အစားအစာကို အႏၲရာယ္ကင္းျပီး အာဟာရျဖစ္ေအာင္ ဘယ္လုိစားၾကမလဲ
မစားမျဖစ္ စားေနရတဲ့ အစားအစာေတြကို စိတ္ခ်လက္ခ် စားသုံးနိုင္တဲ့ အေနအထား တရပ္ထိ ေရာက္ရွိေအာင္ ဘာေတြ လုပ္ေဆာင္ ေပးသင့္သလဲ လို႔လည္း ဆက္စပ္ စဥ္းစားမိ ပါတယ္။
စိုက္ပ်ိဳး ထုတ္လုပ္ရာကေန သယ္ယူ ပို႔ေဆာင္တဲ့ အဆင့္၊ ေဈးကြက္ထဲကေန ဝယ္ယူရာကေန ခ်က္ျပဳတ္စားေသာက္တဲ့ အဆင့္အထိ စိတ္ခ်ေဘးကင္းဖို႔ လိုအပ္ေနပါတယ္။
အရင္တုန္းက စိုက္ပ်ိဳးေရးလုပ္ငန္းမွာ သဘာဝေျမၾသဇာေတြ သုံးၿပီး စိုက္ပ်ိဳးခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ဓာတ္ေျမၾသဇာေတြ၊ ပိုးသတ္ေဆးေတြ အသုံးျပဳလာခဲ့ပါတယ္။ ဟင္းသီးဟင္းရြက္ေတြ၊ သစ္သီးဝလံေတြမွာ ရွိတဲ့ ဓာတုပစၥည္းေတြ ႂကြင္းက်န္ေနတတ္တာမို႔ မစင္ရင္ အႏၲရာယ္ ရွိပါတယ္။
ေဂၚဖီထုပ္၊ ပန္းေပၚဖီစိမ္း၊ ႐ုံးပတီသီး၊ မုန႔္ညင္း၊ ခရမ္းသီး၊ ခရမ္းခ်ဥ္သီးစတဲ့ ေန႔စဥ္ စားသုံးေနတဲ့ ဟင္းသီးဟင္းရြက္ေတြမွာ သာမက ငွက္ေပ်ာသီး၊ သရက္သီး၊ ပန္းသီးစတဲ့ သစ္သီးဝလံေတြထိ ဓာတုေဆး အႂကြင္းအက်န္ေတြရဲ့ သက္ေရာက္မႈေတြ ရွိေနတာကို သတိျပဳသင့္ပါတယ္။
ဒါေၾကာင့္ ဟင္းသီးဟင္းရြက္ေတြကို မခ်က္ျပဳတ္ခင္ ဆားရည္ထဲမွာ ၄၅ မိနစ္၊ ၁ နာရီ ခန႔္ ၾကာေအာင္ စိမ္ထားသင့္ပါတယ္။ အဲဒီေလာက္ စိမ္ထားတာေတာင္ စိတ္ခ်ရတဲ့ အေနအထား မဟုတ္ေသးပါဘူး။ တို႔စရာ အေနနဲ႔ တခ်ိဳ႕အသီးအရြက္ေတြကို အစိမ္းစားတတ္တဲ့ အေလ့အက်င့္ကိုလည္း တျဖည္းျဖည္း ျပဳျပင္သင့္ပါတယ္။
ဓာတုဓာတ္ေျမၾသဇာေတြ သုံးၿပီး စိုက္ပ်ိဳးတဲ့ ေျမေတြဟာ အေစာပိုင္းမွာ အထြက္ႏႈန္းေကာင္းနိုင္ေပမယ့္ ေနာက္ပိုင္းမွာ ေျမဆီလႊာ ပ်က္စီးမႈ ျဖစ္ေပၚလာနိုင္ပါတယ္။ ၿပီးေတာ့ စပါးနဲ႔ဟင္းသီးဟင္းရြက္မွာ စပါးစိုက္ပ်ိဳးမႈမွာ ဓာတ္ေျမၾသဇာ မ်ားမ်ား သုံးရင္ ေျမဆီလႊာ ပ်က္စီးတဲ့ ဧရိယာလည္း ပိုမ်ားလာနိုင္ပါတယ္။
