Friday, May 11, 2018

ဘီကီနီဝတ္ေမာ္ဒယ္တင္ပါးကို ကိုင္တြယ္ခဲ့သည့္ ႐ုပ္သံတင္ဆက္သူ ပါး႐ုိက္ခံရ


ဘီကီနီဝတ္ေမာ္ဒယ္တင္ပါးကို ကိုင္တြယ္ခဲ့သည့္ ႐ုပ္သံတင္ဆက္သူ ပါး႐ုိက္ခံရ

႐ုပ္သံအစီအစဥ္ တုိက္႐ုိက္တင္ဆက္ေနခ်ိန္မွာ ဘီကီနီဝတ္ ေမာ္ဒယ္လ္အမ်ိဳးသမီးတဦးရဲ႕ တင္ပါးကို ထိေတြ႔ကိုင္တြယ္ခဲ့တဲ့ အစီအစဥ္တင္ဆက္သူ အမ်ိဳးသားတဦး ပါး႐ုိက္ခံခဲ့ရပါတယ္။


ဒီအျဖစ္အပ်က္ဟာ ဘရာဇီးႏိုင္ငံရဲ႕ က်န္းမာေရးဆိုင္ရာ ႐ုပ္သံအစီအစဥ္ တုိက္႐ုိက္တင္ဆက္ေနခ်ိန္မွာ ျဖစ္ခဲ့တာလို႔ ေမရာသတင္းတပုဒ္မွာ ေဖေဖာ္ဝါရီ ၂၆ ရက္ေန႔က ေဖာ္ျပပါတယ္။ ခုလိုတံု႔ျပန္ခဲ့တဲ့ ေမာ္ဒယ္လ္ ေရဆာတာေရွးယို မယ္လိုကို အြန္လိုင္းေပၚမွာေတာ့ ပရိသတ္ေတြက ခ်ီးက်ဴးေနၾကတာပါ။

ဒီအစီအစဥ္ဟာ ေနေလာင္ခံလိုးရွင္းခရင္မ္တမ်ိဳးကို သ႐ုပ္ျပလိမ္းျပတဲ့ တိုက္႐ုိက္တင္ဆက္မႈတခုျဖစ္ကာ မယ္လိုဟာ ဘီကီနီဝတ္စံုနဲ႔ ေဒါက္ျမင့္ဖိနပ္ကို စီးထားခဲ့ၿပီး အစီအစဥ္တင္ဆက္တဲ့ ပညာရွင္အမ်ိဳးသားက သူ႔ရဲ႕ေပါင္ကို ပြတ္သပ္လိမ္းေပးေနခဲ့တာကို ေတြ႔ရပါတယ္။ အဲဒီအမ်ိဳးသားဟာ သူ႔ရဲ႕ေပါင္နဲ႔ ဝမ္းဗိုက္ကို အခ်ိန္ၾကာျမင့္စြာ လိုးရွင္းလိမ္းေနခဲ့ခ်ိန္မွာ မယ္လိုဟာ ႀကိဳးစားၿပီး ၿပံဳးေနခဲ့တာကို ေတြ႔ရမွာပါ။

ဒါေပမယ့္ အဲဒီေနာက္မွာေတာ့ အဆိုပါအမ်ိဳးသားဟာ တဆင့္တက္ကာ မယ္လိုရဲ႕တင္ပါးကို ကိုင္ကာ ဆုပ္နယ္လိုက္ခ်ိန္မွာ မယ္လိုက လက္ေကာက္ဝတ္ကို ဆုပ္ကုိင္လိုက္ၿပီး ဒါဟာ သူ႔ရဲ႕ ေအာက္ပိုင္းျဖစ္တယ္လို႔ ေျပာလိုက္တာပါ။bအဆိုပါအမ်ိဳးသားက ဒါကို သေဘာတူခဲ့ၿပီး စကၠန္႔ပိုင္းအၾကာ ဒုတိယတႀကိမ္ သူ႔ရဲ႕တင္ပါးကို ထိေတြ႔ကိုင္တြယ္ခဲ့ခ်ိန္မွာေတာ့ မယ္လိုက သူ႔ရဲ႕ပါးကို ႐ုိက္ခဲ့တာ ေတြ႔ရပါတယ္္။ တြစ္တာလူမႈကြန္ရက္စာမ်က္ႏွာေပၚက သူ႔ရဲ႕ ပရိသတ္တဦးကေတာ့ “သူ ခုလိုလုပ္လိုက္တာ သိပ္ေကာင္းပါတယ္။ သူ႔ကို ေလးစားမႈရွိေစဖို႔ လုပ္ေနတာပဲ” လို႔ မွတ္ခ်က္ေရးခဲ့တာကို ေတြ႔ရပါတယ္။

