သူများ ယောင်္ကျား ခိုးတာမှ မဟုတ်တာ လို့ ဆိုလိုက်တဲ့ ပိုပို
နာမည်ကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ ပိုပိုကတော့ ယောက်ျားမယူပဲ ကလေးမွေးဖို့ဆိုတာ မလွယ်ဘူးလို့ ပြောလိုက်ပါတယ်။
ဒီနေ့ ဖေ့စ်ဘွက်မှာ နာမည်ကြီးခဲ့တဲ့ သုက်ပိုး အလှူခံမယ်ဆိုတဲ့ သတင်းရဲ့နောက်ပိုင်း အိတ်ဒေးဂျာနယ်ရဲ့ အင်တာဗျူးမှာ ဒီကနေ့ညနေက ဖြေလိုက်တာပဲ ဖြစ်ပါတယ်။
“စိတ်လည်း အနှောက်အယှက်ဖြစ်တယ်။ စိတ်လည်း အနှောက်အယှက်ဖြစ်သွားတာပေါ့။ ဒါပေမယ့် ကောင်းတဲ့ဘက်ကိုပဲ ယူပြီးတော့ တွေးလိုက်တယ်။ ဘာလို့ဆိုတော့ ဒါ မဟုတ်တာ လုပ်တာမှ မဟုတ်တာ။
ပွင့်ပွင့်လင်းလင်းပြောရရင် သူများယောင်္ကျားခိုးတာမှမဟုတ်တာ မိန်းကလေးတစ်ယောက်အနေနဲ့ ဒီခေါင်းစဉ် တင်တာမြင်လိုက်ရတာတော့ ရှော့ခ်ရသွားတယ်လို့ ပိုပိုက ဖြေခဲ့ပါတယ်။
တကယ်လို့များ စင်ဂယ်မားသား လုပ်မယ်ဆိုလို့ရှိရင်လည်း ဖြူဖြူစင်စင်နဲ့ လုပ်တာ။ ယောက်ျားမယူပဲ ကလေးမွေးဖို့ဆိုတာ မလွယ်ဘူး။ သတ္တိရှိမှ ဖြစ်တာ” ဆိုပြီး ပိုပိုက ဖြေဆိုခဲ့ပါတယ်။
ဒီနေ့ ပိုပိုတစ်ယောက် ယောက်ျားတွေဆီက သုက်ပိုးအလှူခံပြီး ကလေးမွေးမယ်လို့ ခေါင်းစဉ်နဲ့ ဂျာနယ်တစ်ခုမှာ ပါလာပြီး ဖေ့စ်ဘွက်မှာ ပြန့်နှံ့ နာမည်ကြီးခဲ့တာဖြစ်ပါတယ်။
ဒီကိစ္စအတွက် ပိုပိုလည်း လှောင်ပြောင်ခံနေရပါတယ်။
တေးသံရှင် ပိုပိုဟာ အင်တာဗျူးဖြေရင် ပွင့်ပွင့်လင်းလင်းပဲ ဖြေတတ်တာကြောင့် အခုလို နားလည်မှုတွေ လွဲကုန်တာ ဖြစ်ပါတယ်။ ပရိသတ်ကြီးလဲ နားလည်ပေးမယ်လို့ ယုံကြည်ပါတယ်နော် … ။
ဗီဒီယိုဖိုင်ကို အောက်ဆုံးမှာ ဖော်ပြပေးလိုက်ပါတယ်နော် …
Credit to original
No comments:
Post a Comment