Organic Farming လို႔ေခၚတဲ့ သဘာဝဓာတ္ေျမၾသဇာ သုံးၿပီး စိုက္ပ်ိဳးမႈကို အားေပးလုပ္ေဆာင္သင့္ပါတယ္။ ဟင္းသီးဟင္းရြက္ေတြ သာမက ေဈးကြက္ထဲမွာ ေဖာေဖာသီသီ ဝယ္ယူ ရရွိနိုင္တဲ့ အသင့္စားအစားအစာ (Ready Made) ေတြရဲ့ အႏၲရာယ္ကလည္း မေသးပါဘူး။
က်မတို႔ ေရွာင္ရွားရမယ့္ အစားအစာေတြမွာ Processed food လို႔ေခၚတဲ့ ေရရွည္ခံေအာင္ ျပဳျပင္စီမံထားတဲ့ အစားအစာ ေတြ ပါဝင္ပါတယ္။ စည္သြပ္ဘူးေတြ၊ ေခါက္ဆြဲေျခာက္ထုပ္ေတြ၊ ယိုစုံထုပ္ေတြကို ဝယ္ယူေတာ့မယ္ လို႔ စိတ္ကူးရင္ ပထမဦးဆုံး ထုတ္လုပ္တဲ့ ရက္စြဲ (Manufactured date) နဲ႔ သက္တမ္းကုန္တဲ့ရက္စြဲ (Expired Date) ပါ၊ မပါ စစ္ေဆး ရမွာ ပါ။ ေနာက္တခ်က္က အာဟာရတန္ဖိုး (Nutritious value) ကို ဘူးေတြ၊ အိတ္ခြဲေတြေပၚမွာ ေဖာ္ျပထားရဲ့လား ဆိုတာ စစ္ေဆး ရမွာပါ။
ဒါအျပင္ အေရးႀကီးတဲ့ အခ်က္တခ်က္က ပါဝင္ပစၥည္း (Ingredient) ေတြကိုေရာ တိတိက်က် ေရးသားထားရဲ့လား ဆိုတာ စစ္ေဆးရပါမယ္။ ထုတ္လုပ္တဲ့ ကုမၸဏီကို ဆက္သြယ္နိုင္မယ့္ ဖုန္းနံပါတ္နဲ႔ လိပ္စာ ပါ၊ မပါ ၾကည့္ရႈ႔စစ္ေဆးဖို႔လည္း မေမ့သင့္ပါဘူး။
ဒါေပမယ့္ က်မတို႔ အမ်ားစုဟာ အထက္မွာ ေဖာ္ျပခဲ့တဲ့ အခ်က္ေတြကို ေစ့ေစ့စပ္စပ္ ၾကည့္သူ နည္းပါတယ္။ အေရးမႀကီးဘူး လို႔လည္း မွတ္ထင္ၾကပါတယ္။ အဂၤလိပ္လိုလည္း ေရးမထား၊ ျမန္မာလိုလည္း ေရးမထားတဲ့ Ready Made ဘူးေတြကို ဝယ္ယူ စားသုံးမိရင္ တာရွည္ခံေအာင္ အသုံးျပဳထားတဲ့ ဓာတုပစၥည္းေတြေၾကာင့္ အနည္းနဲ႔အမ်ား ဆိုသလို က်န္းမာေရး ထိခိုက္မႈေတြ ျဖစ္လာမွာပါ။ မူးေဝတာ၊ ဇက္ေၾကာတက္တာ၊ အျမင္အာ႐ုံ ထိခိုက္တာ အပါအဝင္ အသည္းေရာင္ အသားဝါ ေရာဂါ အထိ ျဖစ္ပြားနိုင္ပါတယ္။
ကမၻာေပၚမွာ အမဲသားစည္သြပ္ဘူး အဓိက ထုတ္လုပ္ေရာင္းခ်တဲ့ နိုင္ငံေတြမွာေတာင္ က်န္းမာေရး အရ စိတ္မခ်ရဘူး ဆိုတဲ့ ျပႆနာေတြ ေပၚေပါက္ခဲ့လို႔ ေဈးကြက္ထဲကေန ျပန္႐ုပ္သိမ္းခဲ့ရတဲ့ သာဓကေတြ ရွိပါတယ္။ ဒါေၾကာင့္ ျဖစ္နိုင္ရင္ လတ္လတ္ဆတ္ဆတ္ ဝယ္ထားတဲ့ သား၊ ငါးေတြကိုပဲ အပူခ်ိန္မ်ားမ်ား ေပးၿပီး ခ်က္ျပဳတ္ စားေသာက္တာက ပိုမို ေကာင္းမြန္တဲ့ ေရြးခ်ယ္မႈ ျဖစ္ပါတယ္။
