ကေလးမ်ားအတြက္ အႏၱရာယ္ရွိတဲ့ ႏြယ္သာကီပင္
Zawgyi
ဒီအပင္ကို ႏြယ္သာကီပင္ သို့မဟုတ္ တရုတ္ႏွင္းဆီလို့ ေခၚပါတယ္။ အိမ္ပတ္၀န္းက်င္မွာ စိုက္ထားရင္ သတိထားပါ။
ႏြယ္သာကီပန္းပင္ရဲ့ အစိပ္အပိုင္းအားလံုးဟာ အဆိပ္ျပင္းတာကို သိသူနည္းၾကမယ္ ထင္ပါတယ္။
ႏြယ္သာကီပင္ကို မီးရႈိ႕လို႔ ထြက္လာတဲ့အငြ႔ကို ရႈရွိဳက္မိရင္ ေခါင္းမူးေခါင္းေနာက္ျဖစ္ျပီး အသက္ရွဴက်ပ္သြားေစပါတယ္။ ႏွလံုးမေကာင္းသူဆိုရင္ ခ်က္ခ်င္းမူးေမ့သြားေစပါတယ္။ အေစးက အသားကိုထိရင္လည္း အဖုေပၚလာျပီး ယားယံျခင္းကို ျဖစ္ေစပါတယ္။
အထူးသျဖင့္ ကေလးငယ္မ်ားအတြက္ အလြန္အႏၱရာယ္မ်ားတဲ့အတြက္ေၾကာင့္ အိမ္၀န္းက်င္မွာ ႏြယ္သာကီပန္းပင္ရွိရင္ ရွင္းထားသင့္ပါတယ္။
Credit to Warasein Min
Saw Noi Nay Saing – Putao
Unicode
ဒီအပင်ကို နွယ်သာကီပင် သို့မဟုတ် တရုတ်နှင်းဆီလို့ ခေါ်ပါတယ်။ အိမ်ပတ်ဝန်းကျင်မှာ စိုက်ထားရင် သတိထားပါ။
နွယ်သာကီပန်းပင်ရဲ့ အစိပ်အပိုင်းအားလုံးဟာ အဆိပ်ပြင်းတာကို သိသူနည်းကြမယ် ထင်ပါတယ်။
နွယ်သာကီပင်ကို မီးရှို့လို့ ထွက်လာတဲ့အငွ့ကို ရှုရှိုက်မိရင် ခေါင်းမူးခေါင်းနောက်ဖြစ်ပြီး အသက်ရှူကျပ်သွားစေပါတယ်။ နှလုံးမကောင်းသူဆိုရင် ချက်ချင်းမူးမေ့သွားစေပါတယ်။ အစေးက အသားကိုထိရင်လည်း အဖုပေါ်လာပြီး ယားယံခြင်းကို ဖြစ်စေပါတယ်။
အထူးသဖြင့် ကလေးငယ်များအတွက် အလွန်အန္တရာယ်များတဲ့အတွက်ကြောင့် အိမ်ဝန်းကျင်မှာ နွယ်သာကီပန်းပင်ရှိရင် ရှင်းထားသင့်ပါတယ်။
Credit to Warasein Min
Saw Noi Nay Saing – Putao
No comments:
Post a Comment