အဂၤလိပ္စာ ဘာသာျပန္နည္း(၂)
ဒီဘာသာျပန္နည္းကို က်ေနာ္က ဘာသာျပန္ရမွာကို ေသေအာင္ေၾကာက္တဲ့၊ အသံထြက္ကိုပဲ အလြတ္မွတ္ၿပီး E to E အလြတ္က်က္တဲ့ ေက်ာင္းသား၊
ေက်ာင္းသူေတြအတြက္ ရည္ရြယ္ပါတယ္။ ဒီနည္းကို ရသြားတာကလည္း သူတို႔နားမလည္တာကို နည္းအမ်ဳိးမ်ဳိးနဲ႔ ရွင္းရင္းကေန က်ေနာ့္ဆရာဦးျမႀကိဳင္ရဲ႕နည္းကို အေျခခံၿပီး ထပ္ဆင့္ထားတဲ့နည္းကို ရလိုက္တာပါ။ တစုံတခု အမွားအယြင္းရွိပါက က်ေနာ့္ရဲ႕ ခ်ိဳ႕ယြင္းခ်က္သာ ျဖစ္ပါတယ္။
(2) Phrase(ph) စကားစု
A phrase is a group-word.
စကားစုတစ္ခုသည္ စကားလုံးအုပ္စုတစ္ခု ျဖစ္သည္။Ph(2)မ်ဳိးရွိပါတယ္။
1. Prep မပါတဲ့ Ph
2. Prep ပါတဲ့ Ph
(ဒါက အလြယ္မွတ္လိုက္တာပါ။ အမွန္တကယ္က
1. Noun Phrase
2. Adjective Phrase
3. Adverb Phrase ဟူ၍ ၃မ်ဳိး ရွိပါတယ္။)
1)Prep မပါတဲ့ Phတြင္
1.ND + N
2.Adj + N
3.ND + Adj + N
4.V3
5.V4 တို႔ ပါ၀င္ပါတယ္။
NDတြင္
(a, an, the
one, two, three, …
first, second, third, …
such, other, another
any, many, much, more
some, few, little, all, no
most, less, least, enough
several, last
either, neither မွတ္။
this, that, these, those, each, every။
my, our, your, his, her, its, their, ‘s)
တုိ႔ပါ၀င္ပါတယ္။ စုစုေပါင္း ၄၃လုံးရွိပါတယ္။ ကဗ်ာလို႐ြတ္လို႔ေကာင္းေအာင္ စီထားပါတယ္။
Article (a, an, the)အတြက္ ေယဘုယ်အသုံးကို မွတ္သားရန္မွာ
၁။ Countable Noun(CN) အနည္းကို
(a, an, the) မပါဘဲ မေရးရ။ ဥပမာ –
ေခြး = the dog
ေခြးတစ္ေကာင္ = a dog
ပန္းသီး = the aple
ပန္းသီးတစ္လုံး = an apple
၂။ Countable Noun(CN) အမ်ားႏွင့္ Uncountable Noun(UN) ကို
(၁) the မပါဘဲ ေရးသည္။ (၂) the ႏွင့္ တြဲေရးသည္။ (a,an လုံး၀မသုံးရ။) ဥပမာ –
ေခြးမ်ား = (၁)dogs (၂)the dogs
ေရ = (၁)water (၂)the water
1.ND + N = the girl
(girlတစ္လုံးတည္းဆို Nပါ။ ဒါေပမယ့္ theနဲ႔တြဲလိုက္ေတာ့ theရယ္ girlရယ္ စကားလုံး၂လုံးေပါင္းထားတဲ့ စကားစု-phျဖစ္သြားပါတယ္။ စကားလုံးတစ္လံုးထက္ ပိုေနရင္ Ph-စကားစုပါပဲ။) (ဥပမာ၂- my sister)
2.Adj + N = pretty girl
(pretty girl ကလည္း prettyနဲ႔ girl စကားလုံး၂ခုေပါင္းထားတဲ့ phေပါ့။)
3.ND + Adj + N = the pretty girl
(theရယ္ prettyရယ္ girlရယ္ စကားလုံး၃လုံးေပါင္းထားတဲ့ စကားစု-Phေပါ့။)
Ph-စကားစုေတြကို
1. Sေနရာ
2. Oေနရာ
3. Cေနရာေတြမွာ ထည့္သုံးပါတယ္။ ဒါ့အျပင္ 4. Basic Sentence ၅မ်ဳိးေနာက္မွာ အပိုထည့္ၿပီးေတာ့လည္း သုံးပါတယ္။ (အပိုသုံးပုံကို To+V1အေၾကာင္းမွာ ရွင္းထားပါတယ္။)
1. The pretty girl is my sister.လို႔ (S V C)နဲ႔ ဝါက်ဖြဲ႕လိုက္ပါတယ္။ Sေနရာမွာ The pretty girl-phနဲ႔ Cေနရာမွာ my sister-phတို႔ကို သုံးထားတာေတြ႕ရပါမယ္။
2. I do my homework. (S V O)
(Oေနရာမွာ my homework-phကို သုံးထားပါတယ္။)Prepမပါတဲ့ Phထဲမွာပါတဲ့ V3နဲ႔ V4က Prepပါတဲ့ Phထဲမွာလည္း ပါလို႔ V3နဲ႔ V4အေၾကာင္းကို Prepပါတဲ့ Phအေၾကာင္းက်မွ ဆက္ရွင္းပါမယ္။
2)Prepပါတဲ့ Ph
Prepပါတဲ့ Phတြင္
1.To+V1
2.V3
3.V4ႏွင့္
4.အျခားprepပါတဲ့ Phမ်ား ပါ၀င္ပါတယ္။
(V3ႏွင့္V4က Prepမပါတဲ့ Phတြင္လည္း ပါ,ပါတယ္။)
Prepပါတဲ့ Phဆိုေတာ့ prepအေၾကာင္း ဦးစြာေျပာရပါမယ္။
Prep=Prepositon (e.g. in,on,at,…)
(in the room=အခန္းထဲမွာ)
inရယ္ theရယ္ roomရယ္ စကားလုံး၃လုံးေပါင္းထားတဲ့ prepပါတဲ့ phပါ။ ဒီphမွာ inကို သူ႔ရဲ႕မူရင္းအဓိပၸာယ္ (အထဲမွာ)နဲ႔ ေကာက္လို႔ရပါတယ္။
1.The boy in white shirt is Ko Ko.
