Wednesday, May 2, 2018

ကုလသမဂၢ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာအေပၚ တဘက္သတ္ အေကာင္းမျမင္ ျဖစ္ေနဟု ဆို

ကုလသမဂၢ ကိုယ္စားလွယ္အဖြဲ႕ ျမန္မာအေပၚ တဘက္သတ္ အေကာင္းမျမင္ ျဖစ္ေနဟု ဆို

                                           https://santhitsa.com/?p=771

ျမန္မာအစိုးရ၏ ဖိတ္ၾကားခ်က္အရ ရခိုင္အေရး ေလ့လာရန္ ေရာက္ရွိေနသည့္ ကုလသမဂၢ လုံျခဳံေရး ေကာင္စီ ကိုယ္စား လွယ္အဖြဲ႕သည္ ျမန္မာအေပၚ လုံးဝ အေကာင္းမျမင္ဘဲ ဘဂၤလားေဒ့ရွ္နိုင္ငံေရာက္ မြတ္စလင္မ်ား ျပႆနာႏွင့္ ပတ္သက္ ၍ ျမန္မာအစိုးရကိုသာ အျပစ္တင္ေနေၾကာင္း ၎အဖြဲ႕ႏွင့္ ေတြ႕ဆုံရာတြင္ ပါဝင္ခဲ့သူတခ်ိဳ႕က ဧရာဝတီသို႔ ေျပာသည္။
ယမန္ေန႔ ညပိုင္းက နိုင္ငံေတာ္ အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေက်ာ္တင့္ေဆြက ယင္းကိုယ္စားလွယ္ အဖြဲ႕ကို ေနျပည္ေတာ္ရွိ ေရႊစံအိမ္ဟိုတယ္၌ အလုပ္သေဘာ ညစာစားပြဲျဖင့္ တည္ခင္းဧည့္ခံ ၏စဥ္ ႏွစ္ဖက္ ေဆြးေႏြးရာ၌ အဆင္မေျပမႈ တခ်ိဳ႕ရွိခဲ့ေၾကာင္း ဧရာဝတီမွ စုံစမ္းသိရွိရသည္။
ျမန္မာ အစိုးရအေနျဖင့္ ဘဂၤါလီဒုကၡသည္မ်ားကို ျပန္လည္ ေခၚယူရာတြင္ အခ်ိန္ဆြဲေနေၾကာင္း၊ ပီျပင္၍ လြယ္ကူေအာင္ မေဆာင္ရြက္ဘဲ အလုပ္လုပ္ေနျခင္းကို ေမးခြန္းထုတ္ခဲ့ေၾကာင္း၊ ျမန္မာဘက္မွ ရခိုင္အေရး တာဝန္ရွိသူမ်ား၏ ရွင္းလင္း ေျပာဆိုခ်က္မ်ားကို နားမေထာင္ဘဲ ဘဂၤလားေဒ့ရွ္ဘက္က အေထာက္အထားမရွိ တဖက္သတ္ ၾကားသိရမႈမ်ားကိုသာ အဓိက ေမးခြန္းထုတ္ေျဖရွင္းခိုင္းခဲ့ေၾကာင္း ေတြ႕ဆုံပြဲတြင္ ပါဝင္သူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ေဒၚခင္ညိဳက ေျပာသည္။
“တေယာက္ခ်င္း ေျပာေတာ့လည္း ဘဂၤလားေဒ့ရွ္က လူေတြ ဘယ္လို ခံစားေနရတယ္။ သူတို႔ ဒုကၡ ေရာက္ေနတာ ဗမာျပည္ေၾကာင့္။ အဲဒီ ဘဂၤလားေဒရွ္ဘက္က လက္ညိဳးထိုးတာကို က်မတို႔ ဘက္ကို သူတို႔က အျပစ္တင္တယ္။ ဒါမ်ိဳးကိုပဲ ဆြဲၿပီး ဒီလိုပုံစံမ်ိဳးပဲ က်မတို႔ကို ျမင္ေနတာ။ ဒီလူေတြ ဒုကၡ ေရာက္တာ ဗမာျပည္ေၾကာင့္ပဲ ေျပာေနတယ္”ဟု ၎က ရွင္းျပသည္။
