အဂၤလိပ္စာ ဘာသာျပန္နည္း(၁)
က်ေနာ့္ဆရာဦးျမႀကိဳင္က ေျပာပါတယ္။ အဂၤလိပ္လိုေရးတဲ့ဝါက်ေတြဟာ Basic Sentence 5 မ်ဳိးထဲက မထြက္ပါဘူးတဲ့။
(1) Basic Sentence 5 မ်ဳိး
1. S + V [S = Subject (ျပဳ/ျဖစ္/ရွိသူ//ကတၱား၊ V = Verb (ႀတိယာ)]Sရွိမယ္၊ Vရွိမယ္ဆိုရင္ ဝါက်တစ္ခု ေရးလို႔ရတယ္။ ဥပမာ-
1.Ma Ma comes.
(မမက S, comesကV)
(မမသည္ လာသည္။)လို႔ အဓိပၸာယ္ေကာက္ပါတယ္။
2.Ko Ko looks. ကိုကိုက ၾကည့္သည္။
(ကိုကိုသည္)အစား (ကိုကိုက)လို႔ (က)နဲ႔ေျပာင္းေကာက္ပါတယ္။
3.Ma Ma smiles. မမမွာ ၿပံဳးသည္။
ဒီဝါက်မွာလည္း (မမသည္)အစား (မမမွာ)လို႔ (မွာ)နဲ႔ ေျပာင္းေကာက္ပါတယ္။ ဘာလို႔ဆိုေတာ့ ျမန္မာသဒါၵမွာ ကတၱား၀ိဘတ္ရဲ႕ သာဓကဟာ (သည္၊ က၊ မွာ)ျဖစ္လို႔ပါ။ ကတၱားဆိုတာ S(ျပဳသူ/ျဖစ္သူ/ရွိသူ) မဟုတ္ပါလား။ ဒါ့ေၾကာင့္
S ကို (သည္၊ က၊ မွာ)နဲ႔ေကာက္ပါ။
2. S + V + C (C=Complement=ျဖည့္ဖက္)(1)ဝါက်အရ Sရွိမယ္၊ Vရွိမယ္ဆိုရင္ ဝါက်တစ္ခုျဖစ္တယ္တဲ့။ ဒါဆိုရင္
They are. They က S, are က V
အဓိပၸာယ္ေကာက္ၾကည့္ေတာ့ (သူတို႔သည္ ျဖစ္သည္။) ဘာျဖစ္မွန္းမသိ။
ဘာျဖစ္မွန္းသိေအာင္ တစ္ခုခုျဖည့္ေပးရမယ္။ ဒါေၾကာင့္ They are ေနာက္မွာ readers, စာဖတ္သူမ်ားကို ထည့္လိုက္တယ္။readersဟာ လိုလို႔ျဖည့္ေပးရတာျဖစ္လို႔ C(Complemet-ျဖည့္ဖက္)ေပါ့။
1.They are readers. သူတို႔သည္ စာတ္သူမ်ား ျဖစ္သည္။ (readers=N)Cေနရာမွာ Nအျပင္ Adjနဲ႔ Advကိုလည္း ျဖည့္လို႔ရပါတယ္။
2.They are beautiful. သူတို႔သည္ လွပသည္။ (beautiful=Adj)
3.They are here. သူတို႔သည္ ဒီမွာ ရွိသည္။ (here=Adv)ဒါေၾကာင့္ Cေနရာမွာ (N,Adjနဲ႔Adv)တို႔ကို ထည့္နိုင္ပါတယ္။ ဒါ့ေၾကာင့္(C —> N/Adj/Adv)
3. S + V + O [O = Object (ခံရသူ)]
