Friday, May 11, 2018

ညိႇဳ႕အားျပင္း ေမာ္ဒယ္သ႐ုပ္ေဆာင္ ခင္သဇင္၏ “အရာရာ” အမည္ရ စံုတြဲသီခ်င္းသစ္ (႐ုပ္သံ)

ညိႇဳ႕အားျပင္း ေမာ္ဒယ္သ႐ုပ္ေဆာင္ ခင္သဇင္၏ “အရာရာ” အမည္ရ စံုတြဲသီခ်င္းသစ္ (႐ုပ္သံ)


ညိႇဳ႕အားျပင္း ေမာ္ဒယ္သ႐ုပ္ေဆာင္တဦးျဖစ္တဲ့ ခင္သဇင္ရဲ႕ ‘အရာရာ’လို႔ အမည္ရတဲ့ သီခ်င္းဟာ အြန္လိုင္းေပၚမွာ ေရပန္းစားေနခဲ့ပါတယ္။

“အရာရာကို မင္းမေမ့လိုက္ပါနဲ႔… အရာရာဟာ တို႔အတြက္ သက္ေသပဲ… အရာရာကို စိတ္ခ်ၿပီး ေနလိုက္ကြယ္… အရာရာကို မင္းနဲ႔ မလဲဘူးေလ… အရာရာကို မင္းပဲ တို႔ ျမင္တယ္… အရာရာဟာ အေရာင္ေတြ စြန္းလိမ့္မယ္… အရာရာကို မ်က္စိမွိတ္မယံုလိုက္နဲ႔… အရာရာဟာ အႏၲရာယ္ျဖစ္လိမ့္မယ္…”စတဲ့ သီခ်င္းစာသားေတြကို ဒီသီခ်င္းထဲမွာ ခံစားၾကရမွာ ျဖစ္ပါတယ္။


ဒီသီခ်င္းဟာ ေမလ ၁ ရက္ေန႔မွာ ထြက္ရွိထားတဲ့ ‘ခပ္ေခ်ေခ်ပဲ’လို႔ အမည္ရတဲ့ သူ႔ရဲ႕ တကိုယ္ေတာ္ ေတးအယ္လ္ဘမ္ထဲမွာ ပါဝင္တဲ့ သီခ်င္းတပုဒ္ ျဖစ္ပါတယ္။

ဒီသီခ်င္းကို ေတးေရးဆရာ မႈန္ႀကီးက ေရးစပ္ထားတာျဖစ္ၿပီး သူကိုယ္တိုင္ ခင္သဇင္နဲ႔ စံုတြဲသီဆိုေပးထားခဲ့ကာ ဟစ္ေဟာ့ပ္အဆိုေတာ္ လႊမ္းပိုင္က ပါဝင္သ႐ုပ္ေဆာင္ေပးထားတာ ျဖစ္ပါတယ္။

ဒီသီခ်င္း အမ္တီဗြီကိုေတာ့ ခင္သဇင္ရဲ႕ ေဖ့စ္ဘြတ္ခ္အင္တာနက္စာမ်က္ႏွာေပၚကတဆင့္ ဧၿပီလ ၂၇ ရက္ေန႔ကတည္းက မၽွေဝေပးထားခဲ့တာျဖစ္ၿပီး ဝင္ေရာက္ၾကည့္ရႈ နားဆင္ခဲ့ၾကသူ ၁ ေသာင္း ၈ ေထာင္ေက်ာ္ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။



Source: burmesedvb

Unicode

ညှို့အားပြင်း မော်ဒယ်သရုပ်ဆောင် ခင်သဇင်၏ “အရာရာ” အမည်ရ စုံတွဲသီချင်းသစ် (ရုပ်သံ)


ညှို့အားပြင်း မော်ဒယ်သရုပ်ဆောင်တဦးဖြစ်တဲ့ ခင်သဇင်ရဲ့ ‘အရာရာ’လို့ အမည်ရတဲ့ သီချင်းဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေခဲ့ပါတယ်။

“အရာရာကို မင်းမမေ့လိုက်ပါနဲ့… အရာရာဟာ တို့အတွက် သက်သေပဲ… အရာရာကို စိတ်ချပြီး နေလိုက်ကွယ်… အရာရာကို မင်းနဲ့ မလဲဘူးလေ… အရာရာကို မင်းပဲ တို့ မြင်တယ်… အရာရာဟာ အရောင်တွေ စွန်းလိမ့်မယ်… အရာရာကို မျက်စိမှိတ်မယုံလိုက်နဲ့… အရာရာဟာ အန္တရာယ်ဖြစ်လိမ့်မယ်…”စတဲ့ သီချင်းစာသားတွေကို ဒီသီချင်းထဲမှာ ခံစားကြရမှာ ဖြစ်ပါတယ်။

ဒီသီချင်းဟာ မေလ ၁ ရက်နေ့မှာ ထွက်ရှိထားတဲ့ ‘ခပ်ချေချေပဲ’လို့ အမည်ရတဲ့ သူ့ရဲ့ တကိုယ်တော် တေးအယ်လ်ဘမ်ထဲမှာ ပါဝင်တဲ့ သီချင်းတပုဒ် ဖြစ်ပါတယ်။

ဒီသီချင်းကို တေးရေးဆရာ မှုန်ကြီးက ရေးစပ်ထားတာဖြစ်ပြီး သူကိုယ်တိုင် ခင်သဇင်နဲ့ စုံတွဲသီဆိုပေးထားခဲ့ကာ ဟစ်ဟော့ပ်အဆိုတော် လွှမ်းပိုင်က ပါဝင်သရုပ်ဆောင်ပေးထားတာ ဖြစ်ပါတယ်။

ဒီသီချင်း အမ်တီဗွီကိုတော့ ခင်သဇင်ရဲ့ ဖေ့စ်ဘွတ်ခ်အင်တာနက်စာမျက်နှာပေါ်ကတဆင့် ဧပြီလ ၂၇ ရက်နေ့ကတည်းက မျှဝေပေးထားခဲ့တာဖြစ်ပြီး ဝင်ရောက်ကြည့်ရှု နားဆင်ခဲ့ကြသူ ၁ သောင်း ၈ ထောင်ကျော်ရှိနေခဲ့ပြီ ဖြစ်ပါတယ်။

Source: burmesedvb

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...