ယင္းညစာစားပြဲ မစမီတြင္ ျမန္မာဘက္မွ ဝန္ႀကီး ဦးေက်ာ္တင့္ေဆြ၊ UEHRD မွ ေဒါက္တာ ေအာင္ထြန္းသက္၊ ဝန္ႀကီး ေဒါက္တာ ဝင္းျမတ္ေအးတို႔က ရခိုင္အေရးကို ရွင္းလင္း တင္ျပခဲ့ၾကၿပီး ေဒါက္တာ ဝင္းျမတ္ေအး ရွင္းျပမႈ မၿပီးခင္မွာပဲ ကုလ ကိုယ္စားလွယ္အဖြဲ႕က ထျပန္မည္လုပ္၍ ညႇိႏွိုင္းမႈမ်ား လုပ္ခဲ့ရေၾကာင္းလည္း သိရသည္။
“ဦးေက်ာ္တင့္ေဆြ ရွင္းျပတယ္။ စိတ္မရွည္စြာနဲ႔ နားေထာင္တယ္။ ေနာက္ေဒါက္တာ ဝင္းျမတ္ေအး လည္း ရွင္းျပေတာ့ ဆုံးေအာင္ေတာင္ နားမေထာင္ဘူး။ ဝုန္းကတည္း မတ္တပ္ထရပ္တယ္။ သြားေတာ့မယ္။ အခ်ိန္မရွိေတာ့ဘူး။ ထမင္းပြဲ ျပင္ထားပါတယ္။ စားပါဦးဆိုတာေတာင္ အခ်ိန္မရွိ ဘူး။ CSO ေတြနဲ႔ ခ်ိန္းထားတယ္ ရွိတယ္။ သြားေတာ့မယ္ဆိုေတာ့။ မစားရင္ အေျခအေနေတြက ပိုဆိုးသြားမယ္ေလ။ စားေတာ့လည္း ေအးေအးေဆးေဆးစားၿပီး ထိုင္ၿပီး စကားေျပာေနတာပဲ။ ဆိုလိုတာက က်မတို႔ ေျပာေနတာကို နားမေထာင္ခ်င္ဘူး။ ဒါေတြပဲ အပ္ေၾကာင္းထပ္ေျပာေနတယ္ ေပါ့”ဟု ေဆြးေႏြးပြဲတြင္ ပါဝင္ခဲ့သူတဦးက ေျပာျပသည္။
ရခိုင္ျပည္နယ္ဆိုင္ရာ အႀကံျပဳခ်က္မ်ားအေပၚ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေရး ေကာ္မတီ၏ အႀကံေပးအဖြဲ႕ဝင္ ေဒါက္တာ ေဒၚခင္ညိဳက “က်မတို႔ဘာေျပာေျပာ မေက်နပ္တဲ့ မ်က္ႏွာေတြက သူတို႔ဆီမွာ အကုန္ေပၚေနတယ္။ ေျပာခ်င္ တာေျပာဆိုတဲ့ ပုံစံ။ သူတို႔နားထဲကို မဝင္ဘူး။ ၾကည့္ရတာ ဟိုဘက္ကဟာေတြ ဝင္ေနေတာ့ နည္းနည္းေတာ့ ခက္တယ္။ ဟိုက ကုလားမေတြ ငိုျပလိုက္တာ။ သူ႔ေယာက်ာ္းကို သူ႔ေရွ႕မွာ သတ္တာ။ အုပ္စုဖြဲ႕ မုဒိန္းက်င့္တာ။ ကေလးေတြကို မီးပုံ ထဲ ပစ္ထည့္လိုက္တာ။ ဒါေတြပဲ ေျပာေနတယ္”ဟု ေျပာသည္။
ျမန္မာဘက္က ယင္းအခ်က္မ်ားမွာ စြပ္စြဲခ်က္မ်ားျဖစ္၍ အေထာက္အထားရွိပါသလားဟု ေမးရာ ဘဂၤလားေဒ့ရွ္ဘက္မွ ဒုကၡသည္မ်ား၏ ပါးစပ္ေျပာမ်ားသာ ျဖစ္ေနေၾကာင္း၊ ထို႔ေၾကာင့္ ျမန္မာဘက္ တြင္လည္း ေသဆုံး၊ ဒုကၡေရာက္ သူမ်ား ရွိေၾကာင္း ျပန္လည္ ေဆြးေႏြးရာ ၎တို႔အဖြဲ႕ကို ေခၚျပခဲ့ပါ သလား၊ ေခၚျပနိုင္ပါသလား စသည့္ ေမးခြန္းမ်ား ထုတ္ခဲ့ေၾကာင္း သိရသည္။
ျပန္လည္လက္ခံေရး လုပ္ငန္းစဥ္မ်ားတြင္ ႏွစ္နိုင္ငံ သေဘာတူထားသည့္ လက္ခံေရး ပုံစံမ်ား တြင္ လည္း လိုအပ္ခ်က္ မ်ား ရွိေနေၾကာင္း၊ ဓာတ္ပုံ၊ လက္ေဗြရာမ်ား မပါဝင္ဘဲ ဘဂၤလားေဒ့ရွ္ဘက္မွ ေရးခ်င္ရာမ်ား ေရး၍ ပို႔ေပးလိုက္ေၾကာင္း ေဆြး ေႏြးရာတြင္လည္း အျမင္မၾကည္မႈမ်ားရွိ၍ လုပ္ရကိုင္ရာ ခက္ခဲေၾကာင္း ပါဝင္ခဲ့သူတဦးက ရွင္းျပသည္။