စားေသာက္ဆိုင္ေတြက ေရာင္းခ်တဲ့ ဟင္းလ်ာေတြထဲမွာ အခ်ိဳမႈန႔္၊ ဒါမွမဟုတ္ ၾကက္သားမႈန႔္ ပါဝင္ေနတာကလည္း က်န္းမာေရး အတြက္ ျပႆနာ တရပ္ပါ။ ဘာလို႔လဲ ဆိုေတာ့ MSG (Mono Sodium Glutamate) လို႔ေခၚတဲ့ အခ်ိဳမႈန႔္ကို ဟင္းလ်ာေတြထဲ ၾကာရွည္ ထည့္သြင္း စားသုံးတာက ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ ျဖစ္ေစတယ္ ဆိုတာ ၁၉၆၈ ခုႏွစ္ ကတည္းက ေတြ႕ရွိခဲ့ရပါတယ္။ အခ်ိဳမႈန႔္ေၾကာင့္ ျဖစ္နိုင္တဲ့ ေရာဂါေတြကေတာ့ အဝလြန္ေရာဂါ၊ အယ္ဇိုင္းမားေရာဂါ၊ ပန္းနာေရာဂါ၊ ႏွလုံးေလသင္တုန္း ျဖတ္ျခင္း၊ ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါနဲ႔ မ်က္ေစ့အျမင္ ကြယ္နိုင္ျခင္းတို႔ ျဖစ္ပါတယ္။
ဒါေၾကာင့္ လၽွာကို အလိုမလိုက္ဘဲ အခ်ိဳမႈန႔္ မပါတဲ့ ဟင္းလ်ာေတြ ခ်က္ျပဳတ္စားေသာက္ရမွာ ျဖစ္သလို စားေသာက္ဆိုင္ ေတြမွာ ဟင္းမွာရင္ အခ်ိဳမႈန႔္မထည့္ဖို႔ သတိေပးသင့္ပါတယ္။ လမ္းေဘးမွာ ေရာင္းခ်တဲ့ အသုပ္ဆိုင္ေတြမွာ ဆိုရင္လည္း ေရာင္းခ်သူက အခ်ိဳမႈန႔္နဲ႔ င႐ုတ္သီးမႈန႔္ကို ဇြန္းနဲ႔ ခပ္ထည့္တာ မၾကာခဏေတြ႕ေနရတာပါ။ ခုထက္ထိ FDA က အခ်ိဳမႈန႔္ကို စားသုံးဖို႔ မသင့္ေတာ္ဘူး လို႔ တရားဝင္ မေၾကညာေသး ေပမယ့္ ခ်င့္ခ်ိန္စားသုံးတာ ပိုေကာင္းပါတယ္။
ကင္ဆာေရာဂါေတြ ျဖစ္ပြားမႈမွာ ျမန္မာနိုင္ငံဟာ အေရွ႕ေတာင္အာရွမွာ ဒုတိယ အျမင့္မားဆုံး ျဖစ္ေနၿပီး ျဖစ္ေစတဲ့ အေၾကာင္းရင္း ေတြထဲမွာ စားေသာက္ေနထိုင္မႈ ပုံစံက အေၾကာင္းရင္း တခ်က္အေနနဲ႔ ပါဝင္ေနပါတယ္။ င႐ုတ္ေျခာက္၊ င႐ုတ္သီးမႈန႔္နဲ႔ ၾကာရွည္ခံေအာင္ ေၾကာ္ေလွာ္ထားတဲ့ အစားအစာေတြထဲမွာ အသည္းကင္ဆာ ျဖစ္ေစနိုင္တဲ့ “အာဖလာ ေတာက္ဆင္မွို” ေတြပါဝင္ေနတာကို မေမ့သင့္ပါဘူး။
FDA ရဲ့ စမ္းသပ္မႈေတြ၊ ဓာတ္ခြဲမႈေတြ အရ ေဈးကြက္ထဲမွာ ေရာင္းခ်ေနတဲ့ င႐ုတ္သီးမႈန႔္ေတြမွာ အာဖလာေတာက္ဆင္ ပါတာ ေတြ႕ရွိထားပါတယ္။ ျပန္ေၾကာ္ဆီလို႔ေခၚတဲ့ သုံးၿပီးသား ဆီမွာ အစားအစာ တခုခုကို ထပ္ေၾကာ္ေလွာ္တဲ့ ဆီဟာ ခႏၶာကိုယ္ အတြက္ အႏၲရာယ္ျဖစ္ေစတဲ့ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ျဖစ္ေစ သလို အသည္းအဆီဖုံးတာပါ ျဖစ္ေစနိုင္ တာကို သတိျပဳသင့္ပါတယ္။
