲ့ပတ်သက်ပြီး ဘယ် သူ့ကိုတော့ မေးချင်ပါတယ်၊ ဒါနဲ့ပတ်သက်ပြီးသွားပြောရတာ။ ပြောပြီးကာမှ ခွင့်ပြုချက်ယူပြီးမှ ကျနော်က ဖြေ ပိုင်ခွင့်ရှိတာ” လို့ ဒုရဲအုပ်က ပြောပါတယ်။
တရားမျှတမှုကို ဖော်ဆောင်ပေးမယ့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က ကျူးလွန်ခံရသူ မိန်းကလေးတွေကိုသာ အရှက်ရ အောင်၊ သိမ်ငယ်အောင်လုပ်နေတဲ့ အမူအကျင့်၊ စိတ်ဓာတ်တွေကြီးစိုးနေတဲ့စနစ်ကို မပြင်နိုင်သရွေ့ ကျူးလွန် ခံရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှုကို ရှာဖို့ ခက်ခဲနေဦးမယ်လို့ Triangle Women အဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ပြောပါတယ်။
“ပိုဆိုးတာက သာမန်အမျိုးသမီးတွေ၊ တကယ့်ကို အရှက်တရား ကြီးစိုးပြီးတော့ တခုခုဆိုရင် တိုင်ကြားဖို့ တောင် မဝံ့မရဲဖြစ်နေပြီး၊ အရဲစွန့်ပြီးတော့ သွားတိုင်ရတဲ့ အမျိုးသမီးတွေအတွက်ဆိုရင် ပိုဆိုးမယ်။ တရားရုံးတို့၊ ရဲစခန်း တို့ဆိုတာ လုံး၀ စိတ်ပျက်စရာလိုမျိုး ဖြစ်သွားလို့ရှိရင်တော့ ကျမတို့လိုချင်တဲ့ တရားမျှတမှုကတော့ ပိုပြီးတော့ ဝေးနေမယ်လို့ ထင်တယ်” လို့ ဒေါ်ခင်လေးက ပြောပါတယ်။
ဒီလို အခက်အခဲနဲ့ ကြုံနေရတာကတော့ တိုင်ကြားတဲ့ ကာယကံရှင် အမျိုးသမီးတွေတင် မကပါဘူး။ အခုလို အ မျိုးသမီးတယောက်ကို ထိပါးနှောက်ယှက်တာဟာ ပြစ်မှုကျူးလွန်တာဖြစ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပေမယ့် အမှုဖွင့်တဲ့အခါ တာဝန်ရှိသူတွေဟာ ကျား၊မ တန်းတူရေးဆိုင်ရာ လက်ခံကျင့်သုံးမှု အမူအကျင့်တွေ အားနည်း တဲ့အတွက် အမျိုးသမီးရေးဆိုင်ရာ အမှုကိစ္စတွေ ကိုင်တွယ်ကြတဲ့ ဥပဒေအကျိုးဆောင်ရှေ့နေတွေလည်း အ ခက်အခဲတွေနဲ့ ကြုံတွေ့နေရတာပါ။
“ဒါက လိင်ပိုင်းဆိုင်ရာထိပါးတဲ့ကိစ္စလေ၊ ဘာမှဖြစ်သွားတာ မဟုတ်ဘူးဆိုပြီးတော့ တချို့သော အမျိုးသားတွေရဲ့ အတွေးအခေါ်ပိုင်းပေါ့နော်။ တု့ိရုံထိရုံကိုင်ရုံပဲ ဘာမှဖြစ်သွားတာမဟုတ်ဘူးဆိုတဲ့ အဲဒီလိုမျိုး အတွေးအခေါ်၊ အ မူအကျင့်တွေ ပြောင်းလဲအောင်လုပ်ရမယ်” လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ထောက်ပြပါတယ်။
အမျိုးသမီးငယ် ၂ ဦးဟာ ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေနဲ့ အခက်အခဲတွေများလှတဲ့ စစ်ဆေးမေးမြန်းမှုတွေကို ကျော်ဖြတ်ပြီး အမှုတင်နိုင်ခဲ့ပေမယ့် သူတို့ရဲ့ တိုက်ပွဲကတော့ မပြီးဆုံးသေးပါဘူး။