ဒီမွာလည္း (1)ဝါက်အရ Sရွိမယ္၊ Vရွိမယ္ဆိုရင္ ဝါက်တစ္ခုျဖစ္တယ္ဆိုေပမယ့္I know. ငါသည္ သိသည္။ ဘာကို သိတာလဲ။ သိျခင္းခံရတဲ့ တစ္ခုခု ထပ္ထည့္ေပးရပါမယ္။ ဒီေတာ့ I knowေနာက္မွာ Mg Mgကို ထည့္လိုက္ပါတယ္။I know Mg Mg. ငါသည္ ေမာင္ေမာင္ကို သိသည္၊ ေပါ့။ ဒါေၾကာင့္ Oကို (ကို)နဲ႔ ေကာက္ပါ။ ျမန္မာသဒါၵမွာလည္း ကံ၀ိဘတ္ရဲ႕ သာဓကဟာ (ကို)ပါ။
4. S + V + IO +DO
(3)ဝါက်က (O)ကို (IOနဲ႔ DO)လို႔ ႏွစ္ခု ထပ္ခြဲလို႔ ရပါတယ္။IO = Indirect Object (တစ္ဆင့္ခံရသူ၊ မ်ားေသာအားျဖင့္၊ သက္ရွိ)
DO = Direct Object (တိုက္ရိုက္ခံရသူ၊ မ်ားေသာအားျဖင့္၊ သက္မဲ့)(3)ဝါက်ပုံစံအရ She gives me.လို႔ ေရးလိုက္ရင္ (သူမသည္ ငါ့ကို ေပးသည္။)ဆိုေတာ့ (ဘာေပးတာလဲ။) ေနာက္ထပ္အေပးခံရတာ တစ္ခုခုရွိရဦးမွာေပါ့။ ဒီေတာ့ (books)ကို ထပ္ထည့္လိုက္ပါတယ္။
1.She gives me books.
သူမသည္ ငါ့ကို စာအုပ္မ်ားကို ေပးသည္။
(ငါ့ကိုမွာ) (ကို)တစ္လုံး၊ (စာအုပ္မ်ားကို)မွာ (ကို)တစ္လုံး၊ စုစုေပါင္း(ကို)ႏွစ္လုံး ျဖစ္ေနေတာ့ (စာအုပ္မ်ားကို)က (ကို)ကို ျဖဳတ္ၿပီး
(သူမသည္ ငါ့ကို စာအုပ္မ်ား ေပးသည္။)လို႔ အဓိပၸာယ္ေကာက္နိုင္ပါတယ္။ ေနာက္ၿပီး ဒီဝါက်မွာ me က IO,သက္ရွိ၊ books က DO,သက္မဲ့ပါ။ IOနဲ႔DOကို ေနရာေျပာင္းၿပီး ေရးခ်င္ရင္ DOနဲ႔IOၾကားမွာ to သို႔မဟုတ္ for ခံေပးရပါတယ္။ အဲ့ေတာ့She gives books to me.ေပါ့။ ဒါ့ေၾကာင့္(DO ေရွ႕တင္ ေရးလိုလ်ွင္ IOေရွ႕တြင္ to/for ၀င္)လို႔ မွတ္နိုင္ပါတယ္။
2.Father bought me books.
အေဖသည္ ငါ့ကို စာအုပ္မ်ား ၀ယ္ေပးခဲ့သည္။ IO-meနဲ႔ DO-booksကို ေနရာေျပာင္းေရးရင္Father bought books for me.ေပါ့။
5. S + V + O + C
(3)ဝါက် (S V O)အရ
Kyar Si makes us.လို႔ေရးရင္ ၾကာစိက ငါတို႔ကို လုပ္သည္၊ ေပါ့။ၾကာစိက ငါတို႔ကို လုပ္ေတာ့လုပ္ေနၿပီ၊ ဘာလုပ္မွန္းမသိ၊ ဒီေတာ့ ဘာလုပ္လဲသိေအာင္ happyဆိုတဲ့ adjတစ္လုံး ျဖည့္လိုက္ပါတယ္။
Kyar Si makes us happy.