ဒီဝါက်မွာ (The boy in white shirt) က S ပါ။ အဲ့(S)မွာ (The boy)က prepမပါတဲ့ ph, (in white shirt)က prepပါတဲ့ phပါ။
(in white shirt)ကို (ရွပ္အက်ႌအျဖဴေရာင္အထဲမွာ)လို႔ေကာက္ၿပီး (The boy)နဲ႔ တြဲလိုက္ရင္ (ရွပ္အက်ႌအျဖဴေရာင္အထဲမွာ ေကာင္ေလး)ျဖစ္သြားေတာ့ (inကို မူရင္းအဓိပၸာယ္(အထဲမွာ)နဲ႔ ေကာက္လို႔ မရေတာ့ပါ။ အဲ့ေတာ့ (in)ကို [၀တ္ထားေသာ (သို႔မဟုတ္)နဲ႔] ျဖင့္ ေကာက္ရပါမယ္။ အဲ့ေတာ့ (in white shirt)ကို (ရွပ္အက်ႌအျဖဴေရာင္၀တ္ထားေသာ) သို႔မဟုတ္ (ရွပ္အက်ႌအျဖဴေရာင္နဲ႔)လို႔ ေကာက္ရပါမယ္။
(The boy in white shirt)လို႔ Ph၂ခုေပါင္းလိုက္ရင္ (ရွပ္အက်ႌအျဖဴေရာင္၀တ္ထားေသာ/နဲ႔ ေကာင္ေလး)လို႔ အဓိပၸာယ္ရပါတယ္။ ဒီေတာ့
(The boy in white shirt is Ko Ko.)ကို
အဓိပၸာယ္ေကာက္ရင္
(ရွပ္အက်ႌအျဖဴေရာင္၀တ္ထားေသာ/နဲ႔ ေကာင္ေလးသည္ ကိုကို ျဖစ္သည္။)ေပါ့။
2. The tiger in the forest is wild.
ဒီဝါက်မွာ (in the forest) က (in) ကို (အထဲမွာ)နဲ႔ ေကာက္ရင္ အဆင္မေျပပါ။ (အထဲက)လို႔ ေကာက္မွ အဆင္ေျပပါတယ္။ (The tiger in the forest)ဆိုေတာ့ (ေတာထဲကက်ား)ေပါ့။
ဒီဝါက်တစ္ခုလုံးရဲ႕ အဓိပၸာယ္ကေတာ့
(ေတာထဲကက်ားသည္ ရိုင္းသည္။)ေပါ့။
ဒီေတာ့ ေကာက္ခ်က္ခ်ရရင္
၁။ prepေတြ႕ရင္ မူရင္းအဓိပၸာယ္နဲ႔ ေကာက္ပါ။ မရရင္
၂။ (ေသာ၊ က၊ နဲ႔)ေကာက္ပါ။
1. To+V1(e.g. to meet)
1.I come to meet you.
မင္းကို (ေတြ႕ရန္/ဖို႔/ေအာင္) ငါ လာတယ္။
2.It is nice to meet you.
မင္းကို (ေတြ႕ရတာ) ၀မ္းသာပါတယ္။
3.To meet is to part.
(ေတြ႕ဆုံျခင္း)သည္ ခြဲခြာျခင္း ျဖစ္သည္။
to meet ဆိုတဲ့ to+V1 ကို (1)ဝါက်မွာ (ေတြ႕ရန္၊ ေတြ႕ဖို႔၊ ေတြ႕ေအာင္)နဲ႔ ေကာက္ပါတယ္။ (2)ဝါက်မွာ (ေတြ႕ရတာ)နဲ႔ (3)ဝါက်မွာေတာ့ (ေတြ႕ဆုံျခင္း)လို႔ ေကာက္ပါတယ္။ ဒါေၾကာင့္ (ေတြ႕)ကို ဖယ္ၿပီး (to+V1)မွာ (ရန္၊ ေအာင္၊ တာ၊ ဖို႔၊ ျခင္း)ဆိုတဲ့ အဓိပၸာယ္(၅)မ်ဳိးရွိတယ္လို႔ မွတ္နိုင္ပါတယ္။
(To+V1—>ရန္၊ ေအာင္၊ တာ၊ ဖို႔၊ ျခင္း)
[မွတ္ခ်က္- က်ေနာ့္ဆရာဦးျမႀကိဳင္ကေတာ့ (To+V1)ကို (ျခင္း၊ ဖို႔ရန္)နဲ႔ ေကာက္ပါတယ္။]
2. To+N-Toဟာ V1နဲ႔ တြဲတဲ့အျပင္ Nနဲ႔လည္း တြဲပါတယ္။
1. to school = ေက်ာင္းကို၊ ေက်ာင္းသို႔၊ ေက်ာင္းအထိ။
2. to Ma Ma = မမကို၊ မမသို႔၊ မမထံ၊ မမအား၊ မမဖို႔၊ မမဆီ။ေနာက္ၿပီး Toသုံးတာ ေနာက္တစ္ခုက ratioနဲ႔ တြဲသုံးတာပါ။ အဲ့ေတာ့ က်ေနာ္က ratioပါရင္ ofပါမယ္ toပါမယ္။ ofေနာက္က စာသားနဲ႔ toေနာက္က စာသားတို႔ရဲ႕အခ်ဳိး ျဖစ္တယ္လို႔ မွတ္ခိုင္းပါတယ္။ ဥပမာ-3.the ratio of A to B = Aႏွင့္Bတို႔၏အခ်ဳိး(ဒီphမွာ to ကို (ႏွင့္)နဲ႔ ေကာက္သြားတာကို သတိျပဳပါ။)
ဒီလိုပါပဲ…equal ေနာက္က to, proportional ေနာက္က toကိုလည္း (ႏွင့္)နဲ႔ ေကာက္ပါတယ္။ ဥပမာ-
4. X is equal to Y.(Xသည္ Yႏွင့္ ညီသည္။)
ဒီဝါက်မွာ Xက S, is က V, equal က C ပါ။ ဒီေတာ့ (S V C) Basic Sentence(2)ကို သုံးၿပီးသြားၿပီ။ (X is equal.) (Xသည္ ညီသည္။) ဘာနဲ႔ညီလဲ၊ ဆိုတာ ေဖာ္ျပဖို႔အတြက္ (to Y)-(prep+N)-(prep ပါတဲ့ph)ကို အပိုထပ္ထည့္ရပါတယ္။
5. The strain is proportionl to the stress. (ဒဏ္သည္ ဒဏ္အားႏွင့္ အခ်ဳိးက်သည္။)ဒါေၾကာင့္ To+N မွာ (ကို၊ သို႔၊ ထံ၊ အား၊ ဖို႔၊ ႏွင့္၊ ဆီ၊ အထိ) အဓိပၸာယ္၈မ်ဳိး ရွိပါတယ္။
(To+V1)က (ရန္၊ ေအာင္၊ တာ၊ ဖို႔၊ ျခင္း) ၅မ်ဳိးနဲ႔ေပါင္းရင္ To မွာ အဓိပၸာယ္ ၁၃မ်ဳိး ရွိပါတယ္။ တခါတေလ ဒီ၁၃မ်ဳိးနဲ႔ ဘာသာျပန္မရတဲ့ ဝါက်ေတြလည္း ရွိပါတယ္။
(To+N —-> ကို၊ သို႔၊ ထံ၊ အား၊ ဖို႔၊ ႏွင့္၊ ဆီ၊ အထိ)ဆက္လက္ၿပီး Phေတြ အမ်ားႀကီးပါလာရင္ ဘယ္လိုအဓိပၸာယ္ေကာက္မလဲ၊ ဆိုတာ ေလ့လာၾကပါမယ္။Phေတြ အမ်ားႀကီးပါလာရင္ (သို႔မဟုတ္) တစ္ခုထက္ ပိုပါရင္ (D/M/P/T/R or P) အစီအစဥ္နဲ႔ ေရးရပါတယ္။
1. D = Direction (ဦးတည္ရာဘက္)
Where to/ Where fromနဲ႔ ေမးခြန္းထုတ္လို႔ ရပါတယ္။ ဥပမာ-He went to market. သူ ေစ်းသို႔ သြားခဲ့သည္။ (to market-Ph-ေစ်းသို႔)သည္ ဦးတည္ရာဘက္(D)ကို ျပပါတယ္။
Where did he go? သူ ဘယ္သြားခဲ့လဲလို႔ ေမးခြန္းထုတ္လို႔ ရပါတယ္။
2. M = Manner (အျပဳအမူ/အမူအရာ)
Howနဲ႔ ေမးခြန္းထုတ္လို႔ ရပါတယ္။ ဥပမာ-
They play in happiness. သူတို႔ ေပ်ာ္႐ႊင္စြာ ကစားၾကသည္။(in happiness-Ph-ေပ်ာ္႐ႊင္စြာ)သည္ အမူအရာ(M)ကို ျပပါတယ္။
How do they play? လို႔ ေမးခြန္းထုတ္လို႔ ရပါတယ္။
3. P = Place (ေနရာ)
Where နဲ႔ ေမးခြန္းထုတ္လို႔ ရပါတယ္။ ဥပမာ- Saya Pe Myint lived in Thandwe.