အခုဆိုရင် အမှုတင်ပြီး ၃ လ နီးပါးကြာခဲ့ပေမယ့် ရဲစခန်းက ဒီအမှုကို တရားရုံး မတင်နိုင်သေးပါဘူး။
စမ်းချောင်းမြို့မရဲစခန်းကတော့ အမှုကို စစ်ဆေးနေဆဲကာလဖြစ်ပြီး တရားရုံးတင်တဲ့အဆင့် မရောက်သေးတဲ့ အကြောင်း ပြောခဲ့ပြီး တရားလိုရှေ့နေတွေနဲ့ သံသယရှိသူဘက်က ရှေ့နေတွေကလည်း အမှုကို ရုံးတင်တဲ့ အချိန်ကို စောင့်နေကြပါတယ်။
ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ ရှေ့နေဖြစ်တဲ့ တရားရုံးလွှတ်တော်ရှေ့နေ ဦးစိုးဝင်းအောင်ကတော့ “ဒီအမှုတွေက တ ရားရုံးကို စွဲတင်ပြီးတော့ တရားရုံးက ဥပဒေနဲ့အညီဆောင်ရွက်မယ်လို့ ကျနော်ယုံကြည်ပါတယ်” လို့ပြောပြီး အမှုကို တရားရုံးမတင်သေးတဲ့အတွက် အမှုနဲ့ပတ်သက်လို့ ဘာမှပြောလို့မရသေးကြောင်း ပြောပါတယ်။
တရားမျှတမှုရဖို့ ကြိုးစားတဲ့ ပထမခြေလှမ်းမှာတင် အမျိုးသမီးငယ်နှစ်ဦးအတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရ ပေမယ့် တကယ်တမ်း သူတို့ရဲ့ တရားမျှတရေးအတွက် တိုက်ပွဲစမယ့်အချိန်က တရားရုံးတက်တဲ့ အချိန်ပဲ ဖြစ်ပါ တယ်။
တရားရင်ဆိုင်တဲ့အခါ အမျိုးသမီးငယ် ၂ ဦး ရင်ဆိုင်ရမယ့် အဓိကစိန်ခေါ်မှုက သက်သေအထောက်အထားဆို တာပဲဖြစ်ပါတယ်။ ပုဒ်မ ၅၀၉ နဲ့ ပုဒ်မ ၃၄၅ တို့ဟာ တရားစွဲဆိုတဲ့အခါ သက်သေအထောက်အထား ခိုင်လုံမှ တရားနိုင်ဖို့ရှိပါတယ်။
“သက်သေအထောက်အထား မခိုင်မာပဲနဲ့ တဖက်လူကိုတော့ ကံတရားရဲ့ အကျိုးကို တရားခံသာလျှင်၊ စွပ်စွဲခံရ သူသာလျှင် ခံစားခွင့်ရှိတာမို့လို့ သက်သေအထောက်အထားတော့ ခိုင်မာဖို့လိုတယ်” လို့ တရားရုံးလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။
ဒီအချက်အလက်ကိုပဲ အခြေခံပြီး ဗေဒင်ဆရာအောင်ချစ်ပိုရဲ့ သတင်းမီဒီယာ အင်တာဗျူးတွေမှာ ဗီဒီယိုနဲ့ ဓာတ် ပုံသက်သေတွေကို အဓိက ထောက်ပြပြောဆိုငြင်းချက်ထုတ်ခဲ့တာတွေ တွေ့ရတဲ့အပြင် စွပ်စွဲသူ အမျိုးသမီး ၂ ဦးစလုံးကိုလည်း အသရေဖျက်မှုနဲ့ တန်ပြန်တရားစွဲဆိုမှုလည်း ရှိခဲ့ပါတယ်။
ဒါပေမဲ့ တရားစွဲဆိုသူ အမျိုးသမီးငယ်တွေမှာတော့ သူတို့ကိုယ်တိုင်ကြုံတွေ့မှုကလွဲပြီး တခြားဘာသက်သေမှ မရှိနေပါဘူး။
“မိန်းကလေးတွေလေ။ မဟုတ်ဘဲနဲ့တော့မပြောဘူး။ သက်သေရှိတယ်လေ။ ဗီဒီယို အသံသက်သေ မရှိပေမယ့် လူသက်သေရှိပါတယ်” လို့ တရားလို ဒိန်းပိုပိုဒေါင်က ပြောပါတယ်။