“က်မတို႔ကလည္း ေခၚလို႔ရလည္း ARSA ကို ဘယ္လို လုပ္မလဲေမးေတာ့ ဒီ ARSA ပဲ ထည့္ေျပာ ေနတာပဲတဲ့။ က်မတို႔ကို သူတို႔က ဘယ္ဘက္ကမွ အေကာင္းမျမင္ဘူး။ က်မတို႔က လူဆိုးေတြ ျဖစ္ေန တာ။ ဟိႏၵဴေတြ အသတ္ခံရတာ ဆိုတာ က်ေတာ့ လိုက္ျပတဲ့။ လိုက္ျပဆိုတာကိုပဲ နင္းတယ္။ အဲဒါေတြ အၾကည့္ခံေလတဲ့”ဟု ပါဝင္ခဲ့သူ တဦးက ဆိုသည္။
ညစာစားပြဲ မတိုင္မီ နိုင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္၊ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္ တို႔ႏွင့္ ေတြ႕ဆုံခဲ့ၿပီး သတင္းထုတ္ျပန္မႈမ်ားအရ ရခိုင္အေရး ကိစၥမ်ားကို အဓိက ေဆြးေႏြးခဲ့ၾကေသာ္လည္း အျပဳသေဘာေဆာင္၍ ေကာင္းမြန္သည့္ ေဆြးေႏြးမႈမ်ိဳး မဟုတ္ခဲ့ေၾကာင္း အစိုးရႏွင့္ နီးစပ္သည့္ အသိုင္းအဝိုင္းက ေျပာသည္။
လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ျဖစ္သည့္ ေဒၚျပဳံးေကသီနိုင္၊ ဦးေဂ်ေယာဂူတို႔ႏွင့္ လႊတ္ေတာ္ အေဆာက္အဦ I – 5 တြင္ ေတြ႕ဆုံရန္ စီစဥ္ခဲ့ေသာ္လည္း ရာသီဥတု အေျခအေနေၾကာင့္ ေလယာဥ္ခ်ိန္ အေျပာင္းအလဲျဖစ္ကာ မေတြ႕ဆုံခဲ့ရသျဖင့္ ၎တို႔၏ ေဆြးေႏြးလိုခ်က္မ်ားကို နိုင္ငံျခားေရး ဝန္ႀကီးဌာနမွ တဆင့္ ထည့္ေပးလိုက္ရေၾကာင္း ေဒၚျပဳံးေကသီနိုင္က ေျပာသည္။
ျပည္သူ႔လႊတ္ေတာ္ နိုင္ငံတကာ ဆက္ဆံေရး ေက္ာမတီဝင္လည္း ျဖစ္သူ ေဒၚျပဳံးေကသီနိုင္က “ဘာပဲျဖစ္ျဖစ္ ကုလ သမဂၢ အဖြဲ႕ရဲ့ တာဝန္က ၿငိမ္းခ်မ္းေရးရေအာင္ ႀကိဳးစားေပးရမွာ။ ျပႆနာကို ေကာင္းမြန္တဲ့ နည္းလမ္းနဲ႔ ေျပလည္ေအာင္ ေျဖရွင္းေပးရမွာ။ ပဋိပကၡကို ထပ္ၿပီး ျဖစ္ေစမယ့္ ကိစၥမ်ိဳးေတြကို ေရွာင္ရမယ္ဆိုတာ သူတို႔ လိုက္နာရမွာပါ”ဟု ေျပာသည္။
ကုလသမဂၢ လုံျခဳံေရး ေကာင္စီမွ အဖြဲ႕ဝင္ ၁၅နိုင္ငံမွ ကိုယ္စားလွယ္မ်ားသည္ ယမန္ေန႔က ျမန္မာနိုင္ငံကို ေရာက္ရွိေနျခင္း ျဖစ္ၿပီး၊ ႏွစ္ရက္ၾကာ ခရီးစဥ္တြင္ ရခိုင္ျပည္နယ္ ေျမာက္ပိုင္းသို႔ ေန႔ခ်င္းျပန္ခရီး သြားေရာက္လ်က္ရွိကာ ယေန႔ ညေနပိုင္းတြင္ ေနျပည္ေတာ္ ေလဆိပ္တြင္ သတင္းစာ ရွင္းလင္းပြဲတခု က်င္းပရန္လည္း ရွိေနသည္။
Source: Arrawaddy News

ကုလသမဂ္ဂ ကိုယ်စားလှယ်အဖွဲ့ မြန်မာအပေါ် တဘက်သတ် အကောင်းမမြင် ဖြစ်နေဟု ဆို

မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ ရခိုင်အရေး လေ့လာရန် ရောက်ရှိနေသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ကိုယ်စား လှယ်အဖွဲ့သည် မြန်မာအပေါ် လုံးဝ အကောင်းမမြင်ဘဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် မွတ်စလင်များ ပြဿနာနှင့် ပတ်သက် ၍ မြန်မာအစိုးရကိုသာ အပြစ်တင်နေကြောင်း ၎င်းအဖွဲ့နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့သူတချို့က ဧရာဝတီသို့ ပြောသည်။
ယမန်နေ့ ညပိုင်းက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက ယင်းကိုယ်စားလှယ် အဖွဲ့ကို နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ အလုပ်သဘော ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံ ၏စဉ် နှစ်ဖက် ဆွေးနွေးရာ၌ အဆင်မပြေမှု တချို့ရှိခဲ့ကြောင်း ဧရာဝတီမှ စုံစမ်းသိရှိရသည်။
မြန်မာ အစိုးရအနေဖြင့် ဘင်္ဂါလီဒုက္ခသည်များကို ပြန်လည် ခေါ်ယူရာတွင် အချိန်ဆွဲနေကြောင်း၊ ပီပြင်၍ လွယ်ကူအောင် မဆောင်ရွက်ဘဲ အလုပ်လုပ်နေခြင်းကို မေးခွန်းထုတ်ခဲ့ကြောင်း၊ မြန်မာဘက်မှ ရခိုင်အရေး တာဝန်ရှိသူများ၏ ရှင်းလင်း ပြောဆိုချက်များကို နားမထောင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်က အထောက်အထားမရှိ တဖက်သတ် ကြားသိရမှုများကိုသာ အဓိက မေးခွန်းထုတ်ဖြေရှင်းခိုင်းခဲ့ကြောင်း တွေ့ဆုံပွဲတွင် ပါဝင်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဒေါ်ခင်ညိုက ပြောသည်။
“တယောက်ချင်း ပြောတော့လည်း ဘင်္ဂလားဒေ့ရှ်က လူတွေ ဘယ်လို ခံစားနေရတယ်။ သူတို့ ဒုက္ခ ရောက်နေတာ ဗမာပြည်ကြောင့်။ အဲဒီ ဘင်္ဂလားဒေရှ်ဘက်က လက်ညိုးထိုးတာကို ကျမတို့ ဘက်ကို သူတို့က အပြစ်တင်တယ်။ ဒါမျိုးကိုပဲ ဆွဲပြီး ဒီလိုပုံစံမျိုးပဲ ကျမတို့ကို မြင်နေတာ။ ဒီလူတွေ ဒုက္ခ ရောက်တာ ဗမာပြည်ကြောင့်ပဲ ပြောနေတယ်”ဟု ၎င်းက ရှင်းပြသည်။
ယင်းညစာစားပွဲ မစမီတွင် မြန်မာဘက်မှ ဝန်ကြီး ဦးကျော်တင့်ဆွေ၊ UEHRD မှ ဒေါက်တာ အောင်ထွန်းသက်၊ ဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးတို့က ရခိုင်အရေးကို ရှင်းလင်း တင်ပြခဲ့ကြပြီး ဒေါက်တာ ဝင်းမြတ်အေး ရှင်းပြမှု မပြီးခင်မှာပဲ ကုလ ကိုယ်စားလှယ်အဖွဲ့က ထပြန်မည်လုပ်၍ ညှိနှိုင်းမှုများ လုပ်ခဲ့ရကြောင်းလည်း သိရသည်။