ပဲေသြး၊ ပဲျပားေတြမွာလည္း လူေသေကာင္ေတြကို မပုပ္သိုးေအာင္ စီမံရာမွာ အသုံးျပဳတဲ့ ေဖာ္မလင္ အသုံးျပဳထားတာကို FDA က စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။ စည္းကမ္း မလိုက္နာတဲ့ ပဲေသြးစက္႐ုံတခ်ိဳ႕ကို ထုတ္လုပ္ခြင့္ ၆ လ ပိတ္သိမ္းခဲ့တာ လည္း ရွိပါတယ္။ ေဖာ္မလင္ဟာ ကင္ဆာျဖစ္ေစနိုင္႐ုံသာမက သားပ်က္သားေလၽွာတာ၊ ကိုယ္လက္အဂၤါမစုံလင္တဲ့ ကေလးေတြ ေမြးဖြားလာတာအထိ ျဖစ္နိုင္ပါတယ္။
ခႏၶာကိုယ္ အတြက္ အဆိပ္အေတာက္ ျဖစ္ေစနိုင္တာေတြကို ေငြေပးၿပီး ဝယ္စားေနရတာမ်ိဳး မျဖစ္ေအာင္ က်မတို႔ဟာ အသိ၊ သတိနဲ႔ ေရွာင္ရွားရမွာပါ။ အစားအစာ လုံျခဳံစိတ္ခ်ရမႈ အတြက္ FDA မွာ တာဝန္ရွိသလို တဖက္ကလည္း ျပည္သူေတြ အေနနဲ႔ စားသုံးသူေရးရာ ဦးစီးဌာနကို တိုင္ၾကားဖို႔ လိုအပ္ပါတယ္။
ျပည္သူေတြၾကားထဲ အသိပညာေပးမႈေတြ ျပဳလုပ္လာတာဟာ ေကာင္းမြန္တဲ့ လကၡဏာျဖစ္ေပမယ့္ Farm to Fork လို႔ တင္စားသုံးႏႈန္းတဲ့ ယာခင္းကေန ခက္ရင္းနဲ႔ စားသုံးတဲ့ အဆင့္ထိ စိတ္ခ်လုံျခဳံမႈ ရွိေရးကို လုပ္ေဆာင္သြားတာ ပိုေကာင္းမြန္ပါတယ္။
အက်ိဳးအျမတ္ ရေရးကိုပဲ ေရွးရႈတဲ့ သူေတြကို ထိေရာက္တဲ့ အေရးယူမႈေတြ ျပဳလုပ္ရမွာ ျဖစ္သလို တရားမဝင္ ဝင္ေရာက္လာတဲ့ အစားအစာေတြကို ေဈးကြက္ထဲ မေရာက္ရွိေအာင္ ထိန္းခ်ဳပ္မွ၊ ျပည္သူေတြရဲ့ စားသုံးသူအခြင့္အေရးကို ကာကြယ္ေပး နိုင္မွသာ ေဘးကင္းစိတ္ခ်လုံျခဳံတဲ့ အစားအစာေတြ စားေသာက္နိုင္မွာ ျဖစ္ပါေၾကာင္း။
Source: Irrawaddy News
အစားအစာကို အန္တရာယ်ကင်းပြီး အာဟာရဖြစ်အောင် ဘယ်လိုစားကြမလဲ