ဆရာေဖျမင့္သည္ သံတြဲမွာ ေနထိုင္ခဲ့သည္။
(in Thandwe-Ph-သံတြဲမွာ)သည္ ေနရာ(P)ကို ျပပါတယ္။Where did he live? လို႔ ေမးခြန္းထုတ္လို႔ ရပါတယ္။
4. T = Time (အခ်ိန္)
When နဲ႔ ေမးခြန္းထုတ္လို႔ ရပါတယ္။ ဥပမာ-
I get up at 6’O clock. ငါ ၆နာရီမွာ အိပ္ရာထတယ္။(at 6’O clock-Ph-၆နာရီမွာ)သည္ အခ်ိန္(T)ကို ေဖာ္ျပသည္။When do you get up?လို႔ ေမးခြန္းထုတ္လို႔ ရပါတယ္။
5. R = Reason (အေၾကာင္းျပခ်က္) (or) P = Purpose (ရည္ရြယ္ခ်က္)Why နဲ႔ ေမးခြန္းထုတ္လို႔ ရပါတယ္။ ဥပမာ-
He lives to work. အလုပ္,လုပ္ဖ္ို႔ သူအသက္ရွင္သည္။(to work-Ph-အလုပ္,လုပ္ဖို႔)သည္ အေၾကာင္းျပခ်က္(R) သို႔မဟုတ္ ရည္႐ြယ္ခ်က္(P)ကို ေဖာ္ျပသည္။
က်ေနာ့္ဆရာဦးျမႀကိဳင္က ေျပာပါတယ္။ (D/M/P/T/R or P) ငါးခုစလုံးပါတဲ့ဝါက် ရွားတယ္တဲ့။ ျဖစ္နိုင္ရင္ အလြတ္က်က္ထားပါလို႔ ေျပာပါတယ္။
He goes to school by bicycle in Thandwe in the morning to study his lessons.(to study his lessons -R or P) သူ၏သင္ခန္းစာမ်ားကို ေလ့လာရန္၊ (in the morning-T) မနက္က၊ (in Thandwe-P) သံတြဲမွာ၊ (by bicycle-M) စက္ဘီးျဖင့္၊ (to school-D) ေက်ာင္းသို႔ သူ သြားသည္။
အမွန္က ဒီဝါက်ဟာ He goes. (S V)ဝါက်ကို (D/M/P/T/R or P) Phမ်ားျဖင့္ ရွည္ေအာင္လုပ္ထားတာ ျဖစ္ပါတယ္။ အဲ့လို Phေတြ အမ်ားႀကီး ပါလာရင္ ေနာက္ဆုံးPhက စၿပီး အဓိပၸာယ္ေကာက္ရပါတယ္။
ဆက္လက္၍ V3 နဲ႔ V4ကို ဆက္ရွင္းပါမယ္။
V3(or)V-ed/en-V3ဟာ
(1) perfect tense တြင္has/have/had ႏွင့္တြဲပါတယ္။(has/have/had+V3) ကို
(မိ၊ ထား၊ သြား၊ ဖူး၊ ၿပီး)နဲ႔ေကာက္။
ဥပမာ – I have eaten.
၁။ ငါ စားမိသည္။
၂။ ငါ စားထားသည္။
၃။ ငါ စားသြားသည္။
၄။ ငါ စားဖူးသည္။
၅။ ငါ စားၿပီးၿပီ။
[တခါတေလ ဒီအဓိပၸာယ္၅မ်ဳိး(မိ၊ ထား၊ သြား၊ ဖူး၊ ၿပီး)နဲ႔ေကာက္လို႔ မရတဲ့ ဝါက်ေတြရွိပါတယ္။ အဲ့ဒီအခါ (ခဲ့သည္)နဲ႔ ေကာက္ပါ။]
V3ဟာ(2) passive voice တြင္is/am/are/was/were/be/been/being ႏွင့္တြဲပါတယ္။
(is/am/are/was/were/be/been/being + V3) ကို ေအာက္ပါအဓိပၸာယ္၃မ်ဳိး နဲ႔ေကာက္နိုင္ပါတယ္။
၁။ ကို … သည္။ [လိုရင္(ေစ)ထည့္ေကာက္]
၂။ သည္ျခင္း … ခံရသည္။
၃။ သည္အ … ခံရသည္။
ဥပမာ(၁) – A man is beaten.
၁။ လူတစ္ေယာက္ကို ရိုက္သည္။
၂။ လူတစ္ေယာက္သည္ ရိုက္ျခင္းခံရသည္။
၃။ လူတစ္ေယာက္သည္ အရိုက္ခံရသည္။
ဥပမာ(၂) – I was determined.
