ၾကက္ဥျပဳတ္သည္ဘဝမွ ၀ဘ္ဆုိဒ္ေရးသားသူတစ္ေယာက္ အျဖစ္သုိ႔

သူကေတာ့ Emerson Paguia လို႔ ေခၚျပီး ဖိလစ္ပိုင္နိုင္ငံ Zambales ျပည္နယ္မွာ ေနထိုင္ပါတယ္။ သူဟာ ဆင္းရဲတဲ့မိသားစုအသိုင္းအဝိုင္းက ျဖစ္တာေၾကာင့္ အထက္တန္းေက်ာင္းသာ ျပီးေအာင္တတ္နိုင္ခဲ့ျပီး တကၠသိုလ္ ဆက္မတက္နိုင္ခဲ့ပါဘူး။
ဒါေၾကာင့္ မနီလာျမိဳ ႔ကိုသြားျပီး
အလုပ္သြားေလွ်ာက္တဲ့အခါ ဘယ္ကုမၼဏီမွ သူ႔ကိုလက္မခံပါဘူး။ အထက္တန္းေက်ာင္း ျပီးတစ္ေယာက္အေနနဲ႔ အလုပ္ရွားတာကို သူသိလိုက္ပါတယ္။ Call Center ေတြမွာ အထက္တန္းေက်ာင္းျပီးရံုနဲ႔ အလုပ္ရႏိုင္တယ္ဆုိတာကုိလည္း သိေပမယ့္ သူဟာ စကားအေျပာအဆုိ ညံ့ဖ်င္းသူ တစ္ေယာက္လို႔လည္း သိထားတဲ့အတြက္ ယင္းအလုပ္ကို မေလွ်ာက္ခဲ့ပါဘူး။
အလုပ္သြားေလွ်ာက္တဲ့အခါ ဘယ္ကုမၼဏီမွ သူ႔ကိုလက္မခံပါဘူး။ အထက္တန္းေက်ာင္း ျပီးတစ္ေယာက္အေနနဲ႔ အလုပ္ရွားတာကို သူသိလိုက္ပါတယ္။ Call Center ေတြမွာ အထက္တန္းေက်ာင္းျပီးရံုနဲ႔ အလုပ္ရႏိုင္တယ္ဆုိတာကုိလည္း သိေပမယ့္ သူဟာ စကားအေျပာအဆုိ ညံ့ဖ်င္းသူ တစ္ေယာက္လို႔လည္း သိထားတဲ့အတြက္ ယင္းအလုပ္ကို မေလွ်ာက္ခဲ့ပါဘူး။
ဒါနဲ႔ မိသားစု စာဝတ္ေနေရး ေျပလည္ဖို႔အတြက္ ၾကက္ဥျပဳတ္ေရာင္းတဲ့ အလုပ္ကိုပဲ သူ စတင္လုပ္ကိုင္ပါေတာ့တယ္။ ေန႔ေရာညပါ အားရင္ အားသလို ၾကက္ဥျပဳတ္ေရာင္းပါတယ္။ ဒီအတြက္လည္း ရထားစီးျပီး ခရီးသြားရ တာပါ။ ေနာက္ေတာ့ ရထားစီးဖို႔ ပိုက္ဆံကုိေတာင္ မသံုးေတာ့ပဲ လမ္းေလ်ွာက္သြားတဲ့အထိ သူ ေခ်ြတာခဲ့ ပါတယ္။
ရည္ရြယ္ခ်က္ကေတာ့ အင္တာနက္ အသံုးျပဳဖုိ႔ပါ။ သူက အိုင္တီပညာရပ္ကို ေလ့လာခ်င္စိတ္ ရွိေနသူ ျဖစ္ပါတယ္။ ဒါနဲ႔ ဝဘ္ဆိုဒ္ေတြတစ္ခုျပီး တစ္ခုေလ့လာရင္း အြန္လိုင္းအခမဲ့ ပညာသင္ၾကားေရး ဝဘ္ဆိုဒ္ေတြ ေတြ႔ပါတယ္။ ေနာက္ေတာ့ Tesda က ေပးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ္မ်ိဳးကုိေတာင္ ရွာေတြခဲ့ျပီး ပထမဆံုး အြန္လိုင္းကေန စတင္ေလ့လာပါတယ္။
အြန္လိုင္းမွာပဲ သူတို႔ ေပးတဲ့ Tutorial ေတြ၊ Test ေတြ ကိုယ္တိုင္ ေလ့လာရင္း Data programming နဲ႔ PHP Server site encryption သင္တန္းတက္ဖို႔အတြက္ စေကာ္လာရရွိခဲ့ပါတယ္။ ဒီအတြက္ Quezon City က Informatics College မွာ သြားတက္ရမွာပါ။ သူေနတဲ့ ျမိဳ ႔ Angono ကေန ဆုိရင္ ရထားစီးသြားရမွာ ျဖစ္ေပမယ့္ ၃ နာရီလမ္းေလွ်ာက္ခရီးကို သူေရြးခ်ယ္ပါတယ္။ သူဟာ အသက္ ၂၀ ေက်ာ္ပဲ ရွိပါေသးတယ္။