နေ့စဉ်နဲ့အမျှ အစားအစာတွေ စားသုံးနေရတာဟာ ခန္ဓာကိုယ်ကို အာဟာရ ဖြစ်ဖို့ထက် အန္တရာယ်ဖြစ်ဖို့ အလားအလာ များနေပြီလား လို့ တွေးမိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ အစားအစာတွေရဲ့ ဘေးကင်းစိတ်ချရမှု (Food Safety) ဟာ ကျမတို့ မြန်မာနိုင်ငံမှာ တော်တော်လေး အားနည်းနေလို့ ပါပဲ။မစားမဖြစ် စားနေရတဲ့ အစားအစာတွေကို စိတ်ချလက်ချ စားသုံးနိုင်တဲ့ အနေအထား တရပ်ထိ ရောက်ရှိအောင် ဘာတွေ လုပ်ဆောင် ပေးသင့်သလဲ လို့လည်း ဆက်စပ် စဉ်းစားမိ ပါတယ်။
စိုက်ပျိုး ထုတ်လုပ်ရာကနေ သယ်ယူ ပို့ဆောင်တဲ့ အဆင့်၊ ဈေးကွက်ထဲကနေ ဝယ်ယူရာကနေ ချက်ပြုတ်စားသောက်တဲ့ အဆင့်အထိ စိတ်ချဘေးကင်းဖို့ လိုအပ်နေပါတယ်။
အရင်တုန်းက စိုက်ပျိုးရေးလုပ်ငန်းမှာ သဘာဝမြေသြဇာတွေ သုံးပြီး စိုက်ပျိုးခဲ့ပေမယ့် နောက်ပိုင်းမှာ ဓာတ်မြေသြဇာတွေ၊ ပိုးသတ်ဆေးတွေ အသုံးပြုလာခဲ့ပါတယ်။ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးဝလံတွေမှာ ရှိတဲ့ ဓာတုပစ္စည်းတွေ ကြွင်းကျန်နေတတ်တာမို့ မစင်ရင် အန္တရာယ် ရှိပါတယ်။
ဂေါ်ဖီထုပ်၊ ပန်းပေါ်ဖီစိမ်း၊ ရုံးပတီသီး၊ မုန့်ညင်း၊ ခရမ်းသီး၊ ခရမ်းချဉ်သီးစတဲ့ နေ့စဉ် စားသုံးနေတဲ့ ဟင်းသီးဟင်းရွက်တွေမှာ သာမက ငှက်ပျောသီး၊ သရက်သီး၊ ပန်းသီးစတဲ့ သစ်သီးဝလံတွေထိ ဓာတုဆေး အကြွင်းအကျန်တွေရဲ့ သက်ရောက်မှုတွေ ရှိနေတာကို သတိပြုသင့်ပါတယ်။
ဒါကြောင့် ဟင်းသီးဟင်းရွက်တွေကို မချက်ပြုတ်ခင် ဆားရည်ထဲမှာ ၄၅ မိနစ်၊ ၁ နာရီ ခန့် ကြာအောင် စိမ်ထားသင့်ပါတယ်။ အဲဒီလောက် စိမ်ထားတာတောင် စိတ်ချရတဲ့ အနေအထား မဟုတ်သေးပါဘူး။ တို့စရာ အနေနဲ့ တချို့အသီးအရွက်တွေကို အစိမ်းစားတတ်တဲ့ အလေ့အကျင့်ကိုလည်း တဖြည်းဖြည်း ပြုပြင်သင့်ပါတယ်။
ဓာတုဓာတ်မြေသြဇာတွေ သုံးပြီး စိုက်ပျိုးတဲ့ မြေတွေဟာ အစောပိုင်းမှာ အထွက်နှုန်းကောင်းနိုင်ပေမယ့် နောက်ပိုင်းမှာ မြေဆီလွှာ ပျက်စီးမှု ဖြစ်ပေါ်လာနိုင်ပါတယ်။ ပြီးတော့ စပါးနဲ့ဟင်းသီးဟင်းရွက်မှာ စပါးစိုက်ပျိုးမှုမှာ ဓာတ်မြေသြဇာ များများ သုံးရင် မြေဆီလွှာ ပျက်စီးတဲ့ ဧရိယာလည်း ပိုများလာနိုင်ပါတယ်။