က်ြန္ေတာ့ကို ဆုံးျဖတ္ေစသည္။
ဒီဘာသာျပန္နည္းမွာ အဓိကေျပာခ်င္တာက V3တစ္လုံးတည္းရွိရင္ ဘယ္လိုအဓိပၸာယ္ေကာက္မလဲ၊ ဆိုတာကိုပါ။ ဥပမာ – used
1. The system used in this school is good. ဝါက်တစ္ခုကို အဓိပၸာယ္ေကာက္ေတာ့မယ္ဆိုရင္ ပထမဆုံး Vကို ရွာရပါမယ္။
ဒီဝါက်မွာ Vက (is)ပါ။ (is)ရဲ႕ေရွ႕မွာ ရွိတဲ့ (The system used in this school)က Sပါ။ Sက ဒီလိုအရွည္ႀကီးျဖစ္သြားေတာ့ ေက်ာင္းသားချမာ ေမြ႕သြားပါေလေရာ။ သူတို႔က Sကို (I, they, ကိုကို၊ ေမာင္ေမာင္)တို႔ေလာက္ မွတ္ထားတာကိုး။ အခုက်ေတာ့ Sေနရာမွာ (ကိုကို၊ ေမာင္ေမာင္) မလာဘဲ (အရွည္ႀကီး)လာေတာ့ တိုင္ပတ္သြားတာေပါ့။ (The system used in this school)က S, (is)က V, (good)က Cဆိုေတာ့ (S V C)နဲ႔ ေရးထားတဲ့ ဝါက်ေပါ့။ (S V C)နဲ႔ ေရးတဲ့ဝါက်ကို (They are readers.)ေလာက္ မွတ္ထားလို႔ မရေတာ့ဘူးေပါ့။ (The system used in this school)ဆိုတဲ့ Sအရွည္ႀကီးကို ခြဲၾကည့္ရင္ (the system-စနစ္)က (prepမပါတဲ့ph)ပါ။ (used in this school-ဤေက်ာင္းမွာသုံးေသာ)က (prepပါတဲ့ph)ပါ။ ဒီေတာ့ (The system/ used in this school-ဤေက်ာင္းမွာသုံးေသာစနစ္)က ph၂ခုနဲ႔ ဖြဲ႕စည္းထားတဲ့ Sေပါ့။ (V+C-is good-ေကာင္းသည္။)နဲ႔ ေပါင္းလိုက္ေတာ့ (ဤေက်ာင္းမွာ သုံးေသာစနစ္သည္ ေကာင္းသည္။)ေပါ့။ (used = သုံးေသာ)(usedကို V2-သုံးခဲ့သည္)လို႔ ယူဆၿပီး အဓိပၸာယ္ေကာက္ၾကည့္ရင္ (The system-စနစ္သည္/used- သုံးခဲ့သည္/in this school-ဤေက်ာင္းမွာ/is good-ေကာင္းသည္)ဆိုေတာ့ ဘယ္လိုမွ အဆင္မေျပဘူးေလ။
2. Used poison, she died.အဆိပ္ကို သုံးေသာေၾကာင့္ သူမ ေသဆုံးခဲ့သည္။ (used = သုံးေသာေၾကာင့္)
3. Used as a text, this story becomes popular. ျပဌာန္းစာအုပ္တစ္အုပ္အျဖစ္ သုံးလ်က္ထိုပုံျပင္သည္ လူသိမ်ားလာသည္။ (used = သုံးလ်က္)
(1)ဝါက်က (used)ကို (သုံးေသာ)
(2)ဝါက်က (used)ကို (သုံးေသာေၾကာင့္)
(3)ဝါက်က (used)ကို (သုံးလ်က္)လုိ႔ အဓိပၸာယ္ေကာက္ခဲ့ပါတယ္။ (သုံး)ကို ဖယ္လိုက္ၿပီး V3မွာ (ေသာ၊ ေသာေၾကာင့္၊ လ်က္)အဓိပၸာယ္၃မ်ဳိးရွိတယ္လို႔ မွတ္နိုင္ပါတယ္။ ဒီေနရာမွာ ဘာသာျပန္ပုံကို ဘယ္လိုမွ နားမလည္ရင္ေတာ့ V3ေတြ႕ရင္ (ေသာ၊ ေသာေၾကာင့္၊ လ်က္)ကို တစ္လွည့္စီ အစားထိုးၾကည့္ပါ။ တစ္ခုမဟုတ္ တစ္ခု ကိုက္ေနပါလိမ့္မယ္။ ဥပမာ-(3)ဝါက်ကို ၾကည့္ပါ။
3. Used as a text, this story becomes popular. (Used as a text)နဲ႔ (this story)ကိုတြဲၿပီး ဘာသာျပန္ၾကည့္ပါ။
(၁) ျပဌာန္းစာအုပ္တစ္အုပ္အျဖစ္ သုံးေသာ ထိုပုံျပင္ (မကိုက္)
(၂) ျပဌာန္းစာအုပ္တစ္အုပ္အျဖစ္ သုံးေသာေၾကာင့္ (မကိုက္)
(၃) ျပဌာန္းစာအုပ္တစ္အုပ္အျဖစ္ သုံးလ်က္ [(လ်က္)နဲ႔ေကာက္မွ (ကိုက္)ပါတယ္။]
(V3 —> ေသာ၊ ေသာေၾကာင့္၊ လ်က္)
[မွတ္ခ်က္- က်ေနာ့္ဆရာဦးျမႀကိဳင္ကေတာ့ V3အတြက္ (ေသာ၊ လ်က္)အဓိပၸာယ္၂မ်ဳိးပဲ ေပးခဲ့ပါတယ္။ (ေသာေၾကာင့္)က က်ေနာ္ထပ္ထည့္ထားတာပါ။]
V4/Ving
V4/Ving ဟာ
Continuous Tense တြင္ (is/am/are/was/were)ႏွင့္ တြဲပါတယ္။is/am/are + V4 =(ေနသည္)နဲ႔ေကာက္was/were + V4 =(ေနခဲ့သည္)နဲ႔ေကာက္
I am reading a book.
I was reading when she came.
V4တစ္လုံးတည္းရွိရင္ ဘယ္လိုအဓိပၸာယ္ေကာက္မလဲ။ ဥပမာ – reading
1. I like reading.
စာဖတ္ျခင္းကို ငါ ႀကိဳက္သည္။ (reading=
စာဖတ္ျခင္း)
2. I saw a boy reading.
စာဖတ္ေနေသာ ေကာင္ေလးတစ္ေယာက္ကို ငါ ျမင္သည္။ (reading=
စာဖတ္ေနေသာ)
3. Reading much, he passed.
အမ်ားႀကီးစာဖတ္ေသာေၾကာင့္ သူ စာေမးပြဲ ေအာင္ခဲ့သည္။ ( reading=စာဖတ္ ေသာေၾကာင့္)
4. I drink tea reading.
စာဖတ္လ်က္ ငါ လဖက္ရည္ ေသာက္သည္။ (reading=စာဖတ္လ်က္)
V4တစ္လုံးတည္းရွိရင္ ဘယ္လိုအဓိပၸာယ္ေကာက္မလဲ။ အလြယ္ဆုံးနည္းကေတာ့
V4 တစ္လုံးတည္းရွိရင္ ( ျခင္း၊ ေသာ၊ ေသာေၾကာင့္၊ လ်က္) ကို အစားထိုးၾကည့္ပါ။ တစ္ခုမဟုတ္ တစ္ခု ကိုက္ေနပါလိမ့္မယ္။ ဥပမာ- No.4 ဝါက်ကို ၾကည့္ပါ။
4. I drink tea reading.က (reading)ကို ( ျခင္း၊ ေသာ၊ ေသာေၾကာင့္၊ လ်က္) အစားထိုးၿပီး (I)နဲ႔ တြဲၾကည့္ပါ။
၁။ စာဖတ္ျခင္း ငါ (မကိုက္)
၂။ စာဖတ္ေသာ ငါ (မကိုက္)
၃။ စာဖတ္ေသာေၾကာင့္ ငါ (မကိုက္)
၄။ (စာဖတ္လ်က္ ငါ) ပဲ (ကိုက္)ပါတယ္။
ဒါေၾကာင့္ V4တစ္လုံးတည္းရွိရင္
( ျခင္း၊ ေသာ၊ ေသာေၾကာင့္၊ လ်က္) အဓိပၸာယ္၄မ်ဳိးရွိတယ္လို႔ မွတ္ရပါမယ္။
(V4—>ျခင္း၊ ေသာ၊ ေသာေၾကာင့္၊ လ်က္)
ေနာက္ၿပီး V4ကို (on,in)ႏွင့္လည္း တြဲသုံးပါတယ္။
1.(on+V4 = when-ေသာအခါ)
On reading, he comes.
