ပွဲတက်ဝတ်စုံနဲ့ ပတ်သတ်ပြီး ဝေဖန်သံတွေ များစွာ ထွက်ပေါ်နေတဲ့ ပတ်ထရစ်ရှာ
ဆယ်ကျော်သက် လူငယ်ပရိသတ်တွေရဲ့ အားပေးမှုအခိုင်အမာရရှိထားတဲ့ မင်းသမီးချော ပတ်ထရစ်ရှာက တော့ ညို့အားပြင်းတဲ့မင်းသမီးတစ်လက် အဖြစ်နဲ့ ပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားလူကြိုက် များနေ ပါတယ်။
အနောက်တိုင်းဆန်ဆန်ဆွဲဆောင်မှုရှိလှတဲ့ ညို့အားပြင်း မျက်နှာလေးနဲ့ ပရိသတ်တွေဖမ်းစားထားတဲ့သူမကတော့ အမိုက်စားဖက်ရှင်တွေနဲ့လည်း အမြဲစမတ်ကျနေသူတစ်ဦးပဲ ဖြစ်ပါတယ်။
လက်တလောပရိသတ်တွေကြားမှာတော့ သူမရဲ့ ပွဲတက်ဖက်ရှင်လေးတစ်ခုနဲ့ ပတ်သတ်တွေ ဝေဖန်သံများစွာ ထွက်ပေါ်လျက်ရှိပါတယ်။
မေလ(၃)ရက်နေ့က သူမတက်ရောက်ခဲ့တဲ့ ဒုဌဝတီကိုလွန်၍ red carpet ပွဲကြီးမှာ ဝတ်ဆင်ခဲ့တဲ့ ပွဲတက်ဝတ်စုံနဲ့ ပတ်သတ်ပြီး သဘောကျတဲ့ ပရိသတ်တွေရှိသလို ဝေဖန်နေကြတဲ့ ပရိသတ်တွေ လည်းများစွာရှိနေခဲ့တာပဲ ဖြစ်ပါတယ်။
သူမရဲ့ ပွဲတက်ဝတ်စုံကတော့ အရမ်းကိုလှပတဲ့ Evening Cown ဝတ်စုံလေးဖြစ်ပေမယ့် ပရိသတ်တွေအနေနဲ့ ဝေဖန်ချင်စရာဖြစ်သွားတဲ့ အချက်ကတော့ ဝတ်စုံရဲ့ ရင်ဘတ်နေရာက အရမ်းကိုဟိုက်ကျနေတာကြောင့်ပဲ ဖြစ် ပါတယ်။
ဒီဝတ်စုံလေးနဲ့ ပတ်သတ်တွေပြီး သဘောကျတဲ့ ပရိသတ်တွေရှိသလို တစ်ချို့သော ပရိသတ်တွေအတွက်တော့ အမြင်ရိုင်းတယ်လို့ ထင်နေကြပုံရပါတယ်။
သူမကတော့ အဲ့ဒီဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်ပြီး အ ပြစ်ပြောစရာတစ်ခုမှ မရှိလောက်အောက်ကိုဆွဲဆောင်မှုရှိရှိ၊ ကိုယ့်ကိုကို ယုံကြည်မှုအပြည့်နဲ့ ပွဲတက်ခဲ့တာပဲ ဖြစ်ပါ တယ်။
Source: myanmarload.com
သူမကတော့ အဲ့ဒီဝတ်စုံလေးနဲ့ အရမ်းကိုလိုက်ဖက်ပြီး အ ပြစ်ပြောစရာတစ်ခုမှ မရှိလောက်အောက်ကိုဆွဲဆောင်မှုရှိရှိ၊ ကိုယ့်ကိုကို ယုံကြည်မှုအပြည့်နဲ့ ပွဲတက်ခဲ့တာပဲ ဖြစ်ပါ တယ်။
Source: myanmarload.com







No comments:
Post a Comment