Organic Farming လို့ခေါ်တဲ့ သဘာဝဓာတ်မြေသြဇာ သုံးပြီး စိုက်ပျိုးမှုကို အားပေးလုပ်ဆောင်သင့်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ သာမက ဈေးကွက်ထဲမှာ ဖောဖောသီသီ ဝယ်ယူ ရရှိနိုင်တဲ့ အသင့်စားအစားအစာ (Ready Made) တွေရဲ့ အန္တရာယ်ကလည်း မသေးပါဘူး။
ကျမတို့ ရှောင်ရှားရမယ့် အစားအစာတွေမှာ Processed food လို့ခေါ်တဲ့ ရေရှည်ခံအောင် ပြုပြင်စီမံထားတဲ့ အစားအစာ တွေ ပါဝင်ပါတယ်။ စည်သွပ်ဘူးတွေ၊ ခေါက်ဆွဲခြောက်ထုပ်တွေ၊ ယိုစုံထုပ်တွေကို ဝယ်ယူတော့မယ် လို့ စိတ်ကူးရင် ပထမဦးဆုံး ထုတ်လုပ်တဲ့ ရက်စွဲ (Manufactured date) နဲ့ သက်တမ်းကုန်တဲ့ရက်စွဲ (Expired Date) ပါ၊ မပါ စစ်ဆေး ရမှာ ပါ။ နောက်တချက်က အာဟာရတန်ဖိုး (Nutritious value) ကို ဘူးတွေ၊ အိတ်ခွဲတွေပေါ်မှာ ဖော်ပြထားရဲ့လား ဆိုတာ စစ်ဆေး ရမှာပါ။
ဒါအပြင် အရေးကြီးတဲ့ အချက်တချက်က ပါဝင်ပစ္စည်း (Ingredient) တွေကိုရော တိတိကျကျ ရေးသားထားရဲ့လား ဆိုတာ စစ်ဆေးရပါမယ်။ ထုတ်လုပ်တဲ့ ကုမ္ပဏီကို ဆက်သွယ်နိုင်မယ့် ဖုန်းနံပါတ်နဲ့ လိပ်စာ ပါ၊ မပါ ကြည့်ရှု့စစ်ဆေးဖို့လည်း မမေ့သင့်ပါဘူး။
ဒါပေမယ့် ကျမတို့ အများစုဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အချက်တွေကို စေ့စေ့စပ်စပ် ကြည့်သူ နည်းပါတယ်။ အရေးမကြီးဘူး လို့လည်း မှတ်ထင်ကြပါတယ်။ အင်္ဂလိပ်လိုလည်း ရေးမထား၊ မြန်မာလိုလည်း ရေးမထားတဲ့ Ready Made ဘူးတွေကို ဝယ်ယူ စားသုံးမိရင် တာရှည်ခံအောင် အသုံးပြုထားတဲ့ ဓာတုပစ္စည်းတွေကြောင့် အနည်းနဲ့အများ ဆိုသလို ကျန်းမာရေး ထိခိုက်မှုတွေ ဖြစ်လာမှာပါ။ မူးဝေတာ၊ ဇက်ကြောတက်တာ၊ အမြင်အာရုံ ထိခိုက်တာ အပါအဝင် အသည်းရောင် အသားဝါ ရောဂါ အထိ ဖြစ်ပွားနိုင်ပါတယ်။
ကမ္ဘာပေါ်မှာ အမဲသားစည်သွပ်ဘူး အဓိက ထုတ်လုပ်ရောင်းချတဲ့ နိုင်ငံတွေမှာတောင် ကျန်းမာရေး အရ စိတ်မချရဘူး ဆိုတဲ့ ပြဿနာတွေ ပေါ်ပေါက်ခဲ့လို့ ဈေးကွက်ထဲကနေ ပြန်ရုပ်သိမ်းခဲ့ရတဲ့ သာဓကတွေ ရှိပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လတ်လတ်ဆတ်ဆတ် ဝယ်ထားတဲ့ သား၊ ငါးတွေကိုပဲ အပူချိန်များများ ပေးပြီး ချက်ပြုတ် စားသောက်တာက ပိုမို ကောင်းမွန်တဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။