အသြားေကာ၊ အျပန္မွာပါ ၾကက္ဥျပဳတ္ေရာင္းျပီး အတန္းထဲက စာေတြကိုလည္း စိတ္ဝင္တစား ေလ့လာပါတယ္။ အလုပ္တစ္ဖက္နဲ႔ စာၾကိဳးစားတဲ့ Emerson ဟာ အခန္းတြင္း စာေမးပြဲမွာ အမွတ္အမ်ားဆံုး ရရွိျပီး Top scholar တစ္ဦး ျဖစ္လာပါတယ္။ ဒါေၾကာင့္ သင္တန္းျပီးသြားခ်ိန္ သူ႔ကို ေက်ာင္းပိုင္ Web development team ထဲ ဝင္ဖို႔ ငွားရမ္းျပီး IT Project ၾကီးမ်ားကို ဦးေဆာင္ေစပါတယ္။ လက္ရွိ Informatics College ရဲ ႔ အြန္လိုင္း Student Portal ကိုလည္း သူပဲ ဦးေဆာင္ ဖန္တီးထားေပးျခင္း ျဖစ္ပါတယ္။
ဒါေၾကာင့္ သူဟာ ၾကက္ဥျပဳတ္ေရာင္းတဲ့ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို စြန္႔လြတ္လိုက္ပါျပီ။ မိသားစု စားဝတ္ေနေရးအတြက္ ကြန္ျပဴတာေရွ ႔မွာ code ေတြေရးရင္ အဆင္ေျပေနျပီ ျဖစ္ပါတယ္။ သူ႔ရဲ ႔ ၾကိဳးစားမႈ ေၾကာင့္လည္း ေက်ာင္းတက္ေနစဥ္မွာပဲ အလုပ္ Project မ်ားကို ဖန္တီးလုပ္ကုိင္ႏုိင္ခဲ့ပါတယ္။ အဲဒီေနာက္ေတာ့သူဟာ IT Staff ၊ အလုပ္သင္ ၊ ၀ဘ္ဆုိဒ္ေရးသားသူ ၊ ေဆာ့၀ဲေရးသားသူ စတဲ့အလုပ္ေတြကို လုပ္ခဲ့ၿပီး လက္ရွိမွာေတာ့ OrangeApps ဆုိတဲ့ ဖိလစ္ပိုင္နည္းပညာကုမၸဏီတစ္ခုမွာ ေဆာ့၀ဲအရည္အေသြး အကဲျဖတ္တဲ့တာ၀န္ကို ထမ္းေဆာင္ေနၿပီျဖစ္ပါတယ္။
မိမိ၀ါသနာ နဲ႔ အေလ်ာ့မေပးႀကဳိးစားလုိတဲ့ ဇြဲ သာရွိရင္ ေအာင္ျမင္မႈဆုိတာ မေ၀းတဲ့အနာဂါတ္မွာရွိေနေၾကာင္း Emerson က ျပသခဲ့တာျဖစ္ပါတယ္။
Ref: dyknow
Via : International news for Myanmar
Via : International news for Myanmar
Unicode Read
ကြက်ဥပြုတ်သည်ဘဝမှ ၀ဘ်ဆိုဒ်ရေးသားသူတစ်ယောက် အဖြစ်သို့
သူကတော့ Emerson Paguia လို့ ခေါ်ပြီး ဖိလစ်ပိုင်နိုင်ငံ Zambales ပြည်နယ်မှာ နေထိုင်ပါတယ်။ သူဟာ ဆင်းရဲတဲ့မိသားစုအသိုင်းအဝိုင်းက ဖြစ်တာကြောင့် အထက်တန်းကျောင်းသာ ပြီးအောင်တတ်နိုင်ခဲ့ပြီး တက္ကသိုလ် ဆက်မတက်နိုင်ခဲ့ပါဘူး။
ဒါကြောင့် မနီလာမြို ့ကိုသွားပြီး အလုပ်သွားလျှောက်တဲ့အခါ ဘယ်ကုမ္မဏီမှ သူ့ကိုလက်မခံပါဘူး။ အထက်တန်းကျောင်း ပြီးတစ်ယောက်အနေနဲ့ အလုပ်ရှားတာကို သူသိလိုက်ပါတယ်။ Call Center တွေမှာ အထက်တန်းကျောင်းပြီးရုံနဲ့ အလုပ်ရနိုင်တယ်ဆိုတာကိုလည်း သိပေမယ့် သူဟာ စကားအပြောအဆို ညံ့ဖျင်းသူ တစ်ယောက်လို့လည်း သိထားတဲ့အတွက် ယင်းအလုပ်ကို မလျှောက်ခဲ့ပါဘူး။
ဒါနဲ့ မိသားစု စာဝတ်နေရေး ပြေလည်ဖို့အတွက် ကြက်ဥပြုတ်ရောင်းတဲ့ အလုပ်ကိုပဲ သူ စတင်လုပ်ကိုင်ပါတော့တယ်။ နေ့ရောညပါ အားရင် အားသလို ကြက်ဥပြုတ်ရောင်းပါတယ်။ ဒီအတွက်လည်း ရထားစီးပြီး ခရီးသွားရ တာပါ။ နောက်တော့ ရထားစီးဖို့ ပိုက်ဆံကိုတောင် မသုံးတော့ပဲ လမ်းလျှောက်သွားတဲ့အထိ သူ ချေွတာခဲ့ ပါတယ်။