တခြားခိုင်မာတဲ့ သက်သေမရှိပေမယ့်လည်း တရားလို အမျိုးသမီးငယ်တွေအတွက် မျှော်လင့်ချက်မဲ့တဲ့ အနေအ ထားတော့ မဟုတ်သေးပါဘူး။ အမှုအနေအထားအရ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားနဲ့ ပြစ်ဒဏ်ချမှတ်နိုင်ခဲ့တဲ့ အခုအမှုနဲ့တူတဲ့ အခြားအမှုတွေလည်း ရှိခဲ့တယ်လို့ တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။
“နှစ်ယောက်တည်းရှိနေတဲ့ အနေအထားတွေမှာ လာလုပ်တာ ဖြစ်တဲ့အတွက်နဲ့ အဲဒီလိုမျိုး တိုင်လိုက်တဲ့အခါမှာလည်း ပတ်ဝန်းကျင် အနေအထားအရ ဒါဟာ အမျိုးသမီးတယောက်ကနေပြီး ဘာအကြောင်းပြချက်မှ မရှိပဲနဲ့ လိမ်ဆင်လုပ်ပြီးတော့ တိုင်နိုင်မှာမဟုတ်ဘူး၊ အဲဒါကြောင့် လူမြင်ကွင်း မဟုတ်တဲ့နေရာမှာ ဖြစ်တဲ့ကိစ္စနဲ့ သက်သေ အထောက်အထားတင်ပြဖို့ ခက်ခဲနေတဲ့အနေအထားမှာ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားအရ အပြစ်ပေး လို့ ရတာလည်း ရှိပါတယ်” လို့ ရှေ့နေ ဒေါ်လှလှရီက ပြောပါတယ်။
ဒီနေရာမှာ မေးခွန်းထုတ်စရာတခုက အမှုစစ်ဆေးတဲ့နေရာတွေကအစ အမျိုးသမီးရေးဆိုင်ရာအမှုတွေအတွက် ကူညီပံ့ပိုးမှုအားနည်းတဲ့ မြန်မာနိုင်ငံမှာ တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားက ဒီလို အမျိုးသမီးရေးရာ အမှု တွေမှာ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချဖို့ ဘယ်လောက်အထိ ဖြစ်နိုင်ချေရှိသလဲဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။
အမျိုးသမီးတွေဘက်မှာ စာနာပြီးတွေးပေးရမယ်ဆိုတဲ့ အသိမရှိရင် ဆင်ခြင်တုံတရားဆိုတာလည်း အဓိပ္ပါယ် မရှိဘူးလို့ အမျိုးသမီးအဖွဲ့ရဲ့ ဒါရိုက်တာ ဒေါ်ခင်လေးက ထောက်ပြပါတယ်။
“ဆင်ခြင်တုံတရားတို့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တို့ဆိုတာ သူ့မှာ မှန်ကန်တဲ့အတွေးအခေါ်၊ ဗဟုသုတ၊ ဒီအမှုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ရှိနေမှဖြစ်တာ။ ဥပမာ တရားသူကြီးဆို အများစုက အမျိုးသားတွေ ဖြစ်နေတယ်။ အမျိုးသမီးဖြစ်တာတောင် သူတို့မှာက အမျိုးသမီး၊ အမျိုးသား Gender Sense ဆိုတာလည်း တော်တော်အားနည်းပြီးတော့ လက်ရှိ ခေတ်နဲ့ လိုက်လျောညီထွေတဲ့ သတင်းအချက်အလက်တွေ မရှိထားဘူး” လို့ သူက ပြောပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗေဒင်ဆရာ အောင်ချစ်ပိုရဲ့ အမှုကတော့ မကြာခင်မှာပဲ မဖြစ်မနေကို တရားရုံးရောက်တော့မှာ အသေအချာပါ။
