ျမန္မာႏိုင္ငံသားခံယူျပီး ျမန္မာ့လက္ေဝွ႔ကို ခ်စ္ျမတ္ႏိုးကာ လက္ရွိခ်န္ပီယ ံျဖစ္လာသူ ေဒ့ဗ္(ေဒဝ)
လက္ရွိျမန္မာ့ လက္ေဝွ႔ရဲ႕ ခ်န္ပီယံေနရာမွာ ရပ္တည္ေနတဲ့ ေဒ့ဗ္(ေဒဝ)ကေတာ့ ျမန္မာလူမ်ိဳးေတြ အထင္ႀကီးစရာ လုပ္ရက္တစ္ခုကို ျပဳလုပ္ခဲ့တာ ေတြ႕ရပါတယ္။ ျမန္မာ့လက္ေဝွ႔ရဲ႕ ခ်န္ပီယံ ရာထူးႏွင့္အတူ ျမန္မာတို႔ရဲ႕ ေလးစားအားထားရတဲ့ သူတစ္ေယာက္အျဖင့္ ေနထိုင္ေနၿပီး ျမန္မာႏိုင္ငံသားတစ္ဦးအျဖစ္လည္း ခံယူထားသူတစ္ေယာက္ ျဖစ္ပါတယ္။

ေဒဝကေတာ့ ျမန္မာႏိုင္ငံရဲ႕ နာမည္ႀကီး ဖိုက္တာေတြျဖစ္တဲ့ ေအာင္လအန္ဆန္း၊ ဖိုးေသာ္ႏွင့္ အျခားႏိုင္ငံေက်ာ္ အႏုပညာရွင္မ်ားစြာရဲ႕ အားေပးမႈမ်ားစြာ ကိုလည္း ရရွိထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ လက္ရွိ ျမန္မာ့လက္ေဝွ႔သင္တန္းေက်ာင္းကို “NOMAD” လက္ေဝွ႔နာမည္ျဖင့္ ဦးစီးဖြင့္လွစ္ထားေၾကာင္း သိရပါတယ္။

ျမန္မာ့႐ိုးရာေတြကို စိတ္ဝင္တစားေလ့လာေနၿပီး ပရိသတ္ခ်စ္ ကစားသမားတစ္ဦးအျဖစ္ ရပ္တည္ႏိုင္ရန္ ႀကိဳးစားေနေၾကာင္း သိရပါတယ္။ ျမန္မာ့႐ိုးရာ ဝတ္စုံကို အၿမဲလိုလို ဝတ္ဆင္လာၿပီး ျမန္မာ့ယဥ္ေက်းမႈတိုင္းကိုလည္း ေလ့လာသင္ယူေနေၾကာင္း ေတြ႕ရပါတယ္။ လက္ရွိျမန္မာ့လက္ေဝွ႔ခ်န္ပီယံ ေဒဝရဲ႕ ျမန္မာ့ခံယူမႈ ဓာတ္ပုံေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ မွ်ေဝေပးလိုက္ပါတယ္။

Photos – Dave Leduc
Unicode
မြန်မာနိုင်ငံသားခံယူပြီး မြန်မာ့လက်ဝှေ့ကို ချစ်မြတ်နိုးကာ လက်ရှိချန်ပီယ ံဖြစ်လာသူ ဒေ့ဗ်(ဒေဝ)

လက်ရှိမြန်မာ့ လက်ဝှေ့ရဲ့ ချန်ပီယံနေရာမှာ ရပ်တည်နေတဲ့ ဒေ့ဗ်(ဒေဝ)ကတော့ မြန်မာလူမျိုးတွေ အထင်ကြီးစရာ လုပ်ရက်တစ်ခုကို ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ မြန်မာ့လက်ဝှေ့ရဲ့ ချန်ပီယံ ရာထူးနှင့်အတူ မြန်မာတို့ရဲ့ လေးစားအားထားရတဲ့ သူတစ်ယောက်အဖြင့် နေထိုင်နေပြီး မြန်မာနိုင်ငံသားတစ်ဦးအဖြစ်လည်း ခံယူထားသူတစ်ယောက် ဖြစ်ပါတယ်။

ဒေဝကတော့ မြန်မာနိုင်ငံရဲ့ နာမည်ကြီး ဖိုက်တာတွေဖြစ်တဲ့ အောင်လအန်ဆန်း၊ ဖိုးသော်နှင့် အခြားနိုင်ငံကျော် အနုပညာရှင်များစွာရဲ့ အားပေးမှုများစွာ ကိုလည်း ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ လက်ရှိ မြန်မာ့လက်ဝှေ့သင်တန်းကျောင်းကို “NOMAD” လက်ဝှေ့နာမည်ဖြင့် ဦးစီးဖွင့်လှစ်ထားကြောင်း သိရပါတယ်။

မြန်မာ့ရိုးရာတွေကို စိတ်ဝင်တစားလေ့လာနေပြီး ပရိသတ်ချစ် ကစားသမားတစ်ဦးအဖြစ် ရပ်တည်နိုင်ရန် ကြိုးစားနေကြောင်း သိရပါတယ်။ မြန်မာ့ရိုးရာ ဝတ်စုံကို အမြဲလိုလို ဝတ်ဆင်လာပြီး မြန်မာ့ယဉ်ကျေးမှုတိုင်းကိုလည်း လေ့လာသင်ယူနေကြောင်း တွေ့ရပါတယ်။ လက်ရှိမြန်မာ့လက်ဝှေ့ချန်ပီယံ ဒေဝရဲ့ မြန်မာ့ခံယူမှု ဓာတ်ပုံလေးတွေကို ချစ်ပရိသတ်တွေအတွက် မျှဝေပေးလိုက်ပါတယ်။



Photos – Dave Leduc
No comments:
Post a Comment