“မိဘကို တရင်းတနှီးချစ်တာ ချွဲတာမလုပ်ပြတတ်ပေမယ့် ချစ်လွန်းလို့သာ ခုထိအိမ်ထောင်မပြုတာပါ” ဆိုတဲ့ အေးမြတ်သူ
“အမေနဲ့ အရမ်းတူလို့ ဘယ်တော့မှမတည့်ကြဘူး။ စကားပြောမြန်တာကအစ လက်အရိုးအဆစ်၊ ခန္ဓာကိုယ်အချိုးအစား၊ ဟန်အမူအရာ၊ နောက်ဆုံး စိတ်တူတဲ့အထိကို တူတာပါ။ အမေ့ကိုချစ်ပေမယ့် မရင်းနှီးဘူး။
အေးမြတ်သူက အဖေချစ်သမီးပါ။ သမီးမိုက်မဖြစ်အောင်ကြိုးစားနေပေမယ့် သမီးအလိမ္မာလေးတော့မဖြစ်သေးဘူး။ ရေချိုးတဲ့အချိန်၊ Gym ဆော့တဲ့အချိန်ဆို ကိုယ့်ကိုယ်ကို ကြည့်ပြီး အမေ့ကို အရမ်းချစ်တယ်။
လူတိုင်းချစ်တဲ့ ပါးချိုင့်ကလေး၊ Perfect နီးပါးပြည့်စုံတဲ့ ခန္ဓာကိုယ်ကိုမျိုးကို မွေးပေးထားလို့ အရမ်းကျေးဇူးတင်တယ်။ အေးမြတ်သူမှာ အမေ့အရိပ်တွေအမြဲတမ်း လွမ်းနေတယ်။ အမေ့ကို အရမ်းစိတ်ချမ်းသာအောင် ထားပေးတဲ့သမီးတစ်ယောက်တော့ မဖြစ်သေးဘူး” လို့ MC ကိုပြောပါတယ်။
Credit to Myanmar Celebrity
No comments:
Post a Comment