ၾကာစိသည္ ငါတို႔ကို ေပ်ာ္ေအာင္ လုပ္သည္။ (happyက လိုလို႔ျဖည့္ထားတဲ့ Cေပါ့။)
Adverb(Adv)-Basic Sentence 5မ်ဳိးမွာ Advအတြက္ သီးသန္႔ေနရာ မရွိပါ။ 2ႏွင့္5ဝါက်ေတြက Cေနရာေတြမွာသာ Adv ထည့္လို႔ရပါတယ္။ 1,3,4တြင္ Adv ထည့္လို္ရင္ Vႏွင့္ကပ္၍ ထည့္ရပါမယ္။ ဒါေၾကာင့္-[lyပါရင္ Adv , Advဆိုရင္ Vႏွင့္ကပ္ထား၊Vေရွ႕Vေနာက္ Helping Verbေနာက္၊Advကပ္ၿပီးေရာက္။]လို႔ မွတ္နိုင္ပါတယ္။
Helping Verb (HV)
1. Verb to be (is,am,are,was,were)
2. Verb to do (do,does,did)
3. Verb to have (has,have,had)
4. Model Verb (will,would,shall,should,can,could,may,might,must)
1.I go. (S+V)ဝါက်
I usually go. (Vေရွ႕မွာ Advထားပုံ)
I go quickly. (Vေနာက္မွာ Advထားပုံ)
2.They are good.(S+V+C)ဝါက်
They are equally good. (HVေနာက္မွာ Advထားပုံ)
က်ေနာ့္ဆရာဦးျမႀကိဳင္က ေျပာပါတယ္။ Basic Sentence 5မ်ဳိးကိုသုံးၿပီး ဝါက်ေတြေရးရင္ ဝါက်တိုတိုေလးပဲ ရပါမယ္တဲ့။ ဝါက်ရွည္ေတြကို ေရးခ်င္ရင္ Phraseနဲ႔ Clauseေတြသုံးၿပီး ရွည္ေအာင္လုပ္ရပါတယ္တဲ့။ Phraseနဲ႔ Clauseအေၾကာင္း ဆက္ေရးပါဦးမည္။
ေက်းဇူးရွင္ဆရာႀကီးဦးျမႀကိဳင္အား ဤPostျဖင့္ ကန္ေတာ့လိုက္ပါတယ္။
Credit-ေဆာင္းသစ္(သံတြဲ)
Unicode
အင်္ဂလိပ်စာ ဘာသာပြန်နည်း(၁)
ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ အင်္ဂလိပ်လိုရေးတဲ့ဝါကျတွေဟာ Basic Sentence 5 မျိုးထဲက မထွက်ပါဘူးတဲ့။
(1) Basic Sentence 5 မျိုး
1. S + V [S = Subject (ပြု/ဖြစ်/ရှိသူ//ကတ္တား၊ V = Verb (တြိယာ)]Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခု ရေးလို့ရတယ်။ ဥပမာ-
1.Ma Ma comes.