စားသောက်ဆိုင်တွေက ရောင်းချတဲ့ ဟင်းလျာတွေထဲမှာ အချိုမှုန့်၊ ဒါမှမဟုတ် ကြက်သားမှုန့် ပါဝင်နေတာကလည်း ကျန်းမာရေး အတွက် ပြဿနာ တရပ်ပါ။ ဘာလို့လဲ ဆိုတော့ MSG (Mono Sodium Glutamate) လို့ခေါ်တဲ့ အချိုမှုန့်ကို ဟင်းလျာတွေထဲ ကြာရှည် ထည့်သွင်း စားသုံးတာက နောက်ဆက်တွဲ ဆိုးကျိုးတွေ ဖြစ်စေတယ် ဆိုတာ ၁၉၆၈ ခုနှစ် ကတည်းက တွေ့ရှိခဲ့ရပါတယ်။ အချိုမှုန့်ကြောင့် ဖြစ်နိုင်တဲ့ ရောဂါတွေကတော့ အဝလွန်ရောဂါ၊ အယ်ဇိုင်းမားရောဂါ၊ ပန်းနာရောဂါ၊ နှလုံးလေသင်တုန်း ဖြတ်ခြင်း၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနဲ့ မျက်စေ့အမြင် ကွယ်နိုင်ခြင်းတို့ ဖြစ်ပါတယ်။
ဒါကြောင့် လျှာကို အလိုမလိုက်ဘဲ အချိုမှုန့် မပါတဲ့ ဟင်းလျာတွေ ချက်ပြုတ်စားသောက်ရမှာ ဖြစ်သလို စားသောက်ဆိုင် တွေမှာ ဟင်းမှာရင် အချိုမှုန့်မထည့်ဖို့ သတိပေးသင့်ပါတယ်။ လမ်းဘေးမှာ ရောင်းချတဲ့ အသုပ်ဆိုင်တွေမှာ ဆိုရင်လည်း ရောင်းချသူက အချိုမှုန့်နဲ့ ငရုတ်သီးမှုန့်ကို ဇွန်းနဲ့ ခပ်ထည့်တာ မကြာခဏတွေ့နေရတာပါ။ ခုထက်ထိ FDA က အချိုမှုန့်ကို စားသုံးဖို့ မသင့်တော်ဘူး လို့ တရားဝင် မကြေညာသေး ပေမယ့် ချင့်ချိန်စားသုံးတာ ပိုကောင်းပါတယ်။
ကင်ဆာရောဂါတွေ ဖြစ်ပွားမှုမှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ဒုတိယ အမြင့်မားဆုံး ဖြစ်နေပြီး ဖြစ်စေတဲ့ အကြောင်းရင်း တွေထဲမှာ စားသောက်နေထိုင်မှု ပုံစံက အကြောင်းရင်း တချက်အနေနဲ့ ပါဝင်နေပါတယ်။ ငရုတ်ခြောက်၊ ငရုတ်သီးမှုန့်နဲ့ ကြာရှည်ခံအောင် ကြော်လှော်ထားတဲ့ အစားအစာတွေထဲမှာ အသည်းကင်ဆာ ဖြစ်စေနိုင်တဲ့ “အာဖလာ တောက်ဆင်မှို” တွေပါဝင်နေတာကို မမေ့သင့်ပါဘူး။
