Saturday, May 12, 2018

အသက္ ၂၃ ႏွစ္ျပည့္ ေမြးေန႔အလွဴလုပ္ခဲ့တဲ့ ေမျမင့္မုိရ္

အသက္ ၂၃ ႏွစ္ျပည့္ ေမြးေန႔အလွဴလုပ္ခဲ့တဲ့ ေမျမင့္မုိရ္


ပရိသတ္အခ်စ္ေတာ္ ရုပ္သံဇာတ္လမ္းတြဲ မင္းသမီးေလးေမျမင့္မုိရ္ရဲ႕ ေမြးေန႔ကေတာ့ ေမလ ၁၁ ရက္ေန႔မွာ ေမြးေန႔ အလွဴ လုပ္ခဲ့တယ္လုိ႔ သိရပါတယ္။ သူ႔ရဲ႕ အသက္ ၂၃ ႏွစ္ျပည့္ ေမြးေန႔အလွဴကုိ ေတာင္ႀကီးၿမိဳ႕က မူလမင္းကြန္းေက်ာင္းတုိက္မွာ အလွဴ လုပ္ခဲ့ တယ္လုိ႔ သိရပါတယ္။


'' ဒီေန႔ (၂၃)ႏွစ္ျပည့္ ေမြးေန႔အလွဴကိုေတာင္ႀကီးၿမိဳ႕မူလမင္းကြန္းေက်ာင္းတိုက္ မွာ ဆရာေတာ္ (၅)ပါးကို သိကၡာထပ္ သိမ္ဆင္းေလာင္း အလွဴ ႏွင့္ သံဃာေတာ္အပါး (၁၅၀) ကိုေန႔ဆြမ္းဆက္ကပ္လွဴဒါန္း''ဆုိၿပီးေတာ့ သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ အမွတ္တရ ဓာတ္ပုံေလးေတြ တင္ခဲ့ပါတယ္။


သရုပ္ေဆာင္ ေမျမင့္မုိရ္ကုိ သူ႔ရဲ႕ ပရိသတ္ေတြက MRTV-4 ရုပ္သံဇာတ္လမ္းတြဲေတြကေနတဆင့္ စတင္အားေပးလာခဲ့ၾကတာပါ။ ေမျမင့္မုိရ္ ဆုိရင္ေတာ့ ပန္းႏုေသြးရုပ္သံဇာတ္လမ္းတြဲေလးကုိ သတိထားမိၾကမွာပါ။ အဲ့ဒီ ဇာတ္လမ္းတြဲထဲမွာ အရမ္းကုိဆင္းရဲၿပီး ရုိးသားျဖဴစင္တဲ့ ပန္းႏုေသြးဆုိတဲ့ ေကာင္မေလးေနရာက သရုပ္ေဆာင္ခဲ့တာပါ။ အခုေနာက္ပုိင္းမွာလည္း ဇာတ္လမ္းတြဲေတြမွာေရာ၊ ဗီဒီယုိဇာတ္ကားေတြကုိပါ ေခါင္းေဆာင္မင္းသမီးအျဖစ္ လက္ခံရုိက္ကူးေနရၿပီလုိ႔ သိရပါတယ္။


ေမျမင့္မုိရ္ဟာ မၾကာခင္ကမွ သရုပ္ေဆာင္ေက်ာ္သူကုိယ္တုိင္ ဒါရုိက္တာအျဖစ္ရုိက္ကူးထားတ့ဲ ပုဂံၿမိဳ႔သူ ရုပ္သံဇာတ္လမ္းတြဲမွာ ပါဝင္သရုပ္ေဆာင္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီဇာတ္လမ္းတြဲထဲမွာ သရုပ္ေဆာင္ ေဒါင္း၊ ထူးေအာင္ ၊အိစိေကြး နဲ႔ ေမျမင့္မုိရ္တုိ႔က အဓိက ပါဝင္သရုပ္ေဆာင္ထားတယ္လုိ႔ သိရပါတယ္။

Photo: ေမျမင့္မုိရ္ေဖ့စ္ဘြတ္
Credit to original

Unicode

အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူလုပ်ခဲ့တဲ့ မေမြင့်မိုရ်


ပရိသတ်အချစ်တော် ရုပ်သံဇာတ်လမ်းတွဲ မင်းသမီးလေးမေမြင့်မိုရ်ရဲ့ မွေးနေ့ကတော့ မေလ ၁၁ ရက်နေ့မှာ မွေးနေ့ အလှူ လုပ်ခဲ့တယ်လို့ သိရပါတယ်။ သူ့ရဲ့ အသက် ၂၃ နှစ်ပြည့် မွေးနေ့အလှူကို တောင်ကြီးမြို့က မူလမင်းကွန်းကျောင်းတိုက်မှာ အလှူ လုပ်ခဲ့ တယ်လို့ သိရပါတယ်။

'' ဒီနေ့ (၂၃)နှစ်ပြည့် မွေးနေ့အလှူကိုတောင်ကြီးမြို့မူလမင်းကွန်းကျောင်းတိုက် မှာ ဆရာတော် (၅)ပါးကို သိက္ခာထပ် သိမ်ဆင်းလောင်း အလှူ နှင့် သံဃာတော်အပါး (၁၅၀) ကိုနေ့ဆွမ်းဆက်ကပ်လှူဒါန်း''ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရ ဓာတ်ပုံလေးတွေ တင်ခဲ့ပါတယ်။

သရုပ်ဆောင် မေမြင့်မိုရ်ကို သူ့ရဲ့ ပရိသတ်တွေက MRTV-4 ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် စတင်အားပေးလာခဲ့ကြတာပါ။ မေမြင့်မိုရ် ဆိုရင်တော့ ပန်းနုသွေးရုပ်သံဇာတ်လမ်းတွဲလေးကို သတိထားမိကြမှာပါ။ အဲ့ဒီ ဇာတ်လမ်းတွဲထဲမှာ အရမ်းကိုဆင်းရဲပြီး ရိုးသားဖြူစင်တဲ့ ပန်းနုသွေးဆိုတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ခဲ့တာပါ။ အခုနောက်ပိုင်းမှာလည်း ဇာတ်လမ်းတွဲတွေမှာရော၊ ဗီဒီယိုဇာတ်ကားတွေကိုပါ ခေါင်းဆောင်မင်းသမီးအဖြစ် လက်ခံရိုက်ကူးနေရပြီလို့ သိရပါတယ်။

မေမြင့်မိုရ်ဟာ မကြာခင်ကမှ သရုပ်ဆောင်ကျော်သူကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ပုဂံမြို့သူ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။ ဒီဇာတ်လမ်းတွဲထဲမှာ သရုပ်ဆောင် ဒေါင်း၊ ထူးအောင် ၊အိစိကွေး နဲ့ မေမြင့်မိုရ်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

Photo: မေမြင့်မိုရ်ဖေ့စ်ဘွတ်
Credit to original

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ

အလိမၼာစာမွာရွိ ဆိုတဲ့အတိုင္း တပံုခ်င္​း ​ေထာက္​ၾကည္​႕သြားပါ မွတ္သားဖြယ္ရာ ျမန္မာစကားပံုမ်ားကို ေဘာ္ဒါေတြ လိမၼာေရးျခားရွိေစဖို႔ ျပန္မွ...