ကျူးလွန်ခံရသူ ကာယကံရှင် အမျိုးသမီး ၂ ဦးအပြင် တခြားခံရသူ အမျိုးသမီးတွေကလည်း သက်သေအဖြစ် ရင်ဆိုင်သွားကြမှာဖြစ်သလို သံသယရှိသူ ဗေဒင်ဆရာအောင်ချစ်ပိုကလည်း သူကျူးလွန်ခဲ့တာ မဟုတ်ကြောင်း သက်သေနဲ့တကွ ရင်ဆိုင်ကြတော့မှာပါ။
ဒီလိုမြင်သူကြားသူမဲ့၊ ကာယကံရှင်ကလွဲလို့ သက်သေခံအထောက်အထားမဲ့တဲ့ ဒီအမှုအတွက် နောက်ဆုံး ဆုံး ဖြတ်ချက်ကတော့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရားသာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မြန်မာဗုဒ္ဓဘာသာ နှစ်သစ်ကူးဖြစ်တဲ့ နှစ်ဆန်း ၁ရက်နေ့က သမ္မတသစ် ဦးဝင်းမြင့်ပြောခဲ့တဲ့ နှစ်သစ် မိန့်ခွန်းမှာ မြန်မာနိုင်ငံက တရားရေးမဏ္ဍိုင်တွေကို တည့်မတ်သွားမယ့်အကြောင်း အလေးပေးပြီး အသေးစိတ် ထည့်သွင်းပြောကြားခဲ့ပါတယ်။
ဒီအမှုရဲ့ ဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံက တရားသူကြီးရဲ့ ဆင်ခြင်တုံတရားတွေ ဘယ်လောက်စွမ်းမလဲဆိုတာ အ ဖြေပေးနိုင်မယ့်အပြင် မြန်မာနိုင်ငံ တရားရေးစနစ်ရဲ့အဓိက စိန်ခေါ်မှုတရပ်ဖြစ်တဲ့ အမျိုးသမီးရေးဆိုင်ရာ အမှု တွေအတွက် သမ္မတကြီး ပြုပြင်ချင်တဲ့ တရားရေးမဏ္ဍိုင်ဟာ ဘယ်လောက်အထိ အားကိုးလို့ရမလဲဆိုတာ ကွင်း ကွင်းကွက်ကွက် တွေ့ မြင်လာရမှာ အသေအချာပါဘဲ။
ကျူးလွန်ခံရသူအမျိုးသမီးတွေနဲ့အတူ တခြားအမျိုးသမီးတွေရဲ့ မြန်မာနိုင်ငံက ဥပဒေနဲ့ တရားစီရင်ရေးအပေါ် ယုံကြည်မှုအတွက်လည်း ဒါဟာ စိန်ခေါ်မှုတရပ်ပဲ ဖြစ်ပါတယ်။
“အမှုမနိုင်ခဲ့ရင်ရော”လို့ တရားစွဲဆိုသူ ကာယကံရှင် အမျိုးသမီးငယ်ကိုမေးတော့ သူက အခုလိုပြောခဲ့ပါတယ်။
“ဒီအတိုင်း ကိုယ့်ဖာသာကိုယ်နေလိုက်လို့ရတယ်။ ဒါပေမယ့်လည်း အကုန်လုံးမခံရအောင်၊ ထပ်ပြီးတော့ မဖြစ် အောင်ဆိုပြီးတော့ ကိုယ်က စလုပ်ပြီးတော့ တရားစွဲလိုက်တယ်။ ဘာမှဆက်မဖြစ်လာဘူးဆိုရင် တော်တော်တော့ စိတ်ပျက်မိမှာပဲ။ ဥပဒေတွေရော ရဲစခန်းတွေရော အကုန်လုံးကို စိတ်ပျက်မိမှာပဲ”
အဆိုပါဆောင်းပါးကို HI ( Honest Information )မှ ကူးယူဖော်ပြခြင်း ဖြစ်ပြီး HI ကို မြန်မာအမျိုးသမီး သမဂ္ဂ (BWU) မှ စီစဉ်လုပ်ဆောင်ခြင်းဖြစ်သည်။
Source: Irrawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...