စာဖတ္ေနေသာအခါ သူ လာသည္။
2.(in+V4 = while-စဥ္)
In reading, it rains.
စာဖတ္ေနစဥ္ မိုး႐ြာသည္။ဒါေၾကာင့္ (V4)ဟာ (on)နဲ႔တြဲရင္ (ေသာအခါ)လို႔ အဓိပၸာယ္ထြက္ၿပီး (in)နဲ႔တြဲရင္ (စဥ္)လို႔ အဓိပၸာယ္ထြက္ပါတယ္။
Phrase (Ph)အေၾကာင္း ၿပီးပါၿပီ။ Clauseအေၾကာင္း ဆက္ေရးပါဦးမည္။
ေက်းဇူးရွင္ဆရာႀကီးဦးျမႀကိဳင္အား ဤPostျဖင့္ ကန္ေတာ့လိုက္ပါတယ္။
Credit-ေဆာင္းသစ္(သံတြဲ)
Unicode
အင်္ဂလိပ်စာ ဘာသာပြန်နည်း(၂)
ဒီဘာသာပြန်နည်းကို ကျနော်က ဘာသာပြန်ရမှာကို သေအောင်ကြောက်တဲ့၊ အသံထွက်ကိုပဲ အလွတ်မှတ်ပြီး E to E အလွတ်ကျက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေအတွက် ရည်ရွယ်ပါတယ်။ ဒီနည်းကို ရသွားတာကလည်း သူတို့နားမလည်တာကို နည်းအမျိုးမျိုးနဲ့ ရှင်းရင်းကနေ ကျနော့်ဆရာဦးမြကြိုင်ရဲ့နည်းကို အခြေခံပြီး ထပ်ဆင့်ထားတဲ့နည်းကို ရလိုက်တာပါ။ တစုံတခု အမှားအယွင်းရှိပါက ကျနော့်ရဲ့ ချို့ယွင်းချက်သာ ဖြစ်ပါတယ်။
(2) Phrase(ph) စကားစု
A phrase is a group-word.
စကားစုတစ်ခုသည် စကားလုံးအုပ်စုတစ်ခု ဖြစ်သည်။Ph(2)မျိုးရှိပါတယ်။
1. Prep မပါတဲ့ Ph
2. Prep ပါတဲ့ Ph
(ဒါက အလွယ်မှတ်လိုက်တာပါ။ အမှန်တကယ်က
1. Noun Phrase
2. Adjective Phrase
3. Adverb Phrase ဟူ၍ ၃မျိုး ရှိပါတယ်။)
1)Prep မပါတဲ့ Phတွင်
1.ND + N
2.Adj + N
3.ND + Adj + N
4.V3
5.V4 တို့ ပါဝင်ပါတယ်။
NDတွင်
(a, an, the
one, two, three, …
first, second, third, …
such, other, another
any, many, much, more
some, few, little, all, no
most, less, least, enough
several, last
either, neither မှတ်။
this, that, these, those, each, every။
my, our, your, his, her, its, their, ‘s)
တို့ပါဝင်ပါတယ်။ စုစုပေါင်း ၄၃လုံးရှိပါတယ်။ ကဗျာလိုရွတ်လို့ကောင်းအောင် စီထားပါတယ်။
Article (a, an, the)အတွက် ယေဘုယျအသုံးကို မှတ်သားရန်မှာ
၁။ Countable Noun(CN) အနည်းကို
(a, an, the) မပါဘဲ မရေးရ။ ဥပမာ –
ခွေး = the dog
ခွေးတစ်ကောင် = a dog
ပန်းသီး = the aple
ပန်းသီးတစ်လုံး = an apple
၂။ Countable Noun(CN) အများနှင့် Uncountable Noun(UN) ကို
(၁) the မပါဘဲ ရေးသည်။ (၂) the နှင့် တွဲရေးသည်။ (a,an လုံးဝမသုံးရ။) ဥပမာ –
ခွေးများ = (၁)dogs (၂)the dogs
ရေ = (၁)water (၂)the water
1.ND + N = the girl
(girlတစ်လုံးတည်းဆို Nပါ။ ဒါပေမယ့် theနဲ့တွဲလိုက်တော့ theရယ် girlရယ် စကားလုံး၂လုံးပေါင်းထားတဲ့ စကားစု-phဖြစ်သွားပါတယ်။ စကားလုံးတစ်လုံးထက် ပိုနေရင် Ph-စကားစုပါပဲ။) (ဥပမာ၂- my sister)
2.Adj + N = pretty girl
(pretty girl ကလည်း prettyနဲ့ girl စကားလုံး၂ခုပေါင်းထားတဲ့ phပေါ့။)
3.ND + Adj + N = the pretty girl
(theရယ် prettyရယ် girlရယ် စကားလုံး၃လုံးပေါင်းထားတဲ့ စကားစု-Phပေါ့။)
Ph-စကားစုတွေကို
1. Sနေရာ
2. Oနေရာ
3. Cနေရာတွေမှာ ထည့်သုံးပါတယ်။ ဒါ့အပြင် 4. Basic Sentence ၅မျိုးနောက်မှာ အပိုထည့်ပြီးတော့လည်း သုံးပါတယ်။ (အပိုသုံးပုံကို To+V1အကြောင်းမှာ ရှင်းထားပါတယ်။)
1. The pretty girl is my sister.လို့ (S V C)နဲ့ ဝါကျဖွဲ့လိုက်ပါတယ်။ Sနေရာမှာ The pretty girl-phနဲ့ Cနေရာမှာ my sister-phတို့ကို သုံးထားတာတွေ့ရပါမယ်။
2. I do my homework. (S V O)
(Oနေရာမှာ my homework-phကို သုံးထားပါတယ်။)Prepမပါတဲ့ Phထဲမှာပါတဲ့ V3နဲ့ V4က Prepပါတဲ့ Phထဲမှာလည်း ပါလို့ V3နဲ့ V4အကြောင်းကို Prepပါတဲ့ Phအကြောင်းကျမှ ဆက်ရှင်းပါမယ်။
2)Prepပါတဲ့ Ph
Prepပါတဲ့ Phတွင်
1.To+V1
2.V3
3.V4နှင့်
4.အခြားprepပါတဲ့ Phများ ပါဝင်ပါတယ်။
(V3နှင့်V4က Prepမပါတဲ့ Phတွင်လည်း ပါ,ပါတယ်။)
Prepပါတဲ့ Phဆိုတော့ prepအကြောင်း ဦးစွာပြောရပါမယ်။
Prep=Prepositon (e.g. in,on,at,…)
(in the room=အခန်းထဲမှာ)
inရယ် theရယ် roomရယ် စကားလုံး၃လုံးပေါင်းထားတဲ့ prepပါတဲ့ phပါ။ ဒီphမှာ inကို သူ့ရဲ့မူရင်းအဓိပ္ပာယ် (အထဲမှာ)နဲ့ ကောက်လို့ရပါတယ်။
1.The boy in white shirt is Ko Ko.
