Saturday, May 12, 2018

အစ္စဏီနဲ့ စူးရှထက် နှစ်ယောက်စလုံးအတွက် စိတ်မကောင်းဘူးဆိုတဲ့ ဟဲလေး

အစ္စဏီနဲ့ စူးရှထက် နှစ်ယောက်စလုံးအတွက် စိတ်မကောင်းဘူးဆိုတဲ့ ဟဲလေး


ဂီတလောကရဲ့ ကြယ်ပွင့်တွေဖြစ်ကြတဲ့  အဆိုတော်ဟဲလေးနဲ့ အစ္စဏီကို ညီအစ်ကိုအရင်းလို ဆက်ဆံရေးနဲ့ အမြဲအတူတူတွေ့ရလေ့ရှိပြီး သီချင်းတွေလည်း အတူတူ တွဲဆိုလေ့ရှိတာကို တွေ့ရပါတယ်။ လက်ရှိမှာ အစ္စဏီတစ်ယောက် အမှုကိစ္စရင်ဆိုင်နေရတဲ့ အပေါ် အဆိုတော် ဟဲလေးက သူ့ရဲ့ခံစားချက်စားကို Duwun Media ကနေ အခုလိုပြောပြခဲ့ပါတယ်။



'' သူ့ရဲ့ အပြစ်ဒဏ်တွေ ထိုက်သင့်သလောက်ပြီးသွားပြီဆိုရင် မြန်မြန်လွတ်မြောက်စေချင်တယ်။ နောက်ကိုလည်း ဒီလို ပြဿနာတွေ မဖြစ်စေချင်ဘူး။ အမှတ်မထင်ဖြစ်သွားတာဆိုတော့လည်း တကယ်စိတ်မကောင်းဘူး နှစ်ယောက်စလုံးအတွက်ပါ။ နှစ်ယောက်စလုံးနဲ့ လည်းခင်တယ်၊ နှစ်ယောက်စလုံးအတွက်လည်း စိတ်မကောင်းဘူး'' လို့ ဆိုပါတယ်။

ပြစ်ဒဏ်တွေပြီးမြောက်လို့ ပြန်လွှတ်လာရင်လည်း အစ္စဏီ့ကို အနုပညာလောကမှာ အောင်မြင်စေဖို့ ဆုတောင်းတယ်လို့ ဆိုပါတယ်။


'' သူတစ်ခေါက် ပြဿနာတက်ဖူးတုန်းကလည်း စိတ်ထဲကနေ မိဘချင်းကိုယ်ချင်းစာလို့ ကူညီပေးခဲ့ဖူးသေးတယ်။ ဒီတစ်ခေါက်ကတော့ သူ့ရဲ့ ပြစ်မှုကလည်း ကြီးသွားတော့ စိတ်ထဲကနေ ဆုတောင်းပေးတယ်။ နှစ်ဖက်စလုံးပေါ့ တစ်ဖက်က ညီမလေးလည်း နောင်ဒီလိုအဖြစ်မျိုး မကြုံပါစေနဲ့။ အစ္စဏီလည်း ဒီလိုမျိုးစိတ်မျိုးတွေ၊ ဒေါသတွေမဖြစ်ပါစေနဲ့။ နှစ်ယောက်စလုံးကလည်း အနုပညာကို ဝါသနာပါပြီးရပ်တည်နေကြတဲ့သူတွေဆိုတော့အနုပညာလောကမှာ ထပ်ပြီးတော့ အောင်မြင်ပါစေလို့ဆုတောင်းပါတယ်'' လို့ ဟဲလေးက ပြောပါတယ်။

လူငယ်ဆန်ဆန် လူငယ်စတိုင်လ်ရှိပြီး အားပေးကြတဲ့ ပရိသတ်တွေလည်းရှိတဲ့ အစ္စဏီ့ကို တစ်ကိုယ်တော်သီချင်းခွေ ကောင်းကောင်းတစ်ခွေတော့ ထွက်စေချင်ခဲ့တယ်လို့လည်း ဟဲလေးက Duwun Media ကိုပြောပြခဲ့ပါတယ်။

ဟဲလေးနဲ့ အစ္စဏီတို့ နှစ်ယောက်က ဂီတလောကထဲ မရောက်ခင်ကတည်းက ညီအစ်ကိုလို ခင်မင်ခဲ့သူတွေလို့ သိရပါတယ်။

'' အဓိကကတော့ သူငယ်ချင်းဆိုတာထက် ညီလေးတစ်ယောက်လို မြင်တွေ့နေကြ၊ ဂီတလောကထဲကို မရောက်ခင်ကတည်းက ခင်မင်ခဲ့တယ်။ ဂီတလောကမှာ အခွင့်အရေးရတဲ့အချိန်မှာလည်း ချိတ်ဆက် ဆက်သွယ်ပေးခဲ့တယ်ပေါ့။ အဲ့ဒီအချိန်မှာ သူ့ရဲ့ ကံရော၊ သူ့ရဲ့ အသံကိုရော ပရိသတ်က လက်ခံနိုင်တဲ့အတွက် သူ့အတိုင်းအတာနဲ့သူ အောင်မြင်ခဲ့တဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့တယ်'' လို့ ဆိုပါတယ်။

အဆိုတော် အစ္စဏီဟာ ဧပြီလ ၁၂ ရက်နေ့က ရည်းစားဟောင်း မော်ဒယ်အမျိုးသမီးကို အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တဲ့အပြင် ကိုယ်လက်အဂါင်္တွေကိုလည်း နာကျင်အောင် ရိုက်နှက်ခဲ့တာတွေ ပြုလုပ်ခဲ့လို့ မော်ဒယ်စူးရှထက်က အမှုဖွင့်တိုင်ကြားခဲ့ တာ ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ အစ္စဏီကို တာမွေမြို့နယ်တရားရုံးမှာ ရုံးတင်စစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါ တယ်။


Photo: အစ္စဏီဖေ့စ်ဘွတ်, ဟဲလေးဖေ့စ်ဘွတ်
Credit to original

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ

အလိမ္မာစာမှာရှိ ဆိုတဲ့အတိုင်း တပုံချင်း ​ထောက်​ကြည့်​သွားပါ မှတ်သားဖွယ်ရာ မြန်မာစကားပုံများကို ဘော်ဒါတွေ လိမ္မာရေးခြားရှိစေဖို့ ပြန်မှ...