Tuesday, May 8, 2018





Zawgyi ဖြင့်ဖတ်၇န်





Unicodeဖြင့်ဖတ်ရန်

မကြာခင်မှာ တွေ့မြင်ရတော့မယ့် FACEBOOK ရဲ့ NEWSFEED ပုံစံအသစ်

ကိုယ်ပိုင်လုံခြုံရေးအဆင့်မြှင့်တင်လိုက်တဲ့ Facebook ဟာ မကြာခင်အချိန်အတွင်းမှာ ပုံစံအသစ်အဆန်းတစ်မျိုးဖြစ်လာတော့မယ်လို့ Cambridge Analytica သတင်းအချက်အလက်များက ဖော်ပြခဲ့ပါတယ်။

အဆိုပါ ပုံစံအသစ်များထဲမှာ အကြီးမားဆုံးပြောင်းလဲမှုတစ်ခုကို လာမည့် ဧပြီလ ၉ရက် တင်္နလာနေ့မှာ တွေ့မြင်ရတော့မှာဖြစ်ပါတယ်။ Facebook ရဲ့ နည်းပညာအရာရှိခေါင်းဆောင်တစ်ဦးဖြစ်သူ Mike Schroepfer က “ ဧပြီလ ၉ရက် တင်္နလာနေ့ကစပြီး Facebook အသုံးပြုသူတွေဟာ သူတို့ အသုံးပြုတဲ့ applications တွေကို News Feed မှာ တွေ့မြင်ရတော့မှာဖြစ်ပြီး အဲ့ဒီ Applications တွေရဲ့ အချက်အလက်တွေကိုပါ ကျွန်တော်တို့ ဖော်ပြပေးသွားမှာဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ်ပြောင်းလဲမှုတစ်ခုကတော့ ဖုန်းနံပါတ်တွေကို အသုံးပြုပြီး Friend ရှာဖွေခြင်းကို ပယ်ဖျက်သွားမှာဖြစ်ပြီး တစ်နှစ်ကျော်သွားတဲ့ Call Logs နဲ့ message တွေကိုပါ ပယ်ဖျက်သွားမယ်လို့ သိရှိရပါတယ်။

Mr. Schropfer က “ ဒီလို ပြောင်းလဲမှုတွေအားလုံးက အသုံးပြုသူတွေရဲ့ ကိုယ်ပိုင်အချက်အလက်တွေကို လုံခြုံမှုပေးသွားမှာဖြစ်ပြီး နည်းပညာရှင်တွေကလည်း နောက်ထပ်ဖန်တီးမှုအတွေ့အကြုံတွေကို လေ့လာနိုင်မှာပါ “ လို့ ထပ်မံပြောကြားခဲ့ပါတယ်။

Credit: Chris (Daily Hots News)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ မှတ်သားဖွယ်ရာ မြန်မာစကားပုံများကို ဘော်ဒါတွေ လိမ္မာရေးခြားရှိစေဖို့ ပြန်မှ...