ဒီဝါကျမှာ (The boy in white shirt) က S ပါ။ အဲ့(S)မှာ (The boy)က prepမပါတဲ့ ph, (in white shirt)က prepပါတဲ့ phပါ။
(in white shirt)ကို (ရှပ်အကျႌအဖြူရောင်အထဲမှာ)လို့ကောက်ပြီး (The boy)နဲ့ တွဲလိုက်ရင် (ရှပ်အကျႌအဖြူရောင်အထဲမှာ ကောင်လေး)ဖြစ်သွားတော့ (inကို မူရင်းအဓိပ္ပာယ်(အထဲမှာ)နဲ့ ကောက်လို့ မရတော့ပါ။ အဲ့တော့ (in)ကို [ဝတ်ထားသော (သို့မဟုတ်)နဲ့] ဖြင့် ကောက်ရပါမယ်။ အဲ့တော့ (in white shirt)ကို (ရှပ်အကျႌအဖြူရောင်ဝတ်ထားသော) သို့မဟုတ် (ရှပ်အကျႌအဖြူရောင်နဲ့)လို့ ကောက်ရပါမယ်။
(The boy in white shirt)လို့ Ph၂ခုပေါင်းလိုက်ရင် (ရှပ်အကျႌအဖြူရောင်ဝတ်ထားသော/နဲ့ ကောင်လေး)လို့ အဓိပ္ပာယ်ရပါတယ်။ ဒီတော့
(The boy in white shirt is Ko Ko.)ကို
အဓိပ္ပာယ်ကောက်ရင်
(ရှပ်အကျႌအဖြူရောင်ဝတ်ထားသော/နဲ့ ကောင်လေးသည် ကိုကို ဖြစ်သည်။)ပေါ့။
2. The tiger in the forest is wild.
ဒီဝါကျမှာ (in the forest) က (in) ကို (အထဲမှာ)နဲ့ ကောက်ရင် အဆင်မပြေပါ။ (အထဲက)လို့ ကောက်မှ အဆင်ပြေပါတယ်။ (The tiger in the forest)ဆိုတော့ (တောထဲကကျား)ပေါ့။
ဒီဝါကျတစ်ခုလုံးရဲ့ အဓိပ္ပာယ်ကတော့
(တောထဲကကျားသည် ရိုင်းသည်။)ပေါ့။
ဒီတော့ ကောက်ချက်ချရရင်
၁။ prepတွေ့ရင် မူရင်းအဓိပ္ပာယ်နဲ့ ကောက်ပါ။ မရရင်
၂။ (သော၊ က၊ နဲ့)ကောက်ပါ။
1. To+V1(e.g. to meet)
1.I come to meet you.
မင်းကို (တွေ့ရန်/ဖို့/အောင်) ငါ လာတယ်။
2.It is nice to meet you.
မင်းကို (တွေ့ရတာ) ဝမ်းသာပါတယ်။
3.To meet is to part.
(တွေ့ဆုံခြင်း)သည် ခွဲခွာခြင်း ဖြစ်သည်။
to meet ဆိုတဲ့ to+V1 ကို (1)ဝါကျမှာ (တွေ့ရန်၊ တွေ့ဖို့၊ တွေ့အောင်)နဲ့ ကောက်ပါတယ်။ (2)ဝါကျမှာ (တွေ့ရတာ)နဲ့ (3)ဝါကျမှာတော့ (တွေ့ဆုံခြင်း)လို့ ကောက်ပါတယ်။ ဒါကြောင့် (တွေ့)ကို ဖယ်ပြီး (to+V1)မှာ (ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း)ဆိုတဲ့ အဓိပ္ပာယ်(၅)မျိုးရှိတယ်လို့ မှတ်နိုင်ပါတယ်။
(To+V1—>ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း)
[မှတ်ချက်- ကျနော့်ဆရာဦးမြကြိုင်ကတော့ (To+V1)ကို (ခြင်း၊ ဖို့ရန်)နဲ့ ကောက်ပါတယ်။]
2. To+N-Toဟာ V1နဲ့ တွဲတဲ့အပြင် Nနဲ့လည်း တွဲပါတယ်။
1. to school = ကျောင်းကို၊ ကျောင်းသို့၊ ကျောင်းအထိ။
2. to Ma Ma = မမကို၊ မမသို့၊ မမထံ၊ မမအား၊ မမဖို့၊ မမဆီ။နောက်ပြီး Toသုံးတာ နောက်တစ်ခုက ratioနဲ့ တွဲသုံးတာပါ။ အဲ့တော့ ကျနော်က ratioပါရင် ofပါမယ် toပါမယ်။ ofနောက်က စာသားနဲ့ toနောက်က စာသားတို့ရဲ့အချိုး ဖြစ်တယ်လို့ မှတ်ခိုင်းပါတယ်။ ဥပမာ-3.the ratio of A to B = Aနှင့်Bတို့၏အချိုး(ဒီphမှာ to ကို (နှင့်)နဲ့ ကောက်သွားတာကို သတိပြုပါ။)
ဒီလိုပါပဲ…equal နောက်က to, proportional နောက်က toကိုလည်း (နှင့်)နဲ့ ကောက်ပါတယ်။ ဥပမာ-
4. X is equal to Y.(Xသည် Yနှင့် ညီသည်။)
ဒီဝါကျမှာ Xက S, is က V, equal က C ပါ။ ဒီတော့ (S V C) Basic Sentence(2)ကို သုံးပြီးသွားပြီ။ (X is equal.) (Xသည် ညီသည်။) ဘာနဲ့ညီလဲ၊ ဆိုတာ ဖော်ပြဖို့အတွက် (to Y)-(prep+N)-(prep ပါတဲ့ph)ကို အပိုထပ်ထည့်ရပါတယ်။
5. The strain is proportionl to the stress. (ဒဏ်သည် ဒဏ်အားနှင့် အချိုးကျသည်။)ဒါကြောင့် To+N မှာ (ကို၊ သို့၊ ထံ၊ အား၊ ဖို့၊ နှင့်၊ ဆီ၊ အထိ) အဓိပ္ပာယ်၈မျိုး ရှိပါတယ်။
(To+V1)က (ရန်၊ အောင်၊ တာ၊ ဖို့၊ ခြင်း) ၅မျိုးနဲ့ပေါင်းရင် To မှာ အဓိပ္ပာယ် ၁၃မျိုး ရှိပါတယ်။ တခါတလေ ဒီ၁၃မျိုးနဲ့ ဘာသာပြန်မရတဲ့ ဝါကျတွေလည်း ရှိပါတယ်။
(To+N —-> ကို၊ သို့၊ ထံ၊ အား၊ ဖို့၊ နှင့်၊ ဆီ၊ အထိ)ဆက်လက်ပြီး Phတွေ အများကြီးပါလာရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ၊ ဆိုတာ လေ့လာကြပါမယ်။Phတွေ အများကြီးပါလာရင် (သို့မဟုတ်) တစ်ခုထက် ပိုပါရင် (D/M/P/T/R or P) အစီအစဉ်နဲ့ ရေးရပါတယ်။
1. D = Direction (ဦးတည်ရာဘက်)
Where to/ Where fromနဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-He went to market. သူ ဈေးသို့ သွားခဲ့သည်။ (to market-Ph-ဈေးသို့)သည် ဦးတည်ရာဘက်(D)ကို ပြပါတယ်။
Where did he go? သူ ဘယ်သွားခဲ့လဲလို့ မေးခွန်းထုတ်လို့ ရပါတယ်။
2. M = Manner (အပြုအမူ/အမူအရာ)
Howနဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
They play in happiness. သူတို့ ပျော်ရွှင်စွာ ကစားကြသည်။(in happiness-Ph-ပျော်ရွှင်စွာ)သည် အမူအရာ(M)ကို ပြပါတယ်။
How do they play? လို့ မေးခွန်းထုတ်လို့ ရပါတယ်။
3. P = Place (နေရာ)
Where နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ- Saya Pe Myint lived in Thandwe.