(မမက S, comesကV)
(မမသည် လာသည်။)လို့ အဓိပ္ပာယ်ကောက်ပါတယ်။
2.Ko Ko looks. ကိုကိုက ကြည့်သည်။
(ကိုကိုသည်)အစား (ကိုကိုက)လို့ (က)နဲ့ပြောင်းကောက်ပါတယ်။
3.Ma Ma smiles. မမမှာ ပြုံးသည်။
ဒီဝါကျမှာလည်း (မမသည်)အစား (မမမှာ)လို့ (မှာ)နဲ့ ပြောင်းကောက်ပါတယ်။ ဘာလို့ဆိုတော့ မြန်မာသဒါ္ဒမှာ ကတ္တားဝိဘတ်ရဲ့ သာဓကဟာ (သည်၊ က၊ မှာ)ဖြစ်လို့ပါ။ ကတ္တားဆိုတာ S(ပြုသူ/ဖြစ်သူ/ရှိသူ) မဟုတ်ပါလား။ ဒါ့ကြောင့်
S ကို (သည်၊ က၊ မှာ)နဲ့ကောက်ပါ။
2. S + V + C (C=Complement=ဖြည့်ဖက်)(1)ဝါကျအရ Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခုဖြစ်တယ်တဲ့။ ဒါဆိုရင်
They are. They က S, are က V
အဓိပ္ပာယ်ကောက်ကြည့်တော့ (သူတို့သည် ဖြစ်သည်။) ဘာဖြစ်မှန်းမသိ။
ဘာဖြစ်မှန်းသိအောင် တစ်ခုခုဖြည့်ပေးရမယ်။ ဒါကြောင့် They are နောက်မှာ readers, စာဖတ်သူများကို ထည့်လိုက်တယ်။readersဟာ လိုလို့ဖြည့်ပေးရတာဖြစ်လို့ C(Complemet-ဖြည့်ဖက်)ပေါ့။
1.They are readers. သူတို့သည် စာတ်သူများ ဖြစ်သည်။ (readers=N)Cနေရာမှာ Nအပြင် Adjနဲ့ Advကိုလည်း ဖြည့်လို့ရပါတယ်။
2.They are beautiful. သူတို့သည် လှပသည်။ (beautiful=Adj)
3.They are here. သူတို့သည် ဒီမှာ ရှိသည်။ (here=Adv)ဒါကြောင့် Cနေရာမှာ (N,Adjနဲ့Adv)တို့ကို ထည့်နိုင်ပါတယ်။ ဒါ့ကြောင့်(C —> N/Adj/Adv)
3. S + V + O [O = Object (ခံရသူ)]
ဒီမှာလည်း (1)ဝါကျအရ Sရှိမယ်၊ Vရှိမယ်ဆိုရင် ဝါကျတစ်ခုဖြစ်တယ်ဆိုပေမယ့်I know. ငါသည် သိသည်။ ဘာကို သိတာလဲ။ သိခြင်းခံရတဲ့ တစ်ခုခု ထပ်ထည့်ပေးရပါမယ်။ ဒီတော့ I knowနောက်မှာ Mg Mgကို ထည့်လိုက်ပါတယ်။I know Mg Mg. ငါသည် မောင်မောင်ကို သိသည်၊ ပေါ့။ ဒါကြောင့် Oကို (ကို)နဲ့ ကောက်ပါ။ မြန်မာသဒါ္ဒမှာလည်း ကံဝိဘတ်ရဲ့ သာဓကဟာ (ကို)ပါ။
4. S + V + IO +DO
(3)ဝါကျက (O)ကို (IOနဲ့ DO)လို့ နှစ်ခု ထပ်ခွဲလို့ ရပါတယ်။IO = Indirect Object (တစ်ဆင့်ခံရသူ၊ များသောအားဖြင့်၊ သက်ရှိ)
DO = Direct Object (တိုက်ရိုက်ခံရသူ၊ များသောအားဖြင့်၊ သက်မဲ့)(3)ဝါကျပုံစံအရ She gives me.လို့ ရေးလိုက်ရင် (သူမသည် ငါ့ကို ပေးသည်။)ဆိုတော့ (ဘာပေးတာလဲ။) နောက်ထပ်အပေးခံရတာ တစ်ခုခုရှိရဦးမှာပေါ့။ ဒီတော့ (books)ကို ထပ်ထည့်လိုက်ပါတယ်။
1.She gives me books.