https://www.youtube.com/watch?v=DpX5M3T3ymY&feature=youtu.be

ဗီြဒီယိုဖုိင္ကို Youtube မွဖ်က္လုိက္ပါတယ္။

Source: burmesedvb

Unicode


ဘီကီနီဝတ်မော်ဒယ်တင်ပါးကို ကိုင်တွယ်ခဲ့သည့် ရုပ်သံတင်ဆက်သူ ပါးရိုက်ခံရ (ရုပ်သံ)

ရုပ်သံအစီအစဉ် တိုက်ရိုက်တင်ဆက်နေချိန်မှာ ဘီကီနီဝတ် မော်ဒယ်လ်အမျိုးသမီးတဦးရဲ့ တင်ပါးကို ထိတွေ့ကိုင်တွယ်ခဲ့တဲ့ အစီအစဉ်တင်ဆက်သူ အမျိုးသားတဦး ပါးရိုက်ခံခဲ့ရပါတယ်။

ဒီအဖြစ်အပျက်ဟာ ဘရာဇီးနိုင်ငံရဲ့ ကျန်းမာရေးဆိုင်ရာ ရုပ်သံအစီအစဉ် တိုက်ရိုက်တင်ဆက်နေချိန်မှာ ဖြစ်ခဲ့တာလို့ မေရာသတင်းတပုဒ်မှာ ဖေဖော်ဝါရီ ၂၆ ရက်နေ့က ဖော်ပြပါတယ်။ ခုလိုတုံ့ပြန်ခဲ့တဲ့ မော်ဒယ်လ် ရေဆာတာရှေးယို မယ်လိုကို အွန်လိုင်းပေါ်မှာတော့ ပရိသတ်တွေက ချီးကျူးနေကြတာပါ။

ဒီအစီအစဉ်ဟာ နေလောင်ခံလိုးရှင်းခရင်မ်တမျိုးကို သရုပ်ပြလိမ်းပြတဲ့ တိုက်ရိုက်တင်ဆက်မှုတခုဖြစ်ကာ မယ်လိုဟာ ဘီကီနီဝတ်စုံနဲ့ ဒေါက်မြင့်ဖိနပ်ကို စီးထားခဲ့ပြီး အစီအစဉ်တင်ဆက်တဲ့ ပညာရှင်အမျိုးသားက သူ့ရဲ့ပေါင်ကို ပွတ်သပ်လိမ်းပေးနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီအမျိုးသားဟာ သူ့ရဲ့ပေါင်နဲ့ ဝမ်းဗိုက်ကို အချိန်ကြာမြင့်စွာ လိုးရှင်းလိမ်းနေခဲ့ချိန်မှာ မယ်လိုဟာ ကြိုးစားပြီး ပြုံးနေခဲ့တာကို တွေ့ရမှာပါ။

ဒါပေမယ့် အဲဒီနောက်မှာတော့ အဆိုပါအမျိုးသားဟာ တဆင့်တက်ကာ မယ်လိုရဲ့တင်ပါးကို ကိုင်ကာ ဆုပ်နယ်လိုက်ချိန်မှာ မယ်လိုက လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး ဒါဟာ သူ့ရဲ့ အောက်ပိုင်းဖြစ်တယ်လို့ ပြောလိုက်တာပါ။bအဆိုပါအမျိုးသားက ဒါကို သဘောတူခဲ့ပြီး စက္ကန့်ပိုင်းအကြာ ဒုတိယတကြိမ် သူ့ရဲ့တင်ပါးကို ထိတွေ့ကိုင်တွယ်ခဲ့ချိန်မှာတော့ မယ်လိုက သူ့ရဲ့ပါးကို ရိုက်ခဲ့တာ တွေ့ရပါတယ််။ တွစ်တာလူမှုကွန်ရက်စာမျက်နှာပေါ်က သူ့ရဲ့ ပရိသတ်တဦးကတော့ “သူ ခုလိုလုပ်လိုက်တာ သိပ်ကောင်းပါတယ်။ သူ့ကို လေးစားမှုရှိစေဖို့ လုပ်နေတာပဲ” လို့ မှတ်ချက်ရေးခဲ့တာကို တွေ့ရပါတယ်။

Source: burmesedvb

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...