FDA ရဲ့ စမ်းသပ်မှုတွေ၊ ဓာတ်ခွဲမှုတွေ အရ ဈေးကွက်ထဲမှာ ရောင်းချနေတဲ့ ငရုတ်သီးမှုန့်တွေမှာ အာဖလာတောက်ဆင် ပါတာ တွေ့ရှိထားပါတယ်။ ပြန်ကြော်ဆီလို့ခေါ်တဲ့ သုံးပြီးသား ဆီမှာ အစားအစာ တခုခုကို ထပ်ကြော်လှော်တဲ့ ဆီဟာ ခန္ဓာကိုယ် အတွက် အန္တရာယ်ဖြစ်စေတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ဖြစ်စေ သလို အသည်းအဆီဖုံးတာပါ ဖြစ်စေနိုင် တာကို သတိပြုသင့်ပါတယ်။
ပဲသွေး၊ ပဲပြားတွေမှာလည်း လူသေကောင်တွေကို မပုပ်သိုးအောင် စီမံရာမှာ အသုံးပြုတဲ့ ဖော်မလင် အသုံးပြုထားတာကို FDA က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ စည်းကမ်း မလိုက်နာတဲ့ ပဲသွေးစက်ရုံတချို့ကို ထုတ်လုပ်ခွင့် ၆ လ ပိတ်သိမ်းခဲ့တာ လည်း ရှိပါတယ်။ ဖော်မလင်ဟာ ကင်ဆာဖြစ်စေနိုင်ရုံသာမက သားပျက်သားလျှောတာ၊ ကိုယ်လက်အင်္ဂါမစုံလင်တဲ့ ကလေးတွေ မွေးဖွားလာတာအထိ ဖြစ်နိုင်ပါတယ်။
ခန္ဓာကိုယ် အတွက် အဆိပ်အတောက် ဖြစ်စေနိုင်တာတွေကို ငွေပေးပြီး ဝယ်စားနေရတာမျိုး မဖြစ်အောင် ကျမတို့ဟာ အသိ၊ သတိနဲ့ ရှောင်ရှားရမှာပါ။ အစားအစာ လုံခြုံစိတ်ချရမှု အတွက် FDA မှာ တာဝန်ရှိသလို တဖက်ကလည်း ပြည်သူတွေ အနေနဲ့ စားသုံးသူရေးရာ ဦးစီးဌာနကို တိုင်ကြားဖို့ လိုအပ်ပါတယ်။
ပြည်သူတွေကြားထဲ အသိပညာပေးမှုတွေ ပြုလုပ်လာတာဟာ ကောင်းမွန်တဲ့ လက္ခဏာဖြစ်ပေမယ့် Farm to Fork လို့ တင်စားသုံးနှုန်းတဲ့ ယာခင်းကနေ ခက်ရင်းနဲ့ စားသုံးတဲ့ အဆင့်ထိ စိတ်ချလုံခြုံမှု ရှိရေးကို လုပ်ဆောင်သွားတာ ပိုကောင်းမွန်ပါတယ်။
အကျိုးအမြတ် ရရေးကိုပဲ ရှေးရှုတဲ့ သူတွေကို ထိရောက်တဲ့ အရေးယူမှုတွေ ပြုလုပ်ရမှာ ဖြစ်သလို တရားမဝင် ဝင်ရောက်လာတဲ့ အစားအစာတွေကို ဈေးကွက်ထဲ မရောက်ရှိအောင် ထိန်းချုပ်မှ၊ ပြည်သူတွေရဲ့ စားသုံးသူအခွင့်အရေးကို ကာကွယ်ပေး နိုင်မှသာ ဘေးကင်းစိတ်ချလုံခြုံတဲ့ အစားအစာတွေ စားသောက်နိုင်မှာ ဖြစ်ပါကြောင်း။
Source: Irrawaddy News
No comments:
Post a Comment