ဆရာဖေမြင့်သည် သံတွဲမှာ နေထိုင်ခဲ့သည်။
(in Thandwe-Ph-သံတွဲမှာ)သည် နေရာ(P)ကို ပြပါတယ်။Where did he live? လို့ မေးခွန်းထုတ်လို့ ရပါတယ်။
4. T = Time (အချိန်)
When နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
I get up at 6’O clock. ငါ ၆နာရီမှာ အိပ်ရာထတယ်။(at 6’O clock-Ph-၆နာရီမှာ)သည် အချိန်(T)ကို ဖော်ပြသည်။When do you get up?လို့ မေးခွန်းထုတ်လို့ ရပါတယ်။
5. R = Reason (အကြောင်းပြချက်) (or) P = Purpose (ရည်ရွယ်ချက်)Why နဲ့ မေးခွန်းထုတ်လို့ ရပါတယ်။ ဥပမာ-
He lives to work. အလုပ်,လုပ်ဖို့ သူအသက်ရှင်သည်။(to work-Ph-အလုပ်,လုပ်ဖို့)သည် အကြောင်းပြချက်(R) သို့မဟုတ် ရည်ရွယ်ချက်(P)ကို ဖော်ပြသည်။
ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ (D/M/P/T/R or P) ငါးခုစလုံးပါတဲ့ဝါကျ ရှားတယ်တဲ့။ ဖြစ်နိုင်ရင် အလွတ်ကျက်ထားပါလို့ ပြောပါတယ်။
He goes to school by bicycle in Thandwe in the morning to study his lessons.(to study his lessons -R or P) သူ၏သင်ခန်းစာများကို လေ့လာရန်၊ (in the morning-T) မနက်က၊ (in Thandwe-P) သံတွဲမှာ၊ (by bicycle-M) စက်ဘီးဖြင့်၊ (to school-D) ကျောင်းသို့ သူ သွားသည်။
အမှန်က ဒီဝါကျဟာ He goes. (S V)ဝါကျကို (D/M/P/T/R or P) Phများဖြင့် ရှည်အောင်လုပ်ထားတာ ဖြစ်ပါတယ်။ အဲ့လို Phတွေ အများကြီး ပါလာရင် နောက်ဆုံးPhက စပြီး အဓိပ္ပာယ်ကောက်ရပါတယ်။
ဆက်လက်၍ V3 နဲ့ V4ကို ဆက်ရှင်းပါမယ်။
V3(or)V-ed/en-V3ဟာ
(1) perfect tense တွင်has/have/had နှင့်တွဲပါတယ်။(has/have/had+V3) ကို
(မိ၊ ထား၊ သွား၊ ဖူး၊ ပြီး)နဲ့ကောက်။
ဥပမာ – I have eaten.
၁။ ငါ စားမိသည်။
၂။ ငါ စားထားသည်။
၃။ ငါ စားသွားသည်။
၄။ ငါ စားဖူးသည်။
၅။ ငါ စားပြီးပြီ။
[တခါတလေ ဒီအဓိပ္ပာယ်၅မျိုး(မိ၊ ထား၊ သွား၊ ဖူး၊ ပြီး)နဲ့ကောက်လို့ မရတဲ့ ဝါကျတွေရှိပါတယ်။ အဲ့ဒီအခါ (ခဲ့သည်)နဲ့ ကောက်ပါ။]
V3ဟာ(2) passive voice တွင်is/am/are/was/were/be/been/being နှင့်တွဲပါတယ်။
(is/am/are/was/were/be/been/being + V3) ကို အောက်ပါအဓိပ္ပာယ်၃မျိုး နဲ့ကောက်နိုင်ပါတယ်။
၁။ ကို … သည်။ [လိုရင်(စေ)ထည့်ကောက်]
၂။ သည်ခြင်း … ခံရသည်။
၃။ သည်အ … ခံရသည်။
ဥပမာ(၁) – A man is beaten.
၁။ လူတစ်ယောက်ကို ရိုက်သည်။
၂။ လူတစ်ယောက်သည် ရိုက်ခြင်းခံရသည်။
၃။ လူတစ်ယောက်သည် အရိုက်ခံရသည်။
ဥပမာ(၂) – I was determined.