သူမသည် ငါ့ကို စာအုပ်များကို ပေးသည်။
(ငါ့ကိုမှာ) (ကို)တစ်လုံး၊ (စာအုပ်များကို)မှာ (ကို)တစ်လုံး၊ စုစုပေါင်း(ကို)နှစ်လုံး ဖြစ်နေတော့ (စာအုပ်များကို)က (ကို)ကို ဖြုတ်ပြီး
(သူမသည် ငါ့ကို စာအုပ်များ ပေးသည်။)လို့ အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ နောက်ပြီး ဒီဝါကျမှာ me က IO,သက်ရှိ၊ books က DO,သက်မဲ့ပါ။ IOနဲ့DOကို နေရာပြောင်းပြီး ရေးချင်ရင် DOနဲ့IOကြားမှာ to သို့မဟုတ် for ခံပေးရပါတယ်။ အဲ့တော့She gives books to me.ပေါ့။ ဒါ့ကြောင့်(DO ရှေ့တင် ရေးလိုလျှင် IOရှေ့တွင် to/for ဝင်)လို့ မှတ်နိုင်ပါတယ်။
2.Father bought me books.
အဖေသည် ငါ့ကို စာအုပ်များ ဝယ်ပေးခဲ့သည်။ IO-meနဲ့ DO-booksကို နေရာပြောင်းရေးရင်Father bought books for me.ပေါ့။
5. S + V + O + C
(3)ဝါကျ (S V O)အရ
Kyar Si makes us.လို့ရေးရင် ကြာစိက ငါတို့ကို လုပ်သည်၊ ပေါ့။ကြာစိက ငါတို့ကို လုပ်တော့လုပ်နေပြီ၊ ဘာလုပ်မှန်းမသိ၊ ဒီတော့ ဘာလုပ်လဲသိအောင် happyဆိုတဲ့ adjတစ်လုံး ဖြည့်လိုက်ပါတယ်။
Kyar Si makes us happy.
ကြာစိသည် ငါတို့ကို ပျော်အောင် လုပ်သည်။ (happyက လိုလို့ဖြည့်ထားတဲ့ Cပေါ့။)
Adverb(Adv)-Basic Sentence 5မျိုးမှာ Advအတွက် သီးသန့်နေရာ မရှိပါ။ 2နှင့်5ဝါကျတွေက Cနေရာတွေမှာသာ Adv ထည့်လို့ရပါတယ်။ 1,3,4တွင် Adv ထည့်လိုရင် Vနှင့်ကပ်၍ ထည့်ရပါမယ်။ ဒါကြောင့်-[lyပါရင် Adv , Advဆိုရင် Vနှင့်ကပ်ထား၊Vရှေ့Vနောက် Helping Verbနောက်၊Advကပ်ပြီးရောက်။]လို့ မှတ်နိုင်ပါတယ်။
Helping Verb (HV)
1. Verb to be (is,am,are,was,were)
2. Verb to do (do,does,did)
3. Verb to have (has,have,had)
4. Model Verb (will,would,shall,should,can,could,may,might,must)
1.I go. (S+V)ဝါကျ
I usually go. (Vရှေ့မှာ Advထားပုံ)
I go quickly. (Vနောက်မှာ Advထားပုံ)
2.They are good.(S+V+C)ဝါကျ
They are equally good. (HVနောက်မှာ Advထားပုံ)
ကျနော့်ဆရာဦးမြကြိုင်က ပြောပါတယ်။ Basic Sentence 5မျိုးကိုသုံးပြီး ဝါကျတွေရေးရင် ဝါကျတိုတိုလေးပဲ ရပါမယ်တဲ့။ ဝါကျရှည်တွေကို ရေးချင်ရင် Phraseနဲ့ Clauseတွေသုံးပြီး ရှည်အောင်လုပ်ရပါတယ်တဲ့။ Phraseနဲ့ Clauseအကြောင်း ဆက်ရေးပါဦးမည်။
ကျေးဇူးရှင်ဆရာကြီးဦးမြကြိုင်အား ဤPostဖြင့် ကန်တော့လိုက်ပါတယ်။
Credit-ဆောင်းသစ်(သံတွဲ)
No comments:
Post a Comment