ရည်ရွယ်ချက်ကတော့ အင်တာနက် အသုံးပြုဖို့ပါ။ သူက အိုင်တီပညာရပ်ကို လေ့လာချင်စိတ် ရှိနေသူ ဖြစ်ပါတယ်။ ဒါနဲ့ ဝဘ်ဆိုဒ်တွေတစ်ခုပြီး တစ်ခုလေ့လာရင်း အွန်လိုင်းအခမဲ့ ပညာသင်ကြားရေး ဝဘ်ဆိုဒ်တွေ တွေ့ပါတယ်။ နောက်တော့ Tesda က ပေးတဲ့ Training for Work Scholarship Program (TWSP) လို ပရိုဂရမ်မျိုးကိုတောင် ရှာတွေခဲ့ပြီး ပထမဆုံး အွန်လိုင်းကနေ စတင်လေ့လာပါတယ်။
အွန်လိုင်းမှာပဲ သူတို့ ပေးတဲ့ Tutorial တွေ၊ Test တွေ ကိုယ်တိုင် လေ့လာရင်း Data programming နဲ့ PHP Server site encryption သင်တန်းတက်ဖို့အတွက် စကော်လာရရှိခဲ့ပါတယ်။ ဒီအတွက် Quezon City က Informatics College မှာ သွားတက်ရမှာပါ။ သူနေတဲ့ မြို ့ Angono ကနေ ဆိုရင် ရထားစီးသွားရမှာ ဖြစ်ပေမယ့် ၃ နာရီလမ်းလျှောက်ခရီးကို သူရွေးချယ်ပါတယ်။ သူဟာ အသက် ၂၀ ကျော်ပဲ ရှိပါသေးတယ်။
အသွားကော၊ အပြန်မှာပါ ကြက်ဥပြုတ်ရောင်းပြီး အတန်းထဲက စာတွေကိုလည်း စိတ်ဝင်တစား လေ့လာပါတယ်။ အလုပ်တစ်ဖက်နဲ့ စာကြိုးစားတဲ့ Emerson ဟာ အခန်းတွင်း စာမေးပွဲမှာ အမှတ်အများဆုံး ရရှိပြီး Top scholar တစ်ဦး ဖြစ်လာပါတယ်။ ဒါကြောင့် သင်တန်းပြီးသွားချိန် သူ့ကို ကျောင်းပိုင် Web development team ထဲ ဝင်ဖို့ ငှားရမ်းပြီး IT Project ကြီးများကို ဦးဆောင်စေပါတယ်။ လက်ရှိ Informatics College ရဲ ့ အွန်လိုင်း Student Portal ကိုလည်း သူပဲ ဦးဆောင် ဖန်တီးထားပေးခြင်း ဖြစ်ပါတယ်။
ဒါကြောင့် သူဟာ ကြက်ဥပြုတ်ရောင်းတဲ့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို စွန့်လွတ်လိုက်ပါပြီ။ မိသားစု စားဝတ်နေရေးအတွက် ကွန်ပြူတာရှေ ့မှာ code တွေရေးရင် အဆင်ပြေနေပြီ ဖြစ်ပါတယ်။ သူ့ရဲ ့ ကြိုးစားမှု ကြောင့်လည်း ကျောင်းတက်နေစဉ်မှာပဲ အလုပ် Project များကို ဖန်တီးလုပ်ကိုင်နိုင်ခဲ့ပါတယ်။ အဲဒီနောက်တော့သူဟာ IT Staff ၊ အလုပ်သင် ၊ ၀ဘ်ဆိုဒ်ရေးသားသူ ၊ ဆော့၀ဲရေးသားသူ စတဲ့အလုပ်တွေကို လုပ်ခဲ့ပြီး လက်ရှိမှာတော့ OrangeApps ဆိုတဲ့ ဖိလစ်ပိုင်နည်းပညာကုမ္ပဏီတစ်ခုမှာ ဆော့၀ဲအရည်အသွေး အကဲဖြတ်တဲ့တာ၀န်ကို ထမ်းဆောင်နေပြီဖြစ်ပါတယ်။
မိမိဝါသနာ နဲ့ အလျော့မပေးကြိုးစားလိုတဲ့ ဇွဲ သာရှိရင် အောင်မြင်မှုဆိုတာ မေ၀းတဲ့အနာဂါတ်မှာရှိနေကြောင်း Emerson က ပြသခဲ့တာဖြစ်ပါတယ်။
Ref: dyknow
Via : International news for Myanmar
Via : International news for Myanmar


No comments:
Post a Comment