ကျွန်တော့ကို ဆုံးဖြတ်စေသည်။
ဒီဘာသာပြန်နည်းမှာ အဓိကပြောချင်တာက V3တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ၊ ဆိုတာကိုပါ။ ဥပမာ – used
1. The system used in this school is good. ဝါကျတစ်ခုကို အဓိပ္ပာယ်ကောက်တော့မယ်ဆိုရင် ပထမဆုံး Vကို ရှာရပါမယ်။
ဒီဝါကျမှာ Vက (is)ပါ။ (is)ရဲ့ရှေ့မှာ ရှိတဲ့ (The system used in this school)က Sပါ။ Sက ဒီလိုအရှည်ကြီးဖြစ်သွားတော့ ကျောင်းသားခမြာ မွေ့သွားပါလေရော။ သူတို့က Sကို (I, they, ကိုကို၊ မောင်မောင်)တို့လောက် မှတ်ထားတာကိုး။ အခုကျတော့ Sနေရာမှာ (ကိုကို၊ မောင်မောင်) မလာဘဲ (အရှည်ကြီး)လာတော့ တိုင်ပတ်သွားတာပေါ့။ (The system used in this school)က S, (is)က V, (good)က Cဆိုတော့ (S V C)နဲ့ ရေးထားတဲ့ ဝါကျပေါ့။ (S V C)နဲ့ ရေးတဲ့ဝါကျကို (They are readers.)လောက် မှတ်ထားလို့ မရတော့ဘူးပေါ့။ (The system used in this school)ဆိုတဲ့ Sအရှည်ကြီးကို ခွဲကြည့်ရင် (the system-စနစ်)က (prepမပါတဲ့ph)ပါ။ (used in this school-ဤကျောင်းမှာသုံးသော)က (prepပါတဲ့ph)ပါ။ ဒီတော့ (The system/ used in this school-ဤကျောင်းမှာသုံးသောစနစ်)က ph၂ခုနဲ့ ဖွဲ့စည်းထားတဲ့ Sပေါ့။ (V+C-is good-ကောင်းသည်။)နဲ့ ပေါင်းလိုက်တော့ (ဤကျောင်းမှာ သုံးသောစနစ်သည် ကောင်းသည်။)ပေါ့။ (used = သုံးသော)(usedကို V2-သုံးခဲ့သည်)လို့ ယူဆပြီး အဓိပ္ပာယ်ကောက်ကြည့်ရင် (The system-စနစ်သည်/used- သုံးခဲ့သည်/in this school-ဤကျောင်းမှာ/is good-ကောင်းသည်)ဆိုတော့ ဘယ်လိုမှ အဆင်မပြေဘူးလေ။
2. Used poison, she died.အဆိပ်ကို သုံးသောကြောင့် သူမ သေဆုံးခဲ့သည်။ (used = သုံးသောကြောင့်)
3. Used as a text, this story becomes popular. ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးလျက်ထိုပုံပြင်သည် လူသိများလာသည်။ (used = သုံးလျက်)
(1)ဝါကျက (used)ကို (သုံးသော)
(2)ဝါကျက (used)ကို (သုံးသောကြောင့်)
(3)ဝါကျက (used)ကို (သုံးလျက်)လို့ အဓိပ္ပာယ်ကောက်ခဲ့ပါတယ်။ (သုံး)ကို ဖယ်လိုက်ပြီး V3မှာ (သော၊ သောကြောင့်၊ လျက်)အဓိပ္ပာယ်၃မျိုးရှိတယ်လို့ မှတ်နိုင်ပါတယ်။ ဒီနေရာမှာ ဘာသာပြန်ပုံကို ဘယ်လိုမှ နားမလည်ရင်တော့ V3တွေ့ရင် (သော၊ သောကြောင့်၊ လျက်)ကို တစ်လှည့်စီ အစားထိုးကြည့်ပါ။ တစ်ခုမဟုတ် တစ်ခု ကိုက်နေပါလိမ့်မယ်။ ဥပမာ-(3)ဝါကျကို ကြည့်ပါ။
3. Used as a text, this story becomes popular. (Used as a text)နဲ့ (this story)ကိုတွဲပြီး ဘာသာပြန်ကြည့်ပါ။
(၁) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးသော ထိုပုံပြင် (မကိုက်)
(၂) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးသောကြောင့် (မကိုက်)
(၃) ပြဌာန်းစာအုပ်တစ်အုပ်အဖြစ် သုံးလျက် [(လျက်)နဲ့ကောက်မှ (ကိုက်)ပါတယ်။]
(V3 —> သော၊ သောကြောင့်၊ လျက်)
[မှတ်ချက်- ကျနော့်ဆရာဦးမြကြိုင်ကတော့ V3အတွက် (သော၊ လျက်)အဓိပ္ပာယ်၂မျိုးပဲ ပေးခဲ့ပါတယ်။ (သောကြောင့်)က ကျနော်ထပ်ထည့်ထားတာပါ။]
V4/Ving
V4/Ving ဟာ
Continuous Tense တွင် (is/am/are/was/were)နှင့် တွဲပါတယ်။is/am/are + V4 =(နေသည်)နဲ့ကောက်was/were + V4 =(နေခဲ့သည်)နဲ့ကောက်
I am reading a book.
I was reading when she came.
V4တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ။ ဥပမာ – reading
1. I like reading.
စာဖတ်ခြင်းကို ငါ ကြိုက်သည်။ (reading=
စာဖတ်ခြင်း)
2. I saw a boy reading.
စာဖတ်နေသော ကောင်လေးတစ်ယောက်ကို ငါ မြင်သည်။ (reading=
စာဖတ်နေသော)
3. Reading much, he passed.
အများကြီးစာဖတ်သောကြောင့် သူ စာမေးပွဲ အောင်ခဲ့သည်။ ( reading=စာဖတ် သောကြောင့်)
4. I drink tea reading.
စာဖတ်လျက် ငါ လဖက်ရည် သောက်သည်။ (reading=စာဖတ်လျက်)
V4တစ်လုံးတည်းရှိရင် ဘယ်လိုအဓိပ္ပာယ်ကောက်မလဲ။ အလွယ်ဆုံးနည်းကတော့
V4 တစ်လုံးတည်းရှိရင် ( ခြင်း၊ သော၊ သောကြောင့်၊ လျက်) ကို အစားထိုးကြည့်ပါ။ တစ်ခုမဟုတ် တစ်ခု ကိုက်နေပါလိမ့်မယ်။ ဥပမာ- No.4 ဝါကျကို ကြည့်ပါ။
4. I drink tea reading.က (reading)ကို ( ခြင်း၊ သော၊ သောကြောင့်၊ လျက်) အစားထိုးပြီး (I)နဲ့ တွဲကြည့်ပါ။
၁။ စာဖတ်ခြင်း ငါ (မကိုက်)
၂။ စာဖတ်သော ငါ (မကိုက်)
၃။ စာဖတ်သောကြောင့် ငါ (မကိုက်)
၄။ (စာဖတ်လျက် ငါ) ပဲ (ကိုက်)ပါတယ်။
ဒါကြောင့် V4တစ်လုံးတည်းရှိရင်
( ခြင်း၊ သော၊ သောကြောင့်၊ လျက်) အဓိပ္ပာယ်၄မျိုးရှိတယ်လို့ မှတ်ရပါမယ်။
(V4—>ခြင်း၊ သော၊ သောကြောင့်၊ လျက်)
နောက်ပြီး V4ကို (on,in)နှင့်လည်း တွဲသုံးပါတယ်။
1.(on+V4 = when-သောအခါ)
On reading, he comes.
စာဖတ်နေသောအခါ သူ လာသည်။
2.(in+V4 = while-စဉ်)
In reading, it rains.
စာဖတ်နေစဉ် မိုးရွာသည်။ဒါကြောင့် (V4)ဟာ (on)နဲ့တွဲရင် (သောအခါ)လို့ အဓိပ္ပာယ်ထွက်ပြီး (in)နဲ့တွဲရင် (စဉ်)လို့ အဓိပ္ပာယ်ထွက်ပါတယ်။
Phrase (Ph)အကြောင်း ပြီးပါပြီ။ Clauseအကြောင်း ဆက်ရေးပါဦးမည်။
ကျေးဇူးရှင်ဆရာကြီးဦးမြကြိုင်အား ဤPostဖြင့် ကန်တော့လိုက်ပါတယ်။
Credit-ဆောင်းသစ်(သံတွဲ)
No comments:
Post a Comment