“ဦးကျော်တင့်ဆွေ ရှင်းပြတယ်။ စိတ်မရှည်စွာနဲ့ နားထောင်တယ်။ နောက်ဒေါက်တာ ဝင်းမြတ်အေး လည်း ရှင်းပြတော့ ဆုံးအောင်တောင် နားမထောင်ဘူး။ ဝုန်းကတည်း မတ်တပ်ထရပ်တယ်။ သွားတော့မယ်။ အချိန်မရှိတော့ဘူး။ ထမင်းပွဲ ပြင်ထားပါတယ်။ စားပါဦးဆိုတာတောင် အချိန်မရှိ ဘူး။ CSO တွေနဲ့ ချိန်းထားတယ် ရှိတယ်။ သွားတော့မယ်ဆိုတော့။ မစားရင် အခြေအနေတွေက ပိုဆိုးသွားမယ်လေ။ စားတော့လည်း အေးအေးဆေးဆေးစားပြီး ထိုင်ပြီး စကားပြောနေတာပဲ။ ဆိုလိုတာက ကျမတို့ ပြောနေတာကို နားမထောင်ချင်ဘူး။ ဒါတွေပဲ အပ်ကြောင်းထပ်ပြောနေတယ် ပေါ့”ဟု ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူတဦးက ပြောပြသည်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ၏ အကြံပေးအဖွဲ့ဝင် ဒေါက်တာ ဒေါ်ခင်ညိုက “ကျမတို့ဘာပြောပြော မကျေနပ်တဲ့ မျက်နှာတွေက သူတို့ဆီမှာ အကုန်ပေါ်နေတယ်။ ပြောချင် တာပြောဆိုတဲ့ ပုံစံ။ သူတို့နားထဲကို မဝင်ဘူး။ ကြည့်ရတာ ဟိုဘက်ကဟာတွေ ဝင်နေတော့ နည်းနည်းတော့ ခက်တယ်။ ဟိုက ကုလားမတွေ ငိုပြလိုက်တာ။ သူ့ယောကျာ်းကို သူ့ရှေ့မှာ သတ်တာ။ အုပ်စုဖွဲ့ မုဒိန်းကျင့်တာ။ ကလေးတွေကို မီးပုံ ထဲ ပစ်ထည့်လိုက်တာ။ ဒါတွေပဲ ပြောနေတယ်”ဟု ပြောသည်။
မြန်မာဘက်က ယင်းအချက်များမှာ စွပ်စွဲချက်များဖြစ်၍ အထောက်အထားရှိပါသလားဟု မေးရာ ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ၏ ပါးစပ်ပြောများသာ ဖြစ်နေကြောင်း၊ ထို့ကြောင့် မြန်မာဘက် တွင်လည်း သေဆုံး၊ ဒုက္ခရောက် သူများ ရှိကြောင်း ပြန်လည် ဆွေးနွေးရာ ၎င်းတို့အဖွဲ့ကို ခေါ်ပြခဲ့ပါ သလား၊ ခေါ်ပြနိုင်ပါသလား စသည့် မေးခွန်းများ ထုတ်ခဲ့ကြောင်း သိရသည်။
ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်များတွင် နှစ်နိုင်ငံ သဘောတူထားသည့် လက်ခံရေး ပုံစံများ တွင် လည်း လိုအပ်ချက် များ ရှိနေကြောင်း၊ ဓာတ်ပုံ၊ လက်ဗွေရာများ မပါဝင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်မှ ရေးချင်ရာများ ရေး၍ ပို့ပေးလိုက်ကြောင်း ဆွေး နွေးရာတွင်လည်း အမြင်မကြည်မှုများရှိ၍ လုပ်ရကိုင်ရာ ခက်ခဲကြောင်း ပါဝင်ခဲ့သူတဦးက ရှင်းပြသည်။
“ကျမတို့ကလည်း ခေါ်လို့ရလည်း ARSA ကို ဘယ်လို လုပ်မလဲမေးတော့ ဒီ ARSA ပဲ ထည့်ပြော နေတာပဲတဲ့။ ကျမတို့ကို သူတို့က ဘယ်ဘက်ကမှ အကောင်းမမြင်ဘူး။ ကျမတို့က လူဆိုးတွေ ဖြစ်နေ တာ။ ဟိန္ဒူတွေ အသတ်ခံရတာ ဆိုတာ ကျတော့ လိုက်ပြတဲ့။ လိုက်ပြဆိုတာကိုပဲ နင်းတယ်။ အဲဒါတွေ အကြည့်ခံလေတဲ့”ဟု ပါဝင်ခဲ့သူ တဦးက ဆိုသည်။
ညစာစားပွဲ မတိုင်မီ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နှင့် တွေ့ဆုံခဲ့ပြီး သတင်းထုတ်ပြန်မှုများအရ ရခိုင်အရေး ကိစ္စများကို အဓိက ဆွေးနွေးခဲ့ကြသော်လည်း အပြုသဘောဆောင်၍ ကောင်းမွန်သည့် ဆွေးနွေးမှုမျိုး မဟုတ်ခဲ့ကြောင်း အစိုးရနှင့် နီးစပ်သည့် အသိုင်းအဝိုင်းက ပြောသည်။
လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်သည့် ဒေါ်ပြုံးကေသီနိုင်၊ ဦးဂျေယောဂူတို့နှင့် လွှတ်တော် အဆောက်အဦ I – 5 တွင် တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် လေယာဉ်ချိန် အပြောင်းအလဲဖြစ်ကာ မတွေ့ဆုံခဲ့ရသဖြင့် ၎င်းတို့၏ ဆွေးနွေးလိုချက်များကို နိုင်ငံခြားရေး ဝန်ကြီးဌာနမှ တဆင့် ထည့်ပေးလိုက်ရကြောင်း ဒေါ်ပြုံးကေသီနိုင်က ပြောသည်။
ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေး ကေ်ာမတီဝင်လည်း ဖြစ်သူ ဒေါ်ပြုံးကေသီနိုင်က “ဘာပဲဖြစ်ဖြစ် ကုလ သမဂ္ဂ အဖွဲ့ရဲ့ တာဝန်က ငြိမ်းချမ်းရေးရအောင် ကြိုးစားပေးရမှာ။ ပြဿနာကို ကောင်းမွန်တဲ့ နည်းလမ်းနဲ့ ပြေလည်အောင် ဖြေရှင်းပေးရမှာ။ ပဋိပက္ခကို ထပ်ပြီး ဖြစ်စေမယ့် ကိစ္စမျိုးတွေကို ရှောင်ရမယ်ဆိုတာ သူတို့ လိုက်နာရမှာပါ”ဟု ပြောသည်။
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီမှ အဖွဲ့ဝင် ၁၅နိုင်ငံမှ ကိုယ်စားလှယ်များသည် ယမန်နေ့က မြန်မာနိုင်ငံကို ရောက်ရှိနေခြင်း ဖြစ်ပြီး၊ နှစ်ရက်ကြာ ခရီးစဉ်တွင် ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ နေ့ချင်းပြန်ခရီး သွားရောက်လျက်ရှိကာ ယနေ့ ညနေပိုင်းတွင် နေပြည်တော် လေဆိပ်တွင် သတင်းစာ ရှင်းလင်းပွဲတခု ကျင်းပရန်လည်း ရှိနေသည်။
Source